ယနေ့အတွက် ဖတ်စရာကဏ္ဍ


လုံးဝ အကြမ်း ဇာတ်လမ်းမျိုးမှ ဖတ်ချင်တယ်ဆိုသူများအတွက် ပင်ကိုရေး သိုင်းဝတ္ထုရှည်သစ် - မှော်ဝင်နတ်ဆိုး - ကို ဝန်ဇင်းမှာ ဖတ်ရှုနိုင်ပါပြီ !!!

စာအုပ်အမည် - မှော်ဝင်နတ်ဆိုး
စာစဉ်အမှတ် - စာစဉ် (၁)
စာရေးသူ - Out Ber

ဖတ်ညွှန်း ။	။ လက်မရွံ့ ကြေးစားလူသတ်ဂိုဏ်းဖြစ်တဲ့ ‘သေမင်းတမန်ဂိုဏ်း’ ဟာ ဒီဝတ္ထုရဲ့ အခရာပဲ။ ချူသံကြားလိုက်တာနဲ့ အထိန်းချုပ်ခံ စက်ရုပ်ပမာ လူ့စိတ်ကို ပြောင်းလဲသွားစေတဲ့ အာရုံထိန်းဆေး၊ ဂိုဏ်းမှ ထွက်မပြေးရဲအောင် ဦးနှောက်စားပိုးဆေး၊ ဂိုဏ်းထဲမှာ သစ္စာရှိရှိ ပျော်မွေ့နေအောင် ခပ်တောင့်တောင့် မိန်းမပျိုလေးတွေနဲ့ ဝန်းရံနေစေတဲ့ ကာမရမ္မက်နွံ … ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားနေတဲ့ သေမင်းတမန်ဂိုဏ်းဝင်ထဲမှာ ကလေးလူသတ်သမားတွေက စာဖတ်သူ အတွက် ထင်မထားတဲ့ ဇာတ်လမ်းတွေကို ပေါ်ပေါက်လာစေတယ်။ သူတို့က အများအားဖြင့် ဆယ်ကျော်သက် ကောင်လေးတွေပဲ။

စမ်းသပ်စစ်ဆေးမှုများစွာအောက်မှာ သူတို့ရဲ့ စိတ်နှလုံးဟာ ဂိုဏ်းနဲ့ တသားတည်း ဖြစ်နေရတယ်။ ဒီနေ့ သူငယ်ချင်းဖြစ်ပေမင့် နောက်ရက်မှာ ကိုယ်သတ်ရမယ့် သားကောင် ဖြစ်သွားနိုင်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်ကြရတယ်။ အဲ့ဒီလို ဂိုဏ်းထဲမှာ ‘စင်းလုံ’ ဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ သူများနဲ့မတူဘူး။ စင်းလုံမှာတော့ ဂိုဏ်းချုပ်တောင် မသိတဲ့ လျှို့ဝှက်ချက်များစွာနဲ့ … ။ ပြီးတော့ ဂိုဏ်းရဲ့ ပျော်တော်ဆက်မင်းသမီး မာယာရှင်ဝေဝေရဲ့ စိတ်ကို ပျော့ခွေကျသွားအောင် လုပ်နိုင်သူတစ်ယောက်ပေါ့။ မာယာရှင်ဝေဝေရဲ့ စိတ်ကို သိမ်းသွင်းဖို့ ကြိုးစားတဲ့ စင်းလုံရဲ့ အကြံအစည်တွေကလည်း လျှို့ဝှက်သလို သူ့ကို လုပ်ကြံဖို့ စောင့်နေတဲ့ အာဏာကို သူ့ထက်ငါ အလုအယူရလိုသူ ဂိုဏ်းတူသား ပိုက်ထို။ 

နူးနူးညံ့ညံ့ ဒရာမာဇာတ်လမ်လေးတွေ ရောယှက်ထားတဲ့ ခမ်ကြမ်းကြမ်း သိုင်းဝတ္ထုကိုမှ ဖတ်ချင်တယ် ဆိုရင်တော့ လူငယ်တွေ အကြိုက်ဖြစ်မယ့် ‘မှော်ဝင်နတ်ဆိုး’ ဟာ စာချစ်သူတို့ ရွေးချယ်ဖို့ အသင့်ဆုံးပါပဲ။ အခုမှ စာစဉ် ( ၁ ) ဆိုတော့ ခုပဲ ဖတ်လိုက်တော့ဗျို့ … ။

-	ဒီစာအုပ်ကို ဖတ်မယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ သိုင်းဝတ္ထုချစ်သူတိုင်း လက်မလွှတ်တမ်း ခုပဲ ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။  

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts