ယနေ့အတွက် ဖတ်စရာကဏ္ဍ


“လူတန်းစားတစ်ရပ်၏ ဘဝကို စာနာခံစားသိရှိသွားစေမယ့် စိမ့်စမ်းဖြူ၏ မိုးမခအလွမ်း”
စာအုပ်အမည်      -           မိုးမခအလွမ်း
စာရေးသူ            -           စိမ့်စမ်းဖြူ
ဖတ်ညွှန်းတို        -           ဆရာမ စိမ့်စမ်းဖြူရဲ့ တတိယမြောက်လုံးချင်းဝတ္ထု ဖြစ်ပါတယ်။ စာအုပ်အမည်က မိုးမခအလွမ်းလို့ ဆိုထားပေမယ့် ချစ်ခြင်း၊ မုန်းခြင်းတွေကိုသာ ရေးသားထားတဲ့ သာမန်လုံးချင်းဝတ္ထု တစ်အုပ် မဟုတ်ပဲ ဖြတ်သန်းခဲ့ရတဲ့ ခေတ်၊ စနစ်ကြီးထဲမှာ လူတွေ မသိလိုက်ပဲ (သို့) သတိမထားလိုက်ပါပဲ ဒုက္ခပေါင်းစုံကို ကြုံတွေ့ခံစားခဲ့ရတဲ့ မိသားစုဘဝတစ်ခုရဲ့ အကြောင်းကို ဇာတ်အိမ်တည် ရေးသားထားတဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ “မုန်တိုင်းပြီးရင် လေပြေလာသည်ဟု ဆိုသော်ငြားလည်း ခင်မုန်း၏ ဘဝမူကား လေပြေသည် ဘဝ၏ အစောပိုင်းကာလတွင် အလည်လာပြီးကတည်းက ပျောက်ချက်သား ကောင်းနေသည်” ဟု ရေးဖွဲ့ထားသည့် ခေတ်စနစ်ကြီးတစ်ခုကြောင့် ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရသည့် မိန်းမပျိုလေး တစ်ယောက်ရဲ့ အကြောင်း။ စာရေးသူ အမှာစာမှာတော့ ဒီဝတ္ထုရေးသားဖြစ်တဲ့ ရည်ရွယ်ချက်ကို “မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသည့် ဆန္ဒမရှိဘဲ ခေတ်တစ်ခေတ်၊ စနစ်တစ်ခု၊ လူတစ်စုတို့၏ သားကောင် ဖြစ်ခဲ့သော လူတန်းစား တစ်ရပ်၏ ဘဝကို စာနာခံစားသိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ဤဝတ္ထုကို ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ လက်တွေ့တွင်မူ ဖြစ်ရပ်များက ဝတ္ထုထဲကထက်ပင် ကြမ်းတမ်းခက်ခဲလှသည်။” လို့ ရေးသားထားပါတယ်။

- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၆၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ https://static.xx.fbcdn.net/images/emoji.php/v9/f10/1.5/16/1f917.png 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။

- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts