ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာဖတ်သူကို စိတ်ဓါတ်ခွန်အား တစ်စုံတစ်ရာ ရရှိသွားစေမယ့် “မုန်တိုင်းထဲမှ မိန်းမများ” ဝတ္ထုတို စုစည်းမှု

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျ ….. 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ ရသဝတ္ထုချစ်သူတွေ အတော်များများ ရှိနေတယ်ဆိုတာ သိရပါတယ်။ စာပေအမျိုးအစား စုံအောင် ဖတ်ရှုနေသူ စာချစ်သူများအတွက် စာအုပ်မျိုးစုံကို စိတ်ကြိုက်ရွေးချယ် ဖတ်ရှုနိုင်အောင်လည်း ဝန်ဇင်းမှ နေ့စဉ် ကြိုးစားလျက်ရှိပါတယ်။ ဒီနေ့မှာဆိုလည်း ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ “မုန်တိုင်းထဲမှ မိန်းမများ” တဲ့။ စာရေးဆရာမ ထက်မြတ်နိုင်ဇင်ရဲ့ ဝတ္ထုတို လက်ရာတွေပေါ့။

ဒီစာအုပ်ထဲမှာ စာရေးဆရာမ ထက်မြတ်နိုင်ဇင်ရဲ့ ဝတ္ထုတိုတွေကို စုစည်းထားတယ်။ “မုန်တိုင်းထဲမှ မိန်းမများ” ဆိုတဲ့အတိုင်းပဲ လောကဓံ မုန်တိုင်းထဲမှာ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နေရသူ မိန်းမများရဲ့ ဘဝအဖုံဖုံကို ဝတ္ထုတိုများအဖြစ် သရုပ်ဖော် တင်ပြထားတဲ့အပြင် ပဋိပက္ခအသွင်ဆောင်နေတဲ့ လောကကြီးနဲ့ လူ့အဖွဲ့အစည်းကို မေးခွန်းထုတ်ထားတယ်။ မသေရုံထမင်းစားပြီး အသက်ရှင်ဖို့ ရပ်တည်နေရတဲ့ အမျိုးသမီးငယ်တွေ၊ အခြေအနေ အရပ်ရပ်က ဆင်းရဲတွင်းထဲကို တွန်းပို့ခြင်းခံနေရတဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်သနစ်မျိုးစုံ ……. ။  

“နင်တို့လို ကောင်မမျိုးတွေရဲက အကျင့်ကို ငါသိတယ်။ ပလီစိချောက်ချက်နဲ့ လိုချင်တာရဖို့ ယောက်ျားတကာကို မျက်ရည်ခံထိုးပြီး လုပ်စားနေတဲ့ နင့်လိုကောင်မမျိုးက ငါ့မောင်ကို အပိုင်ချုပ်ချင်တယ်ပေါ့ ဟုတ်လား။ မရဘူးနော်။ ငါ့နာမည် ဧကရီထွဋ်တဲ့ မှတ်ထား။ နင့်ကို ငါအခု ပါးဆွဲရိုက်ပစ်လို့ရတယ် နားလည်လား” ( ‘ကျွန်မ ကေတီဗီမှ အလုပ်လုပ်ပါတယ်ရှင်’ …. မှ ) 

ဒီစာအုပ်ရဲ့ အဖွင့်ဝတ္ထုတိုကစလို့ စာဖတ်သူရဲ့ စိတ်ဝိညာဉ်ဟာ စာရေးသူ ထက်မြတ်နိုင်ဇင်ရဲ့ သရုပ်ဖော် အရေးအသားတွေထဲမှာ နစ်ဝင်သွားလိမ့်မယ်။ နည်းပညာတက္ကသိုလ်တက်နေတဲ့ မောင်လေး၊ ရှစ်တန်းရောက်နေပြီဖြစ်တဲ့ ညီမငယ်၊ အဖေဖြစ်သူက အင်ဆူလင်ထိုးနေရတဲ့ ဆီးချိုရောဂါသည်၊ မိခင်က ကျောက်ကပ်မကောင်းသူ … ဒီမိသားစုလေးရဲ့ ဘဝတွေအတွက် မိမိရဲ့ဘဝတစ်ခုလုံးနဲ့ လဲထားသူ ကေတီဗွီမှာအလုပ်လုပ်တဲ့ မိန်းကလေးတစ်ဦးရဲ့ အကြောင်းကို မြင်တွေ့ရပြီးနောက်မှာတော့ စာဖတ်သူဟာ ကျန်တဲ့ ဝတ္ထုတိုတွေကို ဆက်လက်ဖတ်ချင်တဲ့ စိတ်အရှိန်က တဟုန်ထိုး မြင့်တက်သွားမှာပါ။ 

“စိတ်ချမ်းသာတာကို ရွေးမှာလား၊ အမှန်တရားကို ရွေးမှာလား။ လူဆိုတာ ကိုယ်နာကျင်သက်သာအောင် မျက်လုံးကို စုံမှိတ်ပစ်တတ်ကြတယ်။ ကျွန်မငယ်ငယ်က ကျွန်မကို ဆေးထိုးပြီဆိုရင် မျက်လုံးကို မှိတ်ချပစ်လိုက်တယ်။ အဲ့ဒါက နာကျင်မှုကို သက်သာတယ်လို့ ခံစားရတာကိုး။ အမှန်တရားဆိုတာလည်း ဒီလိုပဲပေါ့။ လူတွေက ကိုယ်နာကျင်ရတာကို ဖြေလျှော့ဖို့ အမှန်တရားနဲ့ တူတူပုန်းတမ်း ကစားနေကြတာ မဟုတ်လား၊ ကျွန်မအတွက်တော့ အမှန်တရားကို မမြင်ရဘဲ မျက်လုံးကန်းနေတာကမှ ပိုပြီး ကောင်းပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်တရားက အကျည်းတန်တယ်လေ” ( ‘မျက်လုံးတွေဟာ နှလုံးသားရဲ့ သင်္ချိုင်းလား’ … မှ ) 	

ဒီဝတ္ထုတိုတွေမှာ အထူးခြားဆုံး ထူးခြားနေတဲ့အချက်ကတော့ ခေါင်းစည်းတွေပါပဲ။ ကဗျာဆန်တဲ့ ဝတ္ထုတို ခေါင်းစည်းတွေဟာ စာရေးသူရဲ့စာနဲ့ စာဖတ်သူကို ပိုပြီး ရင်းနှီးမှု ရရှိစေတယ်။ သမားရိုးကျထက် ဆန်းတယ်လို့ သိလိုက်ရတဲ့ ခံစားချက်က သူ့ရဲ့ ဝတ္ထုတို အရေးအသားတွေနောက်ကို အလိုလို လိုက်သွားမိလိမ့်မယ်။ 

အိပ်မက်မျှားတဲ့ကမ်းပါး၊ အချစ်ဆိုတာ ခပ်မိုက်မိုက် ဘာသာရပ်တစ်ခုလို့ ပြောရအောင်၊ အလင်းကွယ်ရာ၊ ရေးဆွဲဖို့မေ့နေတဲ့ ပန်းချီကားဟာ ကျွန်မကိုယ်တိုင်ပါပဲ၊ ကျွန်မနှင့် ချိန်းဆိုထားသော နံနက်ခင်း၊ သေဆုံးသူတစ်ယောက်က ငါ့ကို သင်္ဂြိဟ်နေတယ်၊ ဆာလောင်ခြင်းများနဲ့လူ၊ တိတ်ဆိတ်ခြင်းများနဲ့လူ … စတဲ့ ခေါင်းစဉ်တွေဟာ ‘မုန်တိုင်းထဲက မိန်းမများ’ ဆိုတဲ့ သရုပ်ကို ဘယ်လို ဖော်ထုတ် တင်ပြသွားမလဲဆိုတာ ဝန်ဇင်းစာချစ်ပရိသတ်ကြီး ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

နောက်ဆုံးအနေနဲ့ ညွှန်းဆိုရရင်တော့ ဒီစာအုပ်ဟာ လောကအသိအမြင် တစ်စုံတစ်ရာနဲ့အတူ စိတ်ဓါတ်ခွန်အားတွေကိုပါ စာဖတ်သူရဲ့ နှလုံးသားထဲ စီးဝင်သွားနိုင်တာမို့ ဝတ္ထုတိုချစ်သူတိုင်း လက်မလွှတ်သင့်ပါဘူးလို့ ပြောကြားရင်း ဖတ်ရှုမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ တစ်ဆက်တည်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။ 
…….
ခုလို ရသဝတ္ထုတို စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 



Related Posts