ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူပရိသတ်ကြီးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ပဉ္စမံဒီရိုင်းရဲ့ “ကလေးရေးတဲ့ အချစ်သင်ပုန်းကြီး” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ပြင်ပလောကမှာ ပေါ်ပေါက်လေ့ရှိတဲ့ အဖြစ်အပျက်တွေကို ဒီဝတ္ထုထဲမှာ ဖတ်ရှုမြင်တွေ့ရမှာဖြစ်ပြီး ဇာတ်ကောင်တွေနဲ့ စာဖတ်သူတို့ ရင်ဘတ်ချင်းနီးစပ်သွားစေမယ့် စာရေးသူရဲ့ ရေးဖွဲ့မှုကို စိတ်ဝင်တစား ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ 

“လောကကြီးမှာ လိမ်ညာမယ့်သူနည်းပြီး အလိမ်ခံချင်တဲ့သူတွေက ဘာကြောင့်များနေရပါသလဲ” ( ပြည့်စုံ ) 

နိုင်ငံခြားသင်္ဘောလိုင်းမှာ အင်ဂျင်နီယာဖြစ်ဖို့ နယ်ကမိဘတွေဆီ လိုအပ်တဲ့ငွေ သိန်းသုံးဆယ်တောင်း၊ ကိုယ်ရထားတဲ့ အင်ဂျင်နီယာဘွဲ့ကို အားထားပြီး ကုမ္ပဏီတစ်ခုကို လျှောက်ထားခဲ့တယ်။ တစ်လအတွင်း သင်္ဘောတက်ရမယ်လို့ ကုမ္ပဏီရဲ့ အကြောင်းပြန်ကြားချက်နဲ့အတူ မိဘနှစ်ပါးကို တင့်တောင်းတင့်တယ် ထားနိုင်ဖို့အရေး စိတ်ကူးနဲ့တင် ကြည်နူးနေတဲ့ ‘ပြည့်စုံ’ တစ်ယောက်။ ကုမ္ပဏီရဲ့ ချိန်းဆိုကာလ ပြည့်တဲ့အခါမှာတော့ သူအပါအဝင် သင်္ဘောတက်ဖို့ လျှောက်ထားသူ ဆယ်ဦးကျော်မှာ ကုမ္ပဏီရဲ့ ခြေရာဖျောက်၊ အလိမ်ခံလိုက်ရကြောင်း သိလိုက်ရတော့တယ်။ 

“ဝါသနာကို မတားပါဘူး။ အဲ့ဒါကို တစ်ဘဝလုံး ကျောက်ချထားပြီး လူ့အဖွဲ့အစည်းထဲမှာ ကိုယ်ဟာ လူပိုပါလားလို့ တွေးမိသူတွေများ ရှိသလားကွယ်” ( မြလေးငုံ ) 

အိမ်ထောင်ပြုသွားပြီဖြစ်တဲ့ အစ်မဖြစ်သူက ပြည်ပရောက်သွားတဲ့အခါ အိမ်မှုကိစ္စ၊ ကုမ္ပဏီကိစ္စနဲ့ အဆော့သန်တဲ့ တူတော်မောင်ကိုလည်း ထိန်းသိမ်းနေရတဲ့ ဦးလေးလူပျိုကြီး သုံးယောက်နှင့် နေထိုင်သူ ‘မြလေးငုံ’ ရဲ့ မိဘနှစ်ပါးဟာ တူလေးဖိုးလမင်း နှစ်နှစ်သားအရွယ်မှာပင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြတယ်။ မိဘရဲ့ လက်ငုပ်လက်ရင်းဖြစ်တဲ့ ယက်ကန်းလုပ်ငန်းကို ဆက်မထမ်းချင်တဲ့ ဦးလေးလူပျိုကြီးတွေရဲ့ အိမ်ထောင့်တာဝန်ကိုယူထားသူ မြလေးငုံဟာ သူမသူငယ်ချင်းအချို့နဲ့အတူ အလှဖြန့်ချိရေးကုမ္ပဏီ တည်ထောင်ထားရင်း ဘဝရဲ့ နေ့ရက်တွေဟာ အလုပ်နဲ့အိမ်မှုတာဝန်တွေကြားမှာ နစ်မြုပ်နေသူပဲဖြစ်တော့တယ်။ 
……
နယ်ကနေမြို့တက်လာပြီး သင်္ဘောလိုက်ချင်တဲ့ ပြည့်စုံတစ်ယောက် ကုမ္ပဏီရဲ့ အလိမ်ခံလိုက်ရတဲ့အခါ အိမ်ကိုလည်း ပြန်မပြောရဲ၊ လက်ထဲမှာ ငွေကျပ်နှစ်သောင်းလောက်နဲ့ ရန်ကုန်မြို့ကြီးပေါ်မှာ အဆောင်နေရင်း ရှေ့ဆက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည့်စုံနဲ့ ဘဝရဲ့အချိန်တွေကို အလုပ်နဲ့ အိမ်မှုကိစ္စထဲမှာ နစ်မြုပ်နေတဲ့ မြလေးငုံတို့ နှစ်ယောက်ရဲ့ ***တွေ့ဆုံမှု*** က သိပ်ကို စိတ်ဝင်စားဖို့ကောင်းသလို သူတို့တွေ့ဆုံပြီး နောက်ပိုင်းအဖြစ်အပျက်တွေကို ဖတ်ရှုရတဲ့အခါ စာအုပ်ကို လက်မှမချချင်အောင် ဖြစ်သွားမှာမို့ …

ကဲ … ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို ငွေ ***၆၀၀-ကျပ်*** တည်းဖြင့် ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“လူငယ်ဇာတ်ကောင်တွေနဲ့အတူ ရိုးရှင်းပြီး ဆန်းသစ်တဲ့ ဇာတ်လမ်းမျိုးကိုမှ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts