ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“သင်ဟာ စာဖတ်သူဆိုရင် ဒီစာအုပ်ကိုလည်း မဖြစ်မနေ ဖတ်ရှုထားသင့်ပါတယ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ ….

ဒီနေ့မှာတော့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ စာအုပ်ကောင်းတစ်အုပ် ထွက်ရှိလာပါတယ်။ စာဖတ်သမားတိုင်း ဖတ်ရှုထားဖူးသင့်တဲ့၊ ကိုယ့်နိုင်ငံရေးအတိတ်သမိုင်းအကြောင်း သိလိုသူတိုင်း လေ့လာဖတ်ရှုထားသင့်တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအမျိုးအစားဖြစ်တဲ့ စာအုပ်ပါပဲ။ အဲ့ဒီစာအုပ်ကတော့ တစ်ချိန်မှာ မြန်မာ့နိုင်ငံရေးမှာ အရေးပါအရာရောက်ခဲ့သူ၊ မြန်မာနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်ရေးတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ “တာတေစနေသား” ပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာ ဦးနုရဲ့ ငယ်စဉ်ဘဝကစလို့ ဝန်ကြီးချုပ်နေရာရောက်ပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့မှုတွေအထိ ရေးသားတင်ပြထားတယ်။ ငယ်စဉ်ဘဝက သိပ်ဆိုးတယ်၊ ဆိုးတာမှ တစ်မြို့လုံး ဟိုးလေးတကျော်ကျော်ဖြစ်အောင် လုပ်နိုင်တဲ့အထိ ဆိုးတာ။ ‘သားဦးစနေ မီးလိုမွှေ’ သတ်မှတ်ရလောက်အောင် ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ တာတေစနေသားဘဝကနေ လူကောင်းဘဝဖြစ်အောင် အပြင်းအထန်ကြိုးစားခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘဝအကြောင်းကို ဖုံးကွယ်ခြင်းမရှိတင်ပြထားတယ်။ သူဟာ မကောင်းတာမျိုးစုံကိုလည်း လုပ်ခဲ့တယ်။ ကောင်းတာမှန်သမျှကိုလည်း ဆောင်ရွက်ခဲ့တယ်။ တာတေစနေသားအဖြစ် အော့ကြောလန်မျိုး၊ လူဆိုးလူပွေ တစ်ယောက်ဖြစ်ခဲ့တဲ့သူဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ဦးနုပဲ ဖြစ်တယ်။ 

ဦးနုဟာ သူလုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုမှန်သမျှကို နောင်လာနောက်သားတွေ ဖတ်ရှုမြင်တွေ့ပြီး မကောင်းတဲ့လုပ်ရပ်တွေကို ရှောင်ရှားပြီး ကောင်းတဲ့လုပ်ရပ်မှန်သမျှနဲ့ တိုင်းပြည်ကို ပြန်လည်အကျိုးပြုနိုင်အောင် ရည်ရွယ်ရေးသားသွားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဦးနုဟာ သူ့ကိုယ်သူ ဘေးကနေမြင်ပြီး၊ ဦးနုအကြောင်းကို တတိယလူနေရာကထားပြီး ရေးသားတင်ပြထားတာမို့ ကိုယ့်အကြောင်းကို ကိုယ်ပြန်ပြီးအစီရင်ခံနေတာနဲ့မတူဘဲ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်မှန်ဝတ္ထုရှည်ကြီးတစ်ပုဒ် ဖတ်ရှုနေရသလို ခံစားရမှာပါ။  

[ တချို့အခန်းတွေကို ကိုစံထွန်းမကြိုက်ဘူး။ သူ့သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ်ဆိုပြီး အပြင်းအထန် ကန့်ကွက်တယ်။ တချို့အခန်းတွေကျတော့ မောင်နဲ့နှမ၊ သားနဲ့အမိ အတူတူဖတ်ဖို့မသင့်ဘူး။ ရုန့်ရင်းကြမ်းတမ်းတဲ့ အရေးအသားတွေပါနေတယ်။ ဒါတွေကို ဖြုတ်ပေးပါလို့ တောင်းပန်တယ်။ 

ကိုစံထွန်း ကန့်ကွက်တောင်းပန်ပေမဲ့ ကျွန်တော်ကတော့ လျှော့မပေးဘူး။ သူ့သားနဲ့ပတ်သက်ပြီး ကျွန်တော် ဖော်ပြထားတဲ့အချက်တွေဟာ မဟုတ်ဘူးဆိုရင်ပြောပါ။ ကျွန်တော်ဖြုတ်ပေးမယ်။ ဟုတ်တယ်ဆိုရင် မကန့်ကွက်ပါနဲ့။ လောကမှာ ခြောက်ပစ်ကင်း စင်းလုံးချောဆိုတဲ့လူမျိုးဟာ ဘယ်နေရာမှာမှ မရှိပါဘူး။ လူတိုင်းမှာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိမှာပဲလို့ ရှင်းပြတဲ့အခါတိုင်း ကိုစံထွန်းဟာ သူ့သားကို ချစ်တဲ့ဇောနဲ့ အောင့်သက်သက်ဖြစ်ပေမဲ့ မကန့်ကွက်တော့ဘူး အလျှော့ပေးတယ်။ ] 

ဦးနုဟာ သူ့အကြောင်းကို ပြန်လည်ရေးသားရာမှာ သာသည်နာသည်မရွေး အမှန်တိုင်း ဖော်ထုတ်ဝန်ခံထားတယ်။ ဒီစာအုပ်ကို ဖတ်ရှုတဲ့အခါ တစ်ချိန်က မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်တစ်ဦးရဲ့ ဘဝဖြစ်စဉ်ကို ဝတ္ထုသဖွယ် မြင်တွေ့ရမှာဖြစ်ပြီး ဦးနုရဲ့ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးသုံးသပ်ချက်နဲ့ ထိုအချိန်က မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာနိုင်ကြမှာပဲ ဖြစ်ပါတယ်။ 

ဦးနုရဲ့ နိုင်ငံရေးအမြင်တွေထဲက အချိဒီမိုကရေစီအမြစ်တွယ်အောင် လုပ်ပေးနေရတဲ့နိုင်ငံတွေမှာ အကြမ်းဖြင့်အားဖြင့် အန္တရာယ်သုံးမျိုးသုံးစား ဖြစ်ပေါ်လာနိုင်စရာရှိကြောင်း ဦးနုက ထောက်ပြပြောဆိုခဲ့တယ်။ အဲ့ဒီ သုံးချက်ထဲက စာသားအနည်းငယ် ကောက်နုတ်တင်ပြရင် … 

၁။ တချို့နိုင်ငံရေးသမားတွေဟာ အစတုန်းကတော့ ရွေးကောက်ပွဲနဲ့ အာဏာရလာသူတွေပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းကြာလာတော့ သူတို့ရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုကြောင့်ပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်ဖြစ် ပြည်သူလူထုက သူတို့အပေါ်မှာ အကြည်ညိုပျက်လာတယ်။ ……. ။

၂။ တချို့နိုင်ငံရေးသမားတွေရှိတယ်။ သူတို့မှာ အရည်အချင်းလည်းမရှိ၊ ကိုယ့်ကျင့်တရားလည်းမရှိတဲ့အတွက် ပြည်သူလူထုရဲ့ ကြည်ညိုမှုကို ဘယ်အခါကမှ သူတို့ မရခဲ့ကြဖူးဘူး။ နောင်လည်း ရဖို့အကြောင်းမရှိဘူး။ အဲ့ဒီနိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီကို ပုတ်ခတ်မယ်။ ……. ။

၃။ တချို့စစ်ဗိုလ်တွေဟာ လောကီသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးသမားတွေကို တဖြည်းဖြည်း အားကျလာပြီး အာဏာလိုချင်ကြပြန်တယ်။ …. အဲ့ဒီ စစ်ဗိုလ်တွေဟာ တတိယအန္တရာယ်တွေဖြစ်တယ်။ ……. ။
…………. 
ကဲ၊ ဝန်ဇင်းစာချစ်သူတို့လည်း “တာတေစနေသား” အကြောင်း ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ကြဖို့ မမေ့နဲ့နော်။ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတွေ၊ စာအုပ်တွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူဖတ်ရှုလို့လည်းရ၊ ကိုယ်နဲ့မကွာ ရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ … ဒီလို အခွင့်အရေးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ “တာတေစနေသား” စာအုပ်ကို ဝန်ဇင်းမှာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းတွေအတွက်လည်း ဒီလို စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦး။
…………..

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts