ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူများအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေမိတ်ဆက် ပေးချင်တဲ့စာအုပ်ကတော့ ဆရာမြသန်းတင့်ရဲ့ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း ဆိုတဲ့စာအုပ်လေးပါပဲ။ ဒီစာအုပ်ဟာ ဘာသာပြန်နဲ့ ပင်ကိုရေးစာရေးဆရာကြီး ဆရာမြသန်းတင့်ရဲ့ လက်ရာဖြစ်ပြီး ထောင်ထဲကိုဆယ်ကြိမ်မြောက်ရောက်သွားတစ်ယောက်ရဲ့အကြောင်းကို ပြန်လည်ရေးသားထားတဲ့ ဖြစ်ရပ်မှန် ဝတ္ထုတစ်ပုဒ်ပါ။ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ကို ၁၉၆၁ ခုနှစ်မှာ မော်ကွန်းစာစဉ် အမှတ် ၁ နဲ့ ၂ တို့မှာ ပထမဦးဆုံး ထည့်သွင်းဖော်ပြခဲ့ပါတယ်။ လိုက်ခဲ့တော့မြနန္ဒာ ဝတ္ထုနဲ့တွဲပြီး လည်းပုံနှိပ်ထုတ်ဝေခဲ့ဖူးပါတယ်။ 

ပထမဦးစွာ ဆရာမြသန်းတင့်မှာ လူထုဦးလှ ရေးသားခဲ့တဲ့ “အားလုံးနေကောင်းကြရဲ့လား” စာအုပ်မှ ဇာတ်လိုက်ကျော် ချစ်သဲ ကို စာဖတ်သူများပြန်လည်မှတ်မိစေရန် -

[ ချစ်သဲသည် ၁၄ နှစ်သားလောက်ကတည်းက အိမ်မှ ထွက်ပြေးပြီး ရွာစဉ်လျှောက်ကာ လေလွင့်ခဲ့ပေ၏။ အရက်ဆိုင်၊ ပြည့်တန်ဆာအိမ် နှင့် ဖဲဝိုင်းတို့ကား  သူ ကျင်လည်ကျက်စားရာများ ဖြစ်ပေသည်။ ပထမဆုံး သူ ကျူးလွန်ခဲ့သော အမှုမှာ ကျောင်းသားလေး တစ်ယောက်ကို မျက်နှာ ဓားနှင့် ထိုးကာ လက်စွပ်ကို လုယကမှု ဖြစ်၏။ ထိုစဉ်က ချစ်သဲမှာ အသက်မစေ့သေး၍ တစ်ကြောင်း၊ ဆွေမျိုးသားချင်း ရပ်ဆွေရပ်မျိုးတို့ အကူအညီကြောင့် တစ်ကြောင်း၊ ထောင်တန်းကျသည်အထိ မဖြစ်ခဲ့ပေ။ ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းလာပြီး အရွယ်ရောက်သောအခါတွင် ချစ်သဲသည် အရပ်ထဲတွင် လူဆိုးလူပေ ဖြစ်လာလေပြီ။ ရွာနီးချုပ်စပ် ဘုန်းကြီးပျံ စသည်တို့တွင် လူရိုက်စရာရှိလျှင် ချစ်သဲကို လာ၍ ငှားရမ်းကြ၏။ ချစ်သဲသည် ကောက်ညှင်းအရက် တစ်ပုံးလောက်ကို အခကြေးငွေအဖြစ် လက်ခံကာ လူငှား ရိုက်ပေး၏။ နောက် လူရည်လည်သောအခါ “အလုပ်” လုပ်တတ်လာ၏။ သူ့ဝေါဟာရအရ အလုပ်ဆိုသည်မှာ နည်းနည်းပါးပါး ခိုးခြင်း၊ လုခြင်း စသည်တို့ပင်တည်း။ သို့ဖြင့် သူသည် ထောင်နှင့် ရွာကို အိမ်ဦး ကြမ်းပြင်ပမာ ကူးသန်းသွားလာနေခဲ့ပေ၏။
ဂျပန်ခေတ် ရောက်သောအခါ ချစ်သဲသည် ချွေးတပ်ထဲသို့ လိုက်၏။ သူ့ရွာကို လာ၍ ချွေးတပ် စုသောအခါတွင် ချစ်သဲသည် ချွေးတပ် တံဆိပ်ကို လက်မောင်းတွင် ပတ်ကာ ချွေးတပ်ကို ရှေ့ဆုံးမှ ဝင်ခဲ့လေသည်။ သို့ရာတွင် ချွေးတပ်တွင် ကြာကြာမနေ၊ ထွက်ပြေးလာခဲ့ပြီး ရွာသို့ ပြန်ရောက်လာသည်။ ရွာနီးချုပ်စပ်တွင် ချွေးတပ်ဆွဲသောအခါ ချွေးတပ်ပြန် ချစ်သဲကို ငွေစု၍ လာငှားကြသည်။ ချစ်သဲသည် ငွေကို လက်ခံ၍ အရက်ကို မိုးမလင်းသောက်၊ ဖဲဝိုင်းတွင် အိပ်ကာ ချွေးတပ် အငှားလိုက်လာသည်။ ထုံးစံအတိုင်းပင် မော်လမြိုင်ဘက် အရောက်တွင် ချွေးတပ်မှ ထွက်ပြေးပြန်သည်။ ဂျပန်ခေတ်တွင် သူ့အလုပ်မှာ ရွာနီးချုပ်စပ်တွင်ရှိသည့် ဘုရားပွဲ၊ ဘုန်းကြီးပျံတို့ကို စောင့်ရှောက်ပေးသည့် အလုပ်နှင့် ချွေးတပ်ငှားလိုက်သည့် အလုပ်သာ ရှိ၏။ နည်းနည်းပါးပါး အလုပ်လုပ်၏။ သို့နှင့် ထောင်သို့ ရောက်ပြန်လေသည်။  (ယခုစာအုပ်မှ . . . ဟု သူ့အကြောင်းကို ပြန်လည်မိတ်ဆက်ပေးပြီး ဝတ္ထုကိုစတင်ထားပါတယ်။ ]

လူထုဦးလှ ရေးသည့် “အားလုံး နေကောင်းကြရဲ့လား” တွင် ချစ်သဲသည် အသက် ဆယ့်လေးနှစ်ကတည်းက ထောင်သို့ ရောက်ကြောင်း၊ ဦးလှနှင့် တွေ့သည့်အချိန်အထိ ထောင်ကျသည်မှာ ကိုးကြိမ် ရှိပြီ ဖြစ်ကြောင်း၊ ထောင်ထဲတွင် “အားလုံး နေကောင်းကြရဲ့လား” ဟု အော်သံကြီးကို ကြားရတိုင်း လိပ်ပြာမသန့် ဖြစ်ရကြောင်း စသည်ဖြင့် ချစ်သဲ၏ ဘဝကို ရေးခြယ် ပြထားပေသည်။
“ဆရာဦးလှ ရေးတဲ့ အဖြစ်အပျက်တွေဟာ အားလုံး အမှန်ချည်းပဲ ဆရာ။ ပိုပြောတာလည်း မပါဘူး၊ ထိမ်ချန်ထားတာလည်း မပါဘူး။ ကျွန်တော့်ဘဝ အမှန်ပဲ။ နောင်လာမယ့် ကလေးတွေ ကျွန်တော့်လို မမိုက်အောင် သင်ခန်းစာရပါစေတော့ဆိုတဲ့ သဘောပေါ့ ဆရာ”
ချစ်သဲသည် ကြက်သွန်ဥကို ဘယ်လက်ဖြင့် သစ်သားခုံပေါ်တင်ထားပြီး ညာဘက်မှ ဓားကို ခုံစောင်းပေါ်တွင် မှေးတင်၍ ကြက်သွန်အလှီး ရပ်လိုက်၏။ ( ယခုစာအုပ်မှ … )

စတဲ့ ဇာတ်လိုက်ကျော် ချစ်သဲ ထောင်ထဲကို ဆယ်ကြိမ်မြောက်အဖြစ် ဘယ်လိုရောက်ရှိလာတဲ့အကြောင်းကို ကို ဝန်ဇင်းစာချစ်သူများဖတ်ရှုရမှာ ဖြစ်ပါတယ်။

ကဲ … ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်ကို ဝယ်ယူ ဖတ်ရှုလိုက်ရအောင်ခင်ဗျ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts