ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဒီနေ့၊ တနင်္လာနေ့လေးကို သိုင်းလောက၏ စိန်ခေါ်သံ - စာစဉ်သစ်၊ ပြီးတော့ ဝတ္ထုတိုစာအုပ်နဲ့ စလိုက်ရအောင်”	

………….

ဝန်ဇင်းစာချစ်ပရိသတ်ကြီးအနေနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ဝန်ဇင်း page မှာ မိတ်ဆက်ခဲ့တဲ့ စာအုပ်တွေနဲ့ ဝန်ဇင်း app ရဲ့ Digest ကဏ္ဍထဲမှာ တင်ဆက်ခဲ့တဲ့ အယ်ဒီတာစိတ်ကြိုက်စာအုပ်များ စာအုပ်တွေထဲက နှစ်သက်ရာ စာအုပ်တွေကို ဖတ်ခဲ့ကြပြီးပြီပေါ့ ? ဒါဆိုရင် ဒီနေ့၊ တနင်္လာနေ့လေးမှာ ဆက်လက် တင်ဆက်လိုက်တဲ့ စာအုပ်တွေကိုလည်း အားပေးဖို့ မမေ့ပါနဲ့ဦး။ ပထမ စာအုပ်ကတော့ သိုင်းစာစဉ်ချစ်သူတွေအတွက် လက်လွှတ်မခံစရာပါပဲ။

ပထမ ဖတ်ဖို့ စာအုပ် >>> သိုင်းလောက၏ စိန်ခေါ်သံ 
စာစဉ်အမှတ် >>> စာစဉ် ( ၁၂ ) 

ဖတ်ညွှန်းတို - ကဲ၊ ဇာတ်သိမ်းခန်းနဲ့ နီးကပ်လာလေ သိုင်းလောက အရှုပ်အရှင်းတွေကလည်း တစ်ဖက်မှာ တဖြည်းဖြည်းနဲ့ ရှင်းလာသလို ကျန်တစ်ဖက်မှာလည်း တစ်စထက်တစ်စ ရှုပ်လာတဲ့အပိုင်းလေးတွေလည်း များပခင်ဗျာ။ ဒီတစ်ခေါက်စာစဉ်မှာတော့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ သိုင်းပညာတွေထဲမှာ အဆင့်မြင့်ဆုံးလို့ဆိုတဲ့ ‘နေကြာပန်း သိုင်းပေါင်းချုပ်’ ၊ ပြီးတော့ ဝါဆန်းဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ၊ ဒါ့အပြင် ဂိုဏ်းကြီးငါးဂိုဏ်း မဟာမိတ်အဖွဲ့ရဲ့ သမိုင်း၊ နေမင်းသခင်ဂိုဏ်းမှာ ရှိနေနိုင်မယ်လို့ ယူဆရတဲ့ နေကြာပန်းသိုင်းပေါင်းချုပ်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေ၊ နောက်တစ်ချက်ကတော့ … လင့်ဟူချုံးအနေနဲ့ အံ့အားသင့်စွာ သိလိုက်ရတဲ့ ဆရာဖြစ်သူ ရက်ပုချွန်ရဲ့ ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်လာတဲ့ အကြံအစည်များ ….. ။

ပြီးတော့ …..“လင့်ဟူချုံး VS ကျိလင်ထန်”

“ကဲ … အခုဆိုရင်၊ နေကြာပန်းသိုင်းပေါင်းချုပ် ဆိုတာ ဘယ်မှာ တစ်စုတစ်စည်းထဲ ရှိတော့လို့လဲ။ မကောင်းဆိုးဝါးဂိုဏ်းမှာ နည်းနည်း၊ ကောင်းဆန်းဂိုဏ်းမှာ နည်းနည်း။ အားလုံးဆီမှာ နည်းနည်းစီ ပြန်ကျဲရောက်နေပြီ။ ကျိလင်ထန်လို လူမျိုးက ဒီလို နည်းနည်းကလေး ရထားတာကို ဘယ်လိုမှ ကျေနပ်မယ့်လူမျိုး မဟုတ်ဘူး။ သူက မကောင်းဆိုးဝါးဂိုဏ်းကိုရော၊ ရှောင်လင်ဂိုဏ်းကိုရော၊ အားလုံးကို ဝါးမျိုပြီး နေကြာပန်းသိုင်းပေါင်းချုပ်ကို အပိုင်စီးမှာပဲ။ အင်း … သိုင်းလောကကြီးတော့ ပိုပြီး ရှုပ်ထွေးလာဦးတော့မှာပဲ” ( ဆရာတော်ကြီး ဖန်းတင်း ) 

