ဒီနေ့အတွက် ဖတ်စရာကဏ္ဍ
ဝန်ဇင်း စာချစ်ပရိသတ်ကြီးရေ ... မင်္ဂလာပါခင်​ဗျာ ။
ဒီ​နေ့မှာ ဝန်ဇင်း စာချစ်ပရိသတ်ကြီးအတွက်​ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ 
မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့ စာ​ရေးဆရာမင်းလူ 
ရေးသားခဲ့တဲ့ ဝတ္ထု​တွေထဲက လက်​ရာမွန်​တစ်​ပုဒ်​ဖြစ်​တဲ့ "မိညီမ" ဝတ္ထုပါပဲ။
ဒီဝတ္ထုကို ဆရာမင်းလူက ၁၉၈၃ ၀န်းကျင်​မှာ ​ရေးသားခဲ့တယ်​လို့ သိရတယ်​။ 
ဆရာ့ရဲ့ ဝတ္ထု​တွေမှာ ​​​တွေ့​နေကြဖြစ်​တဲ့ "ဟန်​" ကို စာဖတ်​သူ​တွေအ​နေနဲ့ 'မိညီမ' ဝတ္ထုထဲမှာ အပြည့်​အဝ သိမြင်​ခံစားရမယ်​။ ဘာလို့လဲဆို​တော့ ဒီဝတ္ထုထဲဟာ အချစ်​​မေတ္တာကို သိပ်​ကို ရိုးရှင်းစွာတင်​ပြထားတဲ့ 
တကယ့်​ လက်​ရာမွန်​ "သံ​ယောဇဉ်​​မေတ္တာအဖွဲ့" ဝတ္ထုတစ်​ပုဒ်​ ဖြစ်​​နေလို့ပါပဲ။ 
ဆက်​လက်​ မိတ်​ဆက်​​ပေးပါရ​စေခင်​ဗျ ..။
မိဘ​တွေမရှိ​တော့တဲ့ မိညီမဟာ သူမရဲ့ ကြီး​မေကြီး ​ဒေါ်ခင်​​အေးစိန်​နဲ့ အတူ​နေတယ်​။ 
ဇော်​ဝင်း၊ ​ကျော်​ဝင်း၊ ​မော်​ဝင်းဆိုတဲ့ အကိုသုံး​ယောက်​ရဲ့ ညီမ​ထွေးတစ်​ဦးဖြစ်​တဲ့ မိညီမဟာ 
တစ်​အိမ်​လုံးရဲ့ အချစ်​ကို ရရှိထားသူပါပဲ။ တကယ်​​တော့ မိညီမ ဆိုတာ အိမ်​​ခေါ်နာမည်​၊ 
သူမနာမည်​က သန်းသန်းဝင်း ( ဘယ့်​နှယ်​ .. အချစ်​ဝတ္ထုပါဆိုမှ နာမည်​က ရိုး အ ပြီး
 ရို - romantic မဆန်​လိုက်​တာလို့ စာဖတ်​သူများ မထင်​ပါနဲ့၊ တကယ်​ဖတ်​ကြည့်​တဲ့အခါမှာ 
ဆရာမင်းလူက ဒီ ရိုးမှု​တွေအထဲကပဲ ရိုဆန်​တာ​တွေ ထုတ်​ပြသွားတာ ​တွေ့ရပါလိမ့်​မယ်​ ) 
အများဆုံး သုံးသွားတာကလည်း ​သတိထားမိစရာပါ။
သူမနဲ့ ဝတ္ထုထဲက အဓိကဇာတ်​​ကောင်​ ​ဝေမိုး​အောင်​တို့ ဆုံကြတာက 
ဘွဲ့ယူဖို့ အစမ်း​လေ့ကျင့်​ကြတဲ့​နေ့။ "ကချင်လုံချည်အဖြူ၊ အင်္ကျီလက်ရှည် အနီကလေးနှင့် ၊ 
ဆံပင်ပုံစံကိုလည်း သိပ်ထူးထူးဆန်းဆန်း လုပ်မလာ။ တင်ပါးလောက်ထိ ဝဲကျနေသော ဆံပင်များကို 
အရင်းက ကလစ်ကလေးဖြင့် ညှပ်ထားသည်။ ဖိနပ်က ပါးပါးကလေး၊ ကိုယ်လုံးခပ်သွယ်သွယ်။ 
ပိန်သည်ဟုပင် ပြော၍ရနိုင်​သည်​။ အရပ်နည်းနည်းမြင့်သလား မသိ။ မျက်နှာက ရှင်းလင်းသည့်အလှ။ 
လူအများက လှပါသည်ဟု တညီတညွတ်တည်းဆိုရသော အလှမျိုးတော့မဟုတ်။ 
လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသော စကားအရ လှနိုင်သော အလှမျိုးဖြစ်သည်။" 
လို့ ​​ဝေမိုး​အောင်​က ရှုမြင်​ပုံက သန်းသန်းဝင်းရဲ့ ဟန်​ပန်​ကို စိတ်​အာရုံထဲ မြင်​​ယောင်​​စေတယ်​။ 
ဝတ္ထုတစ်​အုပ်​လုံးဟာ ဒီလို ရှင်းလင်းတဲ့အ​ရေးအသားနဲ့ စာဖတ်​သူကို ဆွဲ​ခေါ်သွားပါလိမ့်​မယ်​။
ဝေမိုး​အောင်​ ... သူက ဟံသာဝတီအဝိုင်းအနီး ​ဘော်​ဒါ​ဆောင်​ အခန်းကျဉ်း​လေးထဲမှာ 
အခန်းငှါး​နေထိုင်​တဲ့ ဘူမိဘွဲ့ရ ဘဝအ​ခြေကမကျ အလုပ်​လည်းမရ​သေးလို့ 
ရည်​မှန်းချက်​လည်း မ​ရေရာ​သေးသူ။ ဒီအချိန်​မှာ ... " မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း 
စိတ်ဝင်စားမိသည်။ ဤသို့ မဖြစ်စဖူးခဲ့။ ဒါကိုပင် နဖူးစာဟု ခေါ်လေမလား။ 
ပညာရေးကိစ္စ ပြီးစီးခဲ့သဖြင့် အချစ်ကို စတင်စိတ်ဝင်စားလာမိသည့် သဘောလား။ 
သို့မဟုတ် အခြားအကြောင်းတစ်ခုခု ရှိသေးသလား။ ပြီးတော့ မိန်းကလေးတစ်ယောက်ကို
 ဘယ်သူဘယ်ဝါမှန်း၊ ဘာမှန်းညာမှန်းမသိသေးဘဲ တစ်ခါတည်း မြင်ဖူးရုံဖြင့် စွဲလမ်းမိခြင်းသည် 
သင့်တော်သလား။ မသင့်တော်ဘူးလား။ သူများတွေလည်း သည်လိုပဲ ဖြစ်ကြဖူးတာပဲလားမသိ "။ 
ခုလိုမျိုး ဆရာမင်းလူဟာ သာမန်​အ​တွေ့အကြုံ​တွေကို ​ဖော်​ထုတ်​ပြီး အ​တွေးရ​စေတယ်​။
 ဒီလို ရှု​ထောင့်​အသစ်​အဆန်း​တွေက​နေ ရှုမြင်​ထားတဲ့ အ​ကြောင်းအရာ​ အများအပြားကို
 ဝတ္ထုထဲ ​ဝန်​ဇင်းစာချစ်​သူများ ​ဖတ်​ရှုရဦးမှာပါ။
သည့်​​နောက်​ ​မိညီမအ​ကြောင်းကို ​ဝေမိုး​အောင်​က ထုံးစံအတိုင်း စုံစမ်း​ပါ​တော့တယ်​။ 
အရံဇာတ်​​ကောင်​​တွေရဲ့ ​ဝေးလားဝါးလား ​ဘေးတီးမှုမျိုးမပါ၊ 
ထူးထူးဆန်းဆန်း​တွေလည်း မဟုတ်​၊ နည်း​ဟောင်းအတိုင်း ​ကောင်​​မ​လေးတစ်​​ယောက်​ကို ​​နောက်​​ယောင်​ခံလိုက်​၊ မမြင်​ကွယ်​ရာက ​စောင့်​ကြည့်​ ၊  နိုင်​ငံ​ရေးသိပ္ပံသင်​တန်း တက်​ရင်းလည်း သင်​တန်းထဲ 
သူမနဲ့ခင်​ဖို့ ဇာတ်​လမ်းခင်း၊ ဒါ​တွေလည်း မ​အောင်​မြင်​၊ 
ဒီ့အပြင်​ ဘွဲ့ယူတဲ့​နေ့မှာ သန်းသန်းဝင်းရဲ့အကို​တွေက သူမကို မိညီမ လို့ ​ခေါ်လိုက်​တာကို 
အစွန်းစာလုံး 'မ' အစား 'မြ' တစ်​လုံးတည်း နားကြားလွဲပြီး 
ယင်းနာမည်​အမှားအတိုင်း လိုက်​လံစုံစမ်းသည်​ကိုလည်း 
စာ​ရေးသူက ဂရုဏာသက်​ဖွယ်​၊ ရယ်​​ပျော်​ဖွယ်​ဖြစ်​​အောင်​ ​ဖော်​ထုတ်​ထားတယ်​။
ဒီ​နေရာမှာ ဝတ္ထုရဲ့ ​​ထူးခြားချက်​က မိညီမဟာ ​ဝေမိုး​အောင်​ရဲ့ သူမအ​ပေါ် သ​ဘောထား၊ 
ချဉ်းကပ်​မှု အကြံ​တွေကို သိ​နေတာဖြစ်​တယ်​၊ သာမန်​ အချစ်​ဝတ္ထု​တွေလိုမျိုး ​မိန်းက​လေးဘက်​က 
မာယာရှစ်​သွယ်​နဲ့ ဂ​ဟေဆက်​တာလည်း မရှိ၊ ​ရေလာ​မြောင်း​ပေးလည်း မလုပ်​၊ 
သူမရဲ့ သိမှုအ​ပေါ် ခံစားချက်​​တွေကို​တော့ ဘယ်​လိုရိုးသားစွာ တင်​ပြထားလဲ 
ဖတ်​ကြည့်​တဲ့အခါ သိရပါလိမ့်​မယ်​။
....................................
ဝေမိုး​အောင်​၏စာထဲမှာ ဘာ​တွေပါမည်​ဟု သူသိပြီးသား။ ဖတ်​​တော့ ဖတ်​ကြည့်​လိုက်​မည်​။ 
ဖတ်​လည်း ဖတ်​ကြည့်​ချင်​​နေ၏။ စာထဲမှာ သူ့​​မေတ္တာအ​ကြောင်းလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ​ရေးထားသည်​က 
တစ်​မျက်​နှာ​တောင်​မပြည့်​။ ​နောက်​ပိုင်းစာရွက်​များတွင်​ ...
" ကျွန်​​တော်​က ဆင်းရဲပါတယ်​။ ကျွန်​​တော့်​မှာ အ​မေ မရှိ​တော့ဘူး။ 
အ​ဖေပဲရှိပါ​တော့တယ်​။ အ​ဖေကလည်း အသက်​ကြီးလှပါပြီ။ 
အ​ဖေက အစ်​မ​တွေ ညီအစ်​မ​တွေနဲ့အတူ နယ်​မှာ​နေပါတယ်​။ 
ကျွန်​​တော်​ဟာ ဘွဲ့ရတစ်​​ယောက်​ ဆို​ပေမယ့်​ တက္ကသိုလ်​ပညာကို ချို့ချို့တဲ့တဲ့ သင်​ကြားခဲ့ရတာပါ။ 
ဒါ​တွေ ​ပြောပြ​နေရတာက​တော့ ကျွန်​​တော်​နဲ့ ပတ်​သက်​လို့ သိထားသင့်​တာ​တွေ မိုလို့ပါပဲ။ 
ကျွန်​​တော်​က​ စီးပွား​ရေးချို့တဲ့​ပေမယ့်​ ကျွန်​​တော့်​မှာ ကြွယ်​ဝတဲ့အရာ​တွေ ရှိ​ပါ​သေးတယ်​။ 
