ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာအုပ်အမည် - အဆုံးမရှိသော သိုင်းတေးသံ 
စာရေးဆရာ - ဖြိုးဝေအောင်
	
စာစဉ်နံပါတ် - ၃

စာမြည်း …..

“ဒဏ္ဍာရီပုလွေသိုင်းသမားနဲ့ မီးအိမ်ရှင်အဖွဲ့က တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒဏ္ဍာရီပုလွေသိုင်းသမား ပေါ်လာကတည်းက သူ့ရဲ့ ဦးတည်ချက်က ဒုစရိုက်သမားတွေကိုပဲ"

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကစပြီး ပန်းပဲရဲတိုက်က ချင်းဝူမြို့မှာ ထွက်တဲ့ သံတွေအကုန်လုံးကို လိုက်လံဝယ်ယူတယ်၊ ဘယ်လောက်ထိ ဆိုးသလဲဆို ကျုပ်တို့ဆိုင်တွေမှာရှိတဲ့ လုပ်ပြီးသား လက်နက်တွေကအစ ဈေးကြီးပေးပြီး ဝယ်တာ၊ နောက်ပိုင်းလည်းရောက်ရော ကျုပ်တို့မှာ ထုလုပ်စရာ သံမရှိတော့ဘူး၊ ဝယ်လို့လည်း မရတော့ဘူးလေ၊ ပန်းပဲရဲတိုက်က အကုန်လက်ဝါးကြီး အုပ်ထားလိုက်ပြီ”

“ငါက လီရှဲ့ကု လီမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ပဲ၊ ငါတို့ လီမျိုးနွယ်တွေဟာ အောင်မြင်ကျော်ကြားတဲ့ ဗိသုကာပညာရှင်တွေပေါ့၊ ငါတို့ ဘိုးဘေးဖြစ်တဲ့ လီမင်လက်ထက်တုန်းကဆိုရင် အသံနဲ့ ထိန်းချုပ်နိုင်တဲ့အထိ မြင့်မားတဲ့ အဆင့်တစ်ခုထိ ရောက်ခဲ့တယ်၊ ဒါပေမဲ့ အခုချိန်မှာတော့ ဒါတွေဟာ ယုံတမ်းတွေ ဖြစ်ကုန်ပြီ”

“သိုင်းလောကမှာ သတင်းကြီးတဲ့ သေမင်းဘုရင်ရဲ့ လျှို့ဝှက်ချက်က အဲဒီ လက်နက်ဆန်းပဲ၊ ဟုတ်တာပေါ့၊ အကြိတ်အနယ် တိုက်ခိုက်နေတဲ့အချိန်မှာ ကြောက်စရာ လက်နက်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ချိုးယိမုန့်က သူ့ရဲ့ ပြိုင်ဖက်တိုင်းကို အသေသတ်နိုင်တာ မထူးဆန်းတော့ဘူး”

။         ။ ကဲ … ဒီစာစဉ် ( ၃ ) မှာတော့ သို့လောသို့လော သံသယများစွာ ၊ ခန့်မှန်းရခက်တဲ့ အရှုပ်အထွေးများစွာရှိနေတဲ့ သူဌေးကြီးယွမ်ကျိ အသတ်ခံရတဲ့အမှုကို မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် ပန်းပဲရဲတိုက်ရဲ့ လျှို့ဝှက်အကြံအစည်တွေကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

သိုင်းဝတ္ထုချစ်ပရိသတ်ကြီးလည်း သိုင်းဝတ္ထုကောင်းကောင်း ဖတ်ချင်တယ်ဆိုရင် ‘အဆုံးမရှိသောသိုင်းတေးသံ’ ကို ဖတ်ရှုကြည့်ဖို့ မမေ့ပါနဲ့ဦးလို့ တိုက်တွန်းလိုက်ပါရစေ။



- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၁၀၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
- အောင်မြင်သူတိုင်း စာဖတ်ကြသည်။
- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts