ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“လက်မှမချချင်အောင် ဝတ္ထုအဆုံးထိ ဆွဲခေါ်သွားမယ့် စာအုပ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့အတွက် စာချစ်သူများ ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “ပေးဆပ်နေမှာ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုကို စတင်ဖတ်ရှုလိုက်တာနဲ့ လက်မှမချချင်အောင် စာဖတ်သူကို ဝတ္ထုအဆုံးထိ ဆွဲခေါ်သွားလိမ့်မယ်ဆိုတာ အသေအချာပါပဲ။

[ “ဒီအိမ်က ကလေးမက ကျွန်မတို့သားကို ဆံပင်ဆွဲပြီး ပါးရိုက်လွှတ်လိုက်တယ်ဆိုလို့ လိုက်လာတာ၊ ဘယ်သူလဲ၊ သူလား”
“အဲဒါတော့ မသိဘူး၊ ဒီမှာ ကျွန်မသားကို ရှင့်သား အာကာမင်း လုပ်လိုက်တာ လက်ကျိုး သွားလို့ ခုပဲ ကျောက်ပတ်တီးစည်းပြီး ပြန်လာတာ၊ လက်ကျိုးအောင် လုပ်လွှတ်လိုက်ပြီးတာတောင် ရှင်တို့က လာတိုင်စရာ ရှိနေသေးတယ်နော်”
“ဒါ ကလေးတွေကစားရင်း မတော်တဆ ချော်လဲတာပဲ မဟုတ်လား”
တုတုက ဒေါပွပွနှင့် …
“ဘယ်က ဟုတ်ရမှာလဲ အန်တီ၊ အာကာမင်းက သူ့ကိုယ်ကြီးနဲ့ တမင်တိုက်လှဲပစ်တာ”
“အမယ်လေး စွာလိုက်တာ၊ လဲ … လဲပါစေဦး၊ ညည်းက ဘာမို့လို့ အာကာမင်းကို ဆံပင် ဆွဲပါးရိုက်ရတာလဲ”
“ကျွန်မ မောင်လေးကိုလုပ်လို့ ကျွန်မ ပြန်လုပ်တာ”
“အောင်မာ … အောင်မာ၊ နင်က ဘာမို့လို့လဲ၊ နင်က ဒီက အိမ်ဖော်မဟုတ်လား၊ အောက်တန်းစားဆိုတော့ ကလေးချင်းတောင် ပါးရိုက်တတ်တာပေါ့လေ”
“ကျွန်မ ပါးရိုက်တာ မဟုတ်ဘူး၊ မီရာ လှမ်းရိုက်လိုက်တာ သူ့ပါးကို ထိသွားတာ၊ ဘာမှ မနာပါဘူး၊ မောင်လေး လက်ကျိုးသွားတာနဲ့ နှိုင်းလို့တောင် မရဘူး”
“အမယ်လေးနော် … သခင် အားရအောင် ကျွန်ပါးဝနေလိုက်တာ၊ လူလေးက လက်တောက်နဲ့၊ ငါးစိမ်းသည်ကျနေတာပဲ မိုက်ရိုင်းလိုက်တာ”
“ဒါ အိမ်ဖော် မဟုတ်ဘူး၊ ကျွန်မ မွေးစားသမီး၊ ရှင်တို့ တော်ပါတော့၊ ပြန်တော့”
မေမေ့အသံက ဒေါမာန်ပါပါ တုန်ခါနေပါသည်။ ] 

တွေ့နေကျ ကျောင်းသားလူငယ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ သံယောဇဉ်မေတ္တာပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ ဇာတ်အိမ်ကို မြင်တွေ့ရမှာဖြစ်ပြီး ဝတ္ထုဇာတ်လမ်းတစ်ပုဒ်လုံးက စာဖတ်သူတို့ရင်ထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားပါလိမ့်မယ်။ 

တစ်အူတုံဆင်းမွေးဖွားခဲ့တာ မဟုတ်ပေမဲ့ မောင်လေးဖြစ်တဲ့ မင်းသိက္ခာကို သိပ်ချစ်ရတဲ့ အစ်မ ‘တုတု’ ။ ကိုယ့်ကို သိပ်ချစ်၊ သိပ်အလိုလိုက်မှန်းသိလို့ အစ်မအပေါ် ခပ်ဆိုးဆိုးလေး နေထိုင်တတ်တဲ့ ‘ခါခါ’ ( မင်းသိက္ခာ ) … သူတို့နှစ်ဦးကြားက သံယောဇဉ် မေတ္တာအကြောင်းကို ငယ်စဉ် ကလေးဘဝကစပြီး ခါခါတစ်ယောက် ရုပ်ရှင်သရုပ်ဆောင်အဖြစ် အနုပညာလောကထဲ ရောက်ရှိသွားချိန်ထိ တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်လမ်းကို ရေးဖွဲ့ပြသွားပုံက ပိတ်ကားထက် ရုပ်ရှင်ကြည့်ရသလို တစ်ခန်းပြီးတစ်ခန်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ 

ဒီတော့ ဒီဝတ္ထုထဲမှာ ဘယ်လိုဇာတ်လမ်းဇာတ်ဆောင်မျိုးကို ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts