ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ဝန်ဇင်းရဲ့ ဝတ္ထုချစ်ပရိသတ်ကြီးအတွက် ‘လွန်းထားထား’ အမည်ဖြင့် ဇာတ်ကောင်ပါဝင်သော စာရေးဆရာမ လမင်းမိုမို၏ ဝတ္ထုတစ်ပုဒ်နှင့် အတွေးအမြင် ဒဿနစာအုပ်ကောင်းတစ်အုပ် ] 

………….

မင်္ဂလာပါဗျို့ …. ဒီနေ့အတွက် ဝန်ဇင်းစာချစ် ပရိသတ်ကြီး ဖတ်ရှုစရာ စာအုပ်နှစ်အုပ်ကတော့ ဝန်ဇင်းမှ ထွက်ရှိလာပြီပေါ့ဗျာ။ ဒီစာအုပ်တွေကို စာချစ်သူတို့ စိတ်ဝင်စားမိမယ်ဆိုတာ အသေအချာပါပဲ။

ပထမ ဖတ်ရှုရန် စာအုပ် >>> မေ့ထားလိုက်ပါ့မယ်

စာရေးဆရာမ >>> လမင်းမိုမို 

ဖတ်ညွှန်းတို - ဇာတ်ရှိန်ရှိန်မြင့်မြင့်နဲ့ ဖတ်ရှုသွားရမယ့် ဒီဝတ္ထုဟာ ဝန်ဇင်းစာချစ်သူများအတွက် ရသခံစားမှု၊ တစ်စုံတစ်ရာ စိတ်ကျေနပ်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ ရှေးကျကျ မြန်မာဆန်ဆန် သိမ်မွေ့လှတဲ့ မိသားစုမှာ ပေါက်ဖွားလာတဲ့ ‘လွန်း’ ဆိုသော ကောင်မလေး၊ ( သူမရဲ့ နာမည် အပြည့်အစုံက - လွန်းထားထား ) သူမဟာ ရှေးရိုးစွဲ မိရိုးဖလာ မိသားစုတွင်းမှ ကြီးပြင်းလာပေမဲ့ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ‘တစ်လီ’ ကတော့ ခေတ်ဆန်ဆန် ကောင်မလေး။ သူမနဲ့ ဆက်စပ်ပြီးတော့ ‘လွန်း´ရဲ့ ဘဝထဲ ဝင်လာတာက ‘အင်ဒရူး’ ဆိုတဲ့ ယောက်ျားပျိုတစ်ယောက်။ 

[ “သူ့ဘက်က စိတ်သဘောထား စာရိတ္တတွေကို ထည့်မတွက်ဘဲ အရမ်းပြည့်စုံတယ်ထား၊ သဘာဝ လုံးဝမတူတဲ့ လူနှစ်ယောက် ဘယ်လိုမှ စိတ်မချမ်းသာရဘူး ညီမလေး၊ မေမေတို့လည်း ဖျက်ကြမယ်၊ ကိုကိုတို့မိသားစုက မြန်မာဆန်တယ်၊ သူက ဗိုလ်ဆန်မယ်၊ ဘာမှ မဖြစ်ကြသေးမှန်း သိလို့ ကိုကိုက ကြိုပြီး တားတာ၊ မေမေတို့ကလည်း စိတ်ပူလို့ပြောတာ၊ ခေါင်းထဲက အားလုံးထုတ်လိုက်တော့”

“ဟုတ်ကဲ့”

လွန်းကမျက်ရည်တွေကို သုတ်သည်။ 

“လွန်းဟာ လွန်းနဲ့ ရွယ်တူ မိန်းကလေးတွေထဲမှာတော့ ကံအဆိုးဆုံးပဲ ထင်တယ်၊ လွန်း ကျောင်းလည်း မတက်ရဘူး။ မလုပ်ချင်တဲ့အလုပ်လည်း လုပ်နေရတယ်။ ပြီးတော့ မေမေတို့ ဖန်တီးပုံသွင်းထားတဲ့ ပုံအတိုင်း နေရတယ်။ ဆံပင်တောင်မှ စည်းချင်တာတောင် စည်းလို့မရဘူး၊ ဆံပင် တိုတိုရှည်ရှည် လွန်းရင်ထဲက စိတ်ဟာ ဒီစိတ်ပါပဲ။ ဆံပင်ရှည်လို့ လွန်းစိတ်ပြောင်းပြီး အပျိုကြီးလုပ်မယ်လို့ ဘယ်သူပြောလဲ၊ လွန်းမှာ လွန်းဆန္ဒ လွန်းစိတ်ကူးဆိုတာ ဘာတစ်ခုမှာမှ ရှိခွင့်မရပါဘူး” ]

ကဲ … ဒီလောက် စာအမြည်းနဲ့ဆိုရင် ဝတ္ထုချစ်ပရိသတ်တွေ အနေနဲ့ ဒီဝတ္ထုလေးကို အနည်းငယ် ရိပ်မိလောက်ပါပြီ။ ဒီတော့ ဝတ္ထုထဲမှာ ဘယ်လိုဇာတ်လမ်းမျိုးကို မြင်တွေ့ရမလဲ၊ စာဖတ်သူ ထင်ထားသလိုမှ ဟုတ်ပမလား … ‘လွန်းထားထား’ ဆိုတဲ့ ဇာတ်ကောင်က စာဖတ်သူတို့အတွက် စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့် စာဖတ်သူတို့ ဖတ်ရှုနိုင်ဖို့ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

ဒုတိယစာအုပ် >>> ဈေးခေါင်းဘဝဒဿန ( ၁ ) 

စာရေးသူ >>> မင်းဣန္ဒြ စိတ္တ

ဖတ်ညွှန်းတို - စာရေးဆရာ မင်းဣန္ဒြ စိတ္တကိုတော့ ဝန်ဇင်းစာချစ်သူများအနေဖြင့် အနည်းငယ် စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီစာအုပ်လေးကို ဖတ်လိုက်ပြီးချိန်မှာတော့ စာရေးသူဟာ အကြောင်းအရာတစ်ခုကို စာပေအသွင် ဖန်တီးရာမှာ ရေးအားသွက်လက်ပြီး ပုံပေါ်အောင် ရေးနိုင်စွမ်းရှိတဲ့အပြင် စာရေးအသားကောင်းတယ်ဆိုတာကိုပါ အသိအမှတ်ပြုရပါလိမ့်မယ်။ 

တကယ်တော့ စာရေးသူဟာ ဝါသနာအရ စာပေရေးသားနေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတစ်ဦး၊ ဈေးတာဝန်ခံတစ်ဦးပဲ ဖြစ်ပါတယ်။ စာအုပ်မည်နဲ့ လိုက်ဖက်စွာပဲ၊ စာရေးသူဟာ ဈေးတာဝန်ခံတစ်ဦးအနေနဲ့ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို ရှုထောင့်သစ်ကကြည့်ပြီး အတွေးအမြင်ကောင်းကောင်းနဲ့ တင်ပြထားတယ်။ 

ဈေးသည်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတရားတွေ၊ ဈေးတာဝန်ခံရဲ့ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ ဈေးသည်နဲ့ ဈေးဝယ်အကြား၊ ဈေးသည်နဲ့ ဈေးတာဝန်ခံတို့အကြား ဖြစ်ပေါ်တွေ့ကြုံ ရင်ဆိုင်ရလေ့ရှိတဲ့ အရှိတရားကို စာပေအသွင်နဲ့ ပုံဖော်ရေးသားထားမှုများကို ဒီစာအုပ်ထဲမှာ သုတ၊ ရသ၊ အတွေးအမြင် စုံလင်စွာဖြင့် ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဝန်ဇင်းစာချစ်သူတို့လည်း စိတ်ဝင်စားတယ်ဆိုရင် ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်လို့ တိုက်တွန်းလိုက်ပါရစေ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts