ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ကဗျာဝါသနာရှင်များ၊ ကဗျာရေသားနေသူများ မလွတ်တမ်း ဖတ်ရှုသင့်သည့် စာအုပ်တစ်အုပ်နှင့် သိုင်းဝတ္ထုချစ်သူများအတွက် ‘သိုင်းလောက၏ စိန်ခေါ်သံ’ စာအုပ် ဆက်လက် ထွက်ရှိ ]

စာချစ်သူများ မင်္ဂလာပါခင်ဗျ … 

ဒီနေ့ကတော့ ကဗျာသမားတွေနဲ့ သိုင်းဝတ္ထုချစ်သူတွေအဖို့ နေ့ကောင်းလေးပါပဲ။ ဘာလို့လဲဆိုတော့ ရှင်းပါတယ်ဗျာ။ ဝန်ဇင်းကနေ ကဗျာစာအုပ်နဲ့ သိုင်းစာအုပ် ထွက်လာလို့ပဲပေါ့ခင်ဗျ။ ဘာလို့နေ့ကောင်း ဖြစ်သလဲ ဆိုတာကတော့ - 

၁။ ကဗျာစာအုပ်က သာမန်ဖတ်ပြီး ခံစားရုံ ခံစားလို့ရတဲ့ ကဗျာစာအုပ်မဟုတ်ဘူး။ ဖတ်နေတဲ့ စာအုပ်ထဲကနေ ကဗျာအရေးအသားဆိုင်ရာ နည်းစနစ်နဲ့ အတွေးအခေါ် တစ်စုံတစ်ရာကို ရရှိသွားနိုင်လို့ပဲ ဖြစ်တယ်။ 

၂။ သိုင်းစာအုပ်ကတော့ ( ဆရာ ) တက္ကသိုလ်နေလင်းအောင်ရဲ့ “သိုင်းလောက၏ စိန်ခေါ်သံ” စာစဉ် ( ၇ ) ဖြစ်တာမို့ မနေ့ကထွက်ခဲ့တဲ့ စာစဉ် ( ၆ ) ဖတ်ပြီးသူတွေအတွက် ရက်စောင့်စရာမလိုပဲ တစ်ဆက်တည်း ဆက်ပြီးဖတ်သွားလို့ ရတယ်။ 

ဒီအချက်တွေအကြောင့် ဒီနေ့ဟာ စာချစ်သူတွေဖို့ နေ့ကောင်းလေးလို့ ဆိုလိုက်ရတာပေါ့ခင်ဗျာ။ ကဲ … စာအုပ်တွေအကြောင်း နည်းနည်းပါးပါး မိတ်ဆက်ပါရစေ။ 

#ရွေးချယ်စရာ နံပါတ် ၁ >>> ပထမစာအုပ်ကတော့ ‘တာ့လျန်ကလာတဲ့ဖုန်း’ ဆိုတဲ့ ကဗျာစာအုပ်၊ မူရင်းရေးသားသူက ‘ဟန်တောင်’ ( Han Dong ) ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ‘A Phone Call From Dalian’ ကို ဘာသာပြန်ဆိုထားတာပါ။ သူဟာ ၁၉၈၀ မှာ စာပေလောကထဲ ဝင်ရောက်ခဲ့တယ်၊ ၁၉၉၀ ပြည့်နှစ်ကာလတွေကစလို့ တရုတ်စာပေလောကရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်။ သူ့ကို အက်ဆေးဆရာ၊ ဝတ္ထုတိုဆရာ၊ ဝတ္ထုရှည်နဲ့ ဘလော့ဂါအဖြစ်လည်း လူသိများကြပါတယ်။ ဟန်တောင်ကတော့ သူ့ရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ခုလိုပြောဆိုခဲ့ဖူးတယ်။

“ကျွန်တော် ကဗျာရေးတာဟာ ကဗျာရဲ့ ဖွဲ့စည်းတည်ဆောက်မှုအတွက် ရေးတာပဲဖြစ်ပါတယ်။ အုတ်ကျွတ်မိုးသူဟာ သူမိုးတဲ့အိမ်မှာ ဘယ်သူနေနေ သူစိတ်မဝင်စားဘဲ သူ့အလုပ်ဖြစ်တဲ့ အုပ်ကျွတ်မိုးခြင်းကို ပြုလုပ်တာပဲ ဖြစ်ပါတယ်။ အိမ်တစ်လုံးရဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လုပ်တာပဲ ဖြစ်ပါတယ်။ ကဗျာဟာ ကဗျာအလုပ်ကလွဲလို့ အခြား ဘယ်အရာရဲ့ ပြဋ္ဌာန်းခံလုံးဝ မဟုတ်ပါဘူး။ ကဗျာရဲ့ ရည်ရွယ်ချက်ဟာ ဘာရည်ရွယ်ချက်မှ မထားရှိဖို့ပဲ ဖြစ်ပါတယ်” 