“…နောက်ပြီး၊ ကျိလင်ထန်ဆိုတဲ့လူက နည်းနည်းနောနော ကောက်ကျစ်ယုတ်မာတဲ့လူ မဟုတ်တော့ သူ့ဘက်သာ မဟုတ်သမျှ၊ သူ့ကို အန္တရာယ်ပေးနိုင်မယ့် လူမှန်သမျှ၊ ကျူပင်ငုတ် ကျူငုတ်မကျန် ရှင်းမှာ၊ မင်းရဲ့ ဆရာ၊ ဆရာမ၊ ဂိုဏ်းတူညီ၊ ညီမလေးတွေကို ချန်ထားမယ် ထင်သလား။ သူတို့ကို တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အပြတ်သုတ်သင် ရှင်းလင်းပစ်မှာပဲ။ ဒါကို မင်းအနေနဲ့ သံသယမရှိနဲ့” ( ရသေ့ကြီး ချုံးရှိုး ) 

လင့်ဟူချုံးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဟန်ဆန်းဂိုဏ်းချုပ် ဖြစ်နေတဲ့အပြင် သိုင်းလောကအခြေအနေအရ ကျိလင်ထန်ကို တားဆီးနိုင်ဖို့ ဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ယူဖို့ ဖြစ်လာချိန်မှာတော့ …….။

စာဖတ်သူ ကြိုတင်ခန့်မှန်းထားတဲ့ ဇာတ်လမ်းတွေကို ဒီစာစဉ်မှာတော့ အနည်းနဲ့အများဆိုသလို အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာတာကို တွေ့ရလိမ့်မယ်။ ပြီးတော့ ရှင်းမယောင်နဲ့ ရှုပ်သွားတဲ့ အရှုပ်ထုပ်တွေနဲ့ ရှုပ်မယောင်နဲ့ ရှင်းသွားတဲ့ အရှုပ်အယှက်တွေကိုလည်း မြင်ရလိမ့်မယ်။ 

ဒါကြောင့်၊ ဒီစာစဉ်ကို ဆက်လက်ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဝန်ဇင်းစာချစ်သူများအနေနဲ့ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၄၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ပထမ ဖတ်ဖို့ စာအုပ် >>> မီးသင့်လိပ်ပြာနှင့် အခြားမှုခင်းဝတ္ထုတိုများ
စာရေးသူ >>> စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက် 
ဖတ်ညွှန်းတို - စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက်ရဲ့ ရသဝတ္ထုတိုတွေနဲ့ ရင်းနှီးနေသူတွေအဖို့ အခုလို မှုခင်းဝတ္ထုတိုတွေ ထွက်ရှိလာတဲ့ အခါမှာလည်း မြည်းစမ်း ဖတ်ရှုကြည့်သင့်ပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေကတော့ ဖြစ်ရပ်မှန်မှုခင်းမဂ္ဂဇင်းတွေမှာ ရေးသားခဲ့တာတွေကို စုစည်း တင်ပြထားတာပဲ ဖြစ်ပြီး သတိထားစရာ၊ သံဝေဂယူစရာနှင့် ဆောင်ရန်ရှောင်ရန် မှုခင်းရေးရာများကို ရေးသားထားပါတယ်။ 

မှုခင်းဖြစ်ရပ်တစ်ခုကို ဖြစ်ကြောင်းကုန်စင် အစီရင်ခံ တင်ပြတဲ့သဘောမျိုး မဟုတ်ဘဲ ဇာတ်လမ်း ဇာတ်ဆောင်များနှင့်တကွ ဝတ္ထုတိုဆန်ဆန် တင်ပြထားတာမို့ စာဖတ်သူအနေနဲ့ ဗဟုသုတလည်းရ၊ ရသခံစားမှုကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ 

ဖြစ်ရပ်မှန် မှုခင်းအကြောင်းကိုလည်း လေ့လာရင်း၊ ဆရာကြီးရဲ့ ဝတ္ထုတို အရေးအသားများကိုလည်း လေ့လာဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခန်းဆက်ဝတ္ထုရှည်၊ အခန်းဆက်ဆောင်းပါး၊ ရုပ်ပြကာတွန်း၊ အသံထွက်ဇာတ်လမ်း၊ အသံထွက်ရုပ်ပြဇာတ်လမ်း၊ အင်္ဂလိပ်စာလေ့လာစရာ၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်ဟာသတွေ၊ ခံစားသူစိတ်ကြိုက် ကဗျာများ၊ Healthy Tips၊ Beauty 4 u၊ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေ အပါအဝင် ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို နေ့စဉ် *အခမဲ့* ဝင်ရောက်ဖတ်ရှုနိုင်မယ့် Wun Zinn Digest ပါဝင်တဲ့ Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင် ပြီလို့ သတင်းစကားပါးလိုက်ပါရစေ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts