ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ စူပါဆန်းဒေးမှာ ဒီစာအုပ်တွေ ဖတ်ရင်း အိမ်တွင်းအောင်းလိုက်ရအောင် ] 

( ၁ )
စာအုပ်အမည် - ခရီးသည်တစ်ယောက်၏ အဆစ်အချိုးတစ်ခု
စာရေးဆရာ - နိုက်
ဖတ်ညွှန်းတို - ဒီစာအုပ်ထဲမှာ ပါတဲ့ စာရေးဆရာ နိုက်ရဲ့ ဆောင်းပါးတိုလေးတွေဟာ စာဖတ်သူကို အတွေးကောင်းကောင်း အတွေးစတွေ ချန်ပေးခဲ့ပါလိမ့်မယ်။ ဥပမာ - ဘဝနဲ့ပတ်သက်တဲ့ ကိုယ့်ရည်မှန်းချက်ကဘာလဲ ၊ ကိုယ်အသက်ရှင်နေတာ ဘာအတွက်လဲ ၊ သေမယ်ဆိုရင် သေလို့ရပြီလား ၊ မြင်တွေ့တိုင်း ကျေနပ်နေတတ်တဲ့ အလုပ်တစ်ခုခု ရှိခဲ့လား ၊ ကိုယ့်ဘဝဟာ ဘယ်လောက်အထိ အောင်မြင်ခဲ့သလဲ .. စတာမျိုးတွေပေါ့။ ခရီးသည်တစ်ယောက်၏ အဆစ်အချိုးတစ်ခု ဆိုတဲ့အတိုင်းပဲ ဘဝခရီးသည်တစ်ဦးဖြစ်တဲ့ စာရေးဆရာ နိုက်ဟာ သူ့ဘဝရဲ့ အဆစ်အချိုးများစွာထဲက ရရှိလာတဲ့ အတွေးစတွေကို စာဖတ်သူဆီ ပို့ဆောင်ပေးထားပါတယ်။ 

ရိုးရိုးရှင်းရှင်း အကြောင်းအရာများကို ရိုးရိုးတွေး ရိုးရိုးရေးထားတဲ့ ဒီစာအုပ်ဟာ ရိုးသလိုလိုနဲ့ ဆန်းနေပါတယ်။ ဘာလို့ ဆန်းသတုန်း ဆိုတာကတော့ ဝန်ဇင်းစာချစ်သူများ ဖတ်သာကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။ ဖတ်မယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* တည်းနဲ့ ရယူနိုင်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၂ ) 
စာအုပ်အမည် - လက်ဝဲရစ်ရာသီ
စာရေးဆရာ - ဗျူး 
စာမြည်း	