သူ့ရဲ့ ကဗျာစာအုပ်ကို ‘တာ့လျန်ကလာတဲ့ဖုန်း’ အဖြစ် ဘာသာပြန် တင်ပြထားသူကတော့ အခြားသူမဟုတ်ပါဘူး၊ မျက်မှောက်ခေတ် ကဗျာလောကရဲ့ ဆရာတစ်ဦးလို့ ဆိုရမယ့်၊ ကဗျာဆရာနှင့် ကဗျာဗေဒပညာရှင် ( ဆရာ ) ဇေယျာလင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ ဘာသာပြန်ဆိုသူ ကိုယ်တိုင်က ကဗျာဆရာတစ်ဦးဖြစ်တဲ့အပြင် ကဗျာဗေဒဆိုင်ရာ သဘောတရား၊ ဝေဖန်ရေးနဲ့ ရှုမြင်သုံးသပ်ချက်တွေကို ရေးသားလေ့ရှိသူမို့ ဒီစာအုပ်ငယ်လေးဟာ သိပ်ကောင်းနေမယ်ဆိုတာကို အထူးပြောစရာ လိုမယ်မထင်ပါဘူး။ 

ဒါကြောင့် … ဒီစာအုပ်ဟာ လက်ရှိမှာလည်း ကိုယ်ပိုင်အနုပညာ ကဗျာကို ဖန်တီးထုတ်လုပ်နေသူတွေနဲ့ ကဗျာဝါသနာရှင်တွေအပြင် ကဗျာ ( Poem ) ဆိုတာကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းပဲ ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါရစေ။ ဖတ်မယ်ဆိုရင်လည်း ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

#ရွေးချယ်စရာ နံပါတ် ၂ >>> ဒီနေ့အတွက် ဝန်ဇင်းကနေ ထွက်ရှိလာတဲ့ ဒုတိယစာအုပ်ကတော့ သိုင်းဝတ္ထုချစ်သူများအတွက် လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်း - ‘သိုင်းလောက၏ စိန်ခေါ်သံ’ ဆိုတဲ့ သိုင်းဝတ္ထုရှည်ကြီး၊ စာစဉ် ( ၇ ) ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာစဉ်မှာတော့ လင့်ဟူချုံးတစ်ယောက် နားမလည်ခြင်းများစွာနဲ့ သိုင်းလောကကို ဖြတ်သန်းရမယ့် အခန်းတွေပဲ ဖြစ်ပါတယ်။ သူ မသိခဲ့၊ မမြင်ခဲ့၊ မကြားဖူးခဲ့တဲ့ သိုင်းပညာရှင်တွေက သူ့ကို လာရောက်ပတ်သက်ကြတဲ့ အခါမှာတော့ နောက်ကွယ်မှာ ဘာရှိနေမလဲ ?

[ “ဘာ … လင့် … လင့် … လင့်ဟူချုံး ဟုတ်လား” 
လင့်ဟူချုံးက “ဟုတ်ပါတယ် ကျုပ်က လင့်ဟူချုံးပါ။ … အင်း … ခင်ဗျားတို့ မျက်နှာတွေ ကြည့်ရတာ ခင်ဗျားတို့လည်း ကျုပ်ရဲ့ သူငယ်ချင်းနဲ့ သိကြပြန်ပြီ ထင်တယ်”
လင့်ဟူချုံးမှာ လမ်းခရီးတစ်လျှောက်လုံး သူတစ်သက်လုံး လုံးဝမတွေ့ခဲ့ဖူးသော လူထူးဆန်း သိုင်းပညာရှင်ကြီးများက သူ့အား လေးလေးစားစား ဆက်ဆံနေကြသည်မှာ သူ့သူငယ်ချင်းတစ်ယောက်ကြောင့်ဖြစ်ကြောင်း သူတို့၏ စကားများအရ သိရှိခဲ့ရသည်။ သို့သော် ထိုသူငယ်ချင်း မည်သူဖြစ်သူ ဆိုသည်ကိုမူ ယခုအချိန်အထိ ဦးနှောက်ခြောက်မတတ် စဉ်းစားနေသော်လည်း တစ်ကြိမ်မျှ စဉ်းစားမရခဲ့ပေ။ သူ့သူငယ်ချင်းများထဲတွင် ဤမျှ အရှိန်အဝါကြီးမားသူ တစ်ယောက်မျှ မရှိခဲ့ပေ။ သူ့ငယ်ပေါင်း သူငယ်ချင်းတစ်ယောက် ဤသို့ လျှမ်းလျှမ်းတောက် ကျော်ကြား ထင်ရှားသူတစ်ယောက် ဖြစ်သွားသည်ကိုလည်း တစ်ကြိမ်မျှ မကြားမိခဲ့ပေ။ ]

ကဲ … ဘယ်လို ဇာတ်လမ်းတွေကို ဆက်လက်ဖတ်ရှုရမလဲ သိရအောင် ဒီစာအုပ်ကိုလည်း ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဝန်ဇင်းမှာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုကြဖို့ မမေ့ပါနဲ့ဦး။  

…….

ခုလို ရသဝတ္ထုကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့ ဦးနှောက်စားစရာ ရှားလော့ဟုမ်းပဟေဠိတွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။
 
ဝန်ဇင်းသတင်းစကား ။       ။ ဝန်ဇင်း၏ ယနေ့ထွက်စာအုပ်အညွှန်းကဏ္ဍကို နေ့စဉ် ည ( ၈ ) နာရီအချိန်တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 

…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

…….

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 





Related Posts