ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ... 

ဒီနေ့မှာ ဝန်ဇင်းစာချစ်ပရိသတ်ကြီးကို ၁၉၈၄ ခုနှစ်ဝန်းကျင်က ဟောင်ကောင်မြို့ကြီးကို အလည်အပတ် ခေါ်ဆောင်သွားမယ့်အရာနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒါကတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ထွက်ရှိလာတဲ့ "ဟောင်ကောင်နွေဦးညများ" ဆိုတဲ့ ခရီးသွားစာပေဆိုင်ရာ စာအုပ်ပါပဲ။ 

ကလေးတွေအတွက် ဗဟုသုတများစွာ စုစည်းထားတဲ့ 'သုတရတနာသိုက်' စာအုပ် ၁၀ တွဲကို ဟောင်ကောင်မြို့ တိုင်းလိုက်ဖ်စာအုပ်ကုမ္ပဏီနဲ့ ပူးတွဲပုံနှိပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး ၁၉၈၄၊ ဇွန်လအတွင်းက ဟောင်ကောင်ကို တက္ကသိုလ်များ  ပုံနှိပ်တိုက်မန်နေဂျာ ဦးစိုးမြင့်နဲ့အတူ သွားရောက်ခဲ့တဲ့ တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေး ဋ္ဌာနမှစာတည်းမှူး၊ ဘာသာပြန်နဲ့ ပင်ကိုယ်ရေး စာရေးဆရာကြီး ဆရာကျော်အောင်က ရေးသားထားတာပါ။ 

"ဤ ခရီးသွားမှတ်တမ်းသည် အဓိကအားဖြင့် ကျွန်တော် ကျင်လည်ခဲ့သည့် ဟောင်ကောင်ညများကို အရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော် ကြုံခဲ့ရသည့် ဟောင်ကောင်ညများမှာ ရင်ခုန်စရာမကောင်းပါ။ ပျော်စရာ မကောင်းပါ။ လူခြေတိတ်ချိန်တွင် တက္ကစီဒရိုင်ဘာ ဓားထောက် လုသွားမည်လား။ အလစ်သုတ်သွားမည်လား။ ပြန်ပေးဆွဲသွားမည်လား။ အရက်မူးသမား ဘိန်းဖြူသမားများက ရန်မူလေမည်လား ဟူ၍ တထိတ်ထိတ် ကူးသန်းသွားလာရသည့်ညများ ဖြစ်ပါသည် " ( ဆရာကျော်အောင်၏ အမှာစာမှ ... )

မူလက ကျွန်းလေးတစ်ကျွန်းသာဖြစ်တဲ့ ဟောင်ကောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ခန့်မှာ အလွန်စည်ကားပြီး မြို့သစ်တိုးချဲ့မှုတွေနဲ့အတူ စက်မှုသံဆူညံနေတယ်၊ အာရှတိုက်ရဲ့ 'ဈေးမြို့တော်' လို့သတ်မှတ်ခံရသလို လူမျိုးစုံရောထွေးနေတဲ့ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်တဲ့အလျောက် စီးပွားရေးနဲ့ ယဉ်ကျေးမှုဟာ အမျိုးသားပိုင်ဆိုင်မှု အမှတ်လက္ခဏာကနေ ရွေ့လျောကျဆင်းနေတဲ့ အခြေအနေလည်း ဖြစ်တယ်။ 

''ဟောင်ကောင်လို လူမျိုးစုံရောနေသည့်မြို့ပြတွင် သိမ်မွေ့နက်နဲသည့် တရုတ်ရိုးရာယဉ်ကျေးမှု အစွမ်းကုန်မဖွံ့ဖြိုးနိုင်။ ယဉ်ကျေးမှုဒီရေသည် တိုး၍မလာ။ တန့်၍သာနေသည်။ တန့်ရာမှ တိမ်ကောသွားမှာစိုးရသည်။နေ့စဉ်သုံးစွဲသည့် စကားထဲတွင် တရုတ်ပေါရာဏတွေ ကွယ်ပျောက်လာသည်။အလင်္ကာစကားတွေ တိမ်ကောလာသည်။ အနုပညာယဉ်ကျေးမှု စတင်ထွန်းကားရာ ဇာတိရေမြေနှင့် ဝေးလာသည့်အခါ တိုးတက်ဖွံ့ဖြိုးမှု၌ နှောင့်နှေးလာသည်" ( စာအုပ်မှ ... ) 

ပုံနှိပ်ထုတ်ဝေရေးနဲ့ပတ်သက်ပြီး ဟောင်ကောင်ကို တစ်လခန့်သွားရောက်ခဲ့တဲ့ ဆရာကျော်အောင်က သူမျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဟောင်ကောင်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတွေအပြင် ဆက်စပ်တဲ့ သမိုင်းအဖုံဖုံကို သင့်ရာကဏ္ဍအလိုက် ထည့်သွင်းပြောပြပြီး ခပ်သွက်သွက် ရေးသားထားတယ်။ ဒါကြောင့် ယခုစာအုပ်ကို ဖတ်ရှုရတဲ့ စာဖတ်သူအနေနဲ့ တစ်ချိန်က ဟောင်ကောင်ရဲ့ အငွေ့အသက်နဲ့ မြင်ကွင်းတွေကို စိတ်အာရုံထဲ ပီပီပြင်ပြင် သိမြင်လာမယ်ဆိုတာ အသေအချာပါပဲ။ 

ကဲ ... ဝန်ဇင်းစာချစ်သူများခင်ဗျား၊ လက်ရှိ ဟောင်ကောင်ရဲ့ အတိတ်ပုံရိပ်တွေကြားထဲ တိုးဝင်လျှောက်သွားလိုတယ် ဆိုရင်ဖြင့်  ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်ကို ဝယ်ယူ ဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ် ...။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 










Related Posts