ဒီသတင်းဆိုးက ဒေါ်ချစ်မြအတွက် တုန်လှုပ်ချောက်ချားစရာ သတင်းဆိုးပဲ။ လောကကြီးထဲမှာ ဆယ်ပြားလို သားတစ်ယောက်နဲ့ ခိုကိုးရာမဲ့စွာ ကျန်ရစ်ခဲ့ပြီဆိုတဲ့အသိက ဒေါ်ချစ်မြကို မျက်ရည် မဆည်နိုင်ခဲ့ဘူး။ 
ဆယ်ပြားကတော့ ငိုကြွေးနေတဲ့ အမေ့ကိုတစ်လှည့် ရပ်ကွက်ထဲကလူတွေ သူတို့တဲအိမ်လေးပေါ် စုရုံးရောက်နေတာကိုတစ်လှည့် ကြည့်ရင်း ငြိမ်ငြိမ်ကလေး ထိုင်နေတယ်။ ဆေးရုံမှာ ဝိညာဉ် ကင်းမဲ့နေတဲ့ဖခင် သူ့ဆီဘယ်တော့မှ ပြန်မလာတာကို နားလည်ခံစားတတ်ပုံလည်း မရဘူး။
“ဆယ်ပြား ငိုလေကွာ၊ အဲဒါ မင်းအဖေသေသွားတာကွ ငိုစမ်း”
ဆယ်ပြားအဖေရဲ့ ဆိုက်ကားနင်းဘက် ဦးပြားကြီးက အားမလိုအားမရနဲ့ ဆယ်ပြားပခုံးကို ပုတ်ပြီး ပြောတယ်။ ဆယ်ပြား မျက်လုံးကြောင်ကြောင်လေးနဲ့ မော့ကြည့်ရင်း
“ဟုတ် ဟုတ်ကဲ့ အဲ ဟို ဘယ်လိုငိုရမှာလဲဟင်၊ ဒွေးလိုငိုရမှာလား၊ နေတိုးလို ငိုရမှာလားဗျ”
“ဟာ ဒုက္ခပါပဲကွာ ငို ငို၊ ကြိုက်သလိုငို”
“အဖေ အဖေရေ အီး ဟီး ရီး အဲဒါက ဒွေးစတိုင်၊ ခုကြည့် နေတိုးလို ငိုပြမယ်ဗျ၊ အ အဖေ အဖေရဲ့ ဟီး အီး”
ဆယ်ပြား ဒူးကလေးတုပ်ပြီး မျက်နှာကြီးရှုံ့မဲ့ ငိုပြနေတာကြည့်ပြီး အားလုံးရယ်ရအခက် ငိုရအခက် ဖြစ်ကုန်ရော။
ဆယ်ပြားကတော့ ဘာဆိုဘာမှ မသိ။ အပူအပင် ကင်းနေတယ်။ မိခင်ဖြစ်သူမှာသာ သားကို ကြည့်ပြီး မျက်ရည်တွေ တပေါက်ပေါက်ကျပြီး ဆွေးမြည့်ခံစားလို့။
ရပ်ကွက်လူကြီးတွေကလည်း ကျန်ရစ်ခဲ့ရှာတဲ့ သားအမိကိုကြည့်ရင်း စိတ်မောနဲ့ ပင့်သက်တွေ ရှိုက်ရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။
ကိုဘသော် အလောင်းမြေချပြီး ရက်လည်ကိစ္စ အဝဝကိုလည်း ရပ်ကွက်ထဲက စုပေါင်းပြီး စီမံ ပေးကြတယ်။ ဆယ်ပြားကတော့ တကယ့်ကလေး တစ်ယောက်လိုပါပဲ။ 
ဘာခံစားချက်မှ မရှိဘူး။ သူ့အသိစိတ်က ကလေးတစ်ယောက်လောက်တောင် တွေးခေါ်နိုင် စွမ်းမှ မရှိဘဲကိုး။
ရပ်ကွက်လူကြီးတွေက အဖေမဲ့ဆယ်ပြားတို့ သားအမိနှစ်ယောက် ဘဝရှေ့ရေးကိုတွေးပြီး ဆယ်ပြားကို ဝိုင်းဝန်းသွန်သင်ကြတယ်။ ရပ်ကွက်လူကြီး ဦးသောင်းစံက ဆယ်ပြားကို အတတ်နိုင်ဆုံး နားလည်အောင် ပြောပြချော့မော့ကြည့်တယ်။
“ဆယ်ပြား မင်းအသက် မငယ်တော့ဘူး၊ မင်းအဖေ မရှိတော့ဘူးဆိုတော့ မင်းတို့သားအမိ ဝမ်းရေးအတွက် အလုပ်လုပ်ရမယ်၊ ငွေရှာရမယ်ကွ”
“အဖေမရှိရင် အလုပ်လုပ်ရမယ် ဟုတ်လား၊ ဦးလေး သောင်းစံ”
“ဒါပေါ့ကွ၊ ဒါမှ ထမင်းစားလို့ ရမှာပေါ့”
ဦးသောင်းစံစကားကို ဆယ်ပြား မျက်ခုံး နက်နက်ကြီးတွေကုပ်ပြီး စဉ်းစားတယ်။ ပြီးမှ နား မလည်သလို ထပ်မေးတယ်။
“အဖေရှိမှ ထမင်းစားရမှာဆိုရင် ဦးလေးသောင်းစံ ကျွန်တော့် အဖေလုပ်ဗျာ”
“ဟာ ဒီကောင် ပေါက်တတ်ကရ”
အားလုံး ဆယ်ပြားစကားကို ဝိုင်းရယ်မောလိုက်ကြတယ်။ ဦးသောင်းစံကတော့ မျက်နှာကြီး ရဲရဲနီပြီး ဘာပြောရမှန်းမသိအောင် ခေါင်းကြီးငုံ့လို့ ရှက်နေရှာတယ်။
“ဘာရယ်တာလဲဗျ၊ အဖေရှိမှ ထမင်းစားရမယ်ဆို”
“ဟား ဟား တော်ပါတော့ ဆယ်ပြားရယ်၊ မင်းကတော့ တကယ့်ကောင်ပဲ မလွယ်ပါလား”
အဖေမရှိတော့တဲ့ နောက်ပိုင်းမှာ ဆယ်ပြားတို့သားအမိ ဝမ်းရေးအတွက် ဒေါ်ချစ်မြရဲ့ တာဝန် ဖြစ်လာတယ်။ သားဖြစ်တဲ့သူက အရွယ်ရောက်နေပေမယ့် အားကိုးလောက်တဲ့သူ မဟုတ်တော့ ဒေါ်ချစ်မြ ဈေးဗန်းရွက်ရတယ်။
ကုန်စိမ်းဗန်းလေးရွက်ပြီး ရပ်ကွက်တကာ လှည့်ရောင်းတယ်။ ဆယ်ပြားကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး။ သူနဲ့ကစားဘက်တွေ ကျောင်းတက်ကုန်တော့ ရပ်ကွက်ထဲက နောက်ထပ် အရွယ်ရောက် ကလေးတွေနဲ့ ကစားကောင်းတုန်း။ …. 
။    ။ ဆယ်ပြား … ဆယ်ပြား …. ဒီဝတ္ထုထဲက ဆယ်ပြားဆိုတဲ့ ကောင်လေးဟာ ဝန်ဇင်းစာချစ်သူတို့ရဲ့ ရင်ထဲကို ဘယ်လောက်ထိ နေရာယူသွားမလဲ ၊ အချစ်ဝတ္ထုတွေ ဖတ်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်လေး ဖြစ်သွားမယ့် ခုလို ဝတ္ထုမျိုးကို တစ်လှည့် ဖတ်ကြည့်ပါဦးလို့ ညွှန်းလိုက်ပါရစေ။ 

ဖတ်မယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းနဲ့ ရယူနိုင်ပြီခင်ဗျ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 






Related Posts