ဘာလဲဆို​တော့ မသန်းသန်းဝင်းအ​ပေါ်မှာထားတဲ့ ​မေတ္တာပါပဲ။ 
မသန်းသန်းဝင်းကို ကျွန်​​တော်​ အဆုံးစွန်​​သော ​မေတ္တာတရားနဲ့ ကြင်​နာမှုကို​တော့ ​ပေးနိုင်​ပါတယ်​လို့ 
ရဲရဲကြီး အာမခံနိုင်​ပါတယ်​ " စသည်ဖြင့် သူ့ဘဝအကြောင်းကို ရေးပြထားသည်။ 
သန်းသန်းဝင်းသည် နဂိုကတည်းက ဝေမိုးအောင်အပေါ် ကြည်ဖြူသည့်စိတ် ရှိနေခဲ့ပြီးဖြစ်နေရာမှ 
ထိုစာကို ဖတ်လိုက်ရသောအခါ ပို၍ပင် သနားသွားမိသေးသည်။
....................................​သည့်​​နောက်​ ​ဝေမိုး​အောင်​နှင့်​ ချစ်​သူများ ဖြစ်​သွားကြတယ်​။ 
ဒါ​ ​ပေ မဲ့ အဲ့ဒီအချိန်​မှာ မိညီမဟာ ချစ်​သူအဖြစ်​ လက်​ခံခဲ့​ပေမယ့်​ ​ဝေမိုး​အောင်​နဲ့
 လက်​ထပ်​ဖို့​တော့ ကတိမ​ပေးလိုက်​ခဲ့ဘူး။ 
ဝေမိုး​အောင်​ဟာ သူမရဲ့အကို​တွေဖြစ်​တဲ့ အကြွားသမား ကို​ဇော်​ဝင်း၊ 
ကြံဖန်​ပုံ​တွေဟာ ကြည်​နူး၊ စိတ်​လှုပ်​ရှားစရာ။ ဒါ​ပေမယ့်​ အကို​တွေက ​ယောက်​ဖ​လောင်းကို လက်​ခံရဲ့လား? လက်​ထပ်​ဖို့ ကတိမ​ပေး​သေးတဲ့ သူမနဲ့​ ​ဝေမိုး​အောင်​ရဲ့ ဇာတ်​သိမ်းကရာ ...
သ​ဘောထား​တွေကို တင်​ပြနိုင်​တဲ့ omniscient narrator အ​နေနဲ့ ​ရေးသားထားတယ်​။ 
ဝေမိုး​အောင်​နဲ့ သန်းသန်းဝင်းတို့ရဲ့ ပြုမူ လှုပ်​ရှားပုံနဲ့ စကား​ပြောခန်း၊ ​တွေ့ခန်း ​တွေကို 
တတိယလူအဖြစ်​က​နေ ​ဖော်​ပြထားတာကို အများဆုံး ​တွေ့ရမှာပါ။ 
ဒီဝတ္ထုထဲမှာ ​ဇာတ်​​ကောင်​​တွေ ဟုံပြီး ကလက်​တက်​ဆန်​တာကို မြင်​ရမှာမဟုတ်ပါဘူး​။ 
မိညီမရဲ့ မိသားစုတွင်းက ​မေတ္တာနဲ့ တစ်​ဖက်​က ​ဝေမိုး​အောင်​ရဲ့
 မိညီမအ​ပေါ်ထားတဲ့ ချစ်​ခြင်းတို့ကို ယဉ်​ယဉ်​က​လေးနဲ့ စိတ်​လှုပ်​ရှားစရာဖြစ်​​အောင်​ ဖတ်​ရှုခံစားကြရမယ်​။ စာတစ်​အုပ်​လုံး ကုန်​စင်​​အောင်​ ဖတ်​ပြီးတဲ့အခါ ၀န်​ဇင်းစာဖတ်​ပရိ​သတ်​ကြီးရဲ့ 
ရင်​ထဲ ဘယ်​လို ရသမျိုး ကျန်​ရစ်​ခဲ့မလဲဆိုတာက​တော့ ..... 
ကဲ .. ဒီလိုဆိုရင်​ဗျာ၊ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​ ...
Related Posts