ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများ စာအုပ်တွေ အဆက်မပြတ် ဖတ်ရှုနိုင်ဖို့အတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်တွေနဲ့ မိတ်ဆက် တင်ပြပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာမ မြပုလဲခင်ရဲ့ ( ၂၅ ) အုပ်မြောက်အထူးအဖြစ် ထွက်ရှိလာတဲ့ “ချစ်သရဖူ” နဲ့ မောင်မောင်ကျော် ( ၈၈ ) ရဲ့ “ယန်ကီးမြေပေါ်က ကျွန်တော့်ရဲ့ အချို့သော ဘဝအတွေ့အကြုံကလေးတွေ” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးမှာကတော့ စာရေးဆရာမ မြပုလဲခင်ရဲ့ “ချစ်သရဖူ” ဆိုတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူထွက်ရှိခဲ့သမျှ စာအုပ်တွေရဲ့ ( ၂၅ ) အုပ်မြောက်အဖြစ် အထူးထွက်ရှိလာတဲ့ ဝတ္ထုစာအုပ်ဆိုလည်း မမှားပါဘူး။ သေချာပေါက် ညွှန်းချင်တာကတော့ ဒီဝတ္ထုလေးက စာချစ်သူတို့ရင်ထဲ ( လုံးဝ ) ကျန်ခဲ့ပါလိမ့်မယ်။ မာနရှင်သူဌေးသမီးလေး ရွှေပိုးအိနဲ့ သူမသူငယ်ချင်းလေး သင်းမောင်ရီ၊ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူ ဆင်းရဲသားကောင်လေး ကျော်ဝေ။ သူတို့သုံးယောက်ကြားက သံယောဇဉ် ဆက်နွယ်မှုကို ငယ်စဉ် ကျောင်းသားကျောင်းသူ အရွယ်ကတည်းကစလို့ ရင့်ကျက်ကြီးပြင်းလာတဲ့အထိ အဖြစ်အပျက်တွေကို ရေးဖွဲ့ပြထားတယ်။ ဒီစာအုပ်ကို ဖတ်ရှုတဲ့အခါမှာ စာချစ်သူတို့ ငယ်စဉ်ဘဝ ကျောင်းတက်စဉ်အရွယ်ကို ပြန်ရောက်သွားမှာဖြစ်သလို သူတို့သုံးယောက် ကြီးပြင်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ သဘောထား၊ ခံယူချက်နဲ့ ရှုထောင့်အမြင်တွေ၊ ပြောင်းလဲလာတဲ့ ဇာတ်လမ်းသွားက စာချစ်သူရဲ့ စိတ်ဝင်စားမှုကို ဝတ္ထုဆုံးတဲ့အထိ ဆွဲခေါ်သွားမယ်လို့ အာမခံပါတယ်။ 

“အတိတ်ဟူသည် အနာဂတ်၏ အောင်မြင်မှုကို မထိခိုက်စေနိုင်ဘူးဆိုပါက သတိရကောင်းသော အရာတစ်ခုဖြစ်သည်။” ( စာအုပ်မှ ) ဆင်းရဲတဲ့ဘဝကို ကျော်နင်းပြီး ကြိုးစားဖြတ်သန်းခဲ့တဲ့ ကျော်ဝေဟာ မာနရှင်သူဌေးသမီး ပိုးအိရဲ့ ငယ်ကြီးပေါင်းဖော် သူငယ်ချင်း၊ ငယ်နိုင်တစ်ယောက်လည်း ဖြစ်တယ်။ သူမရဲ့ သူငယ်ချင်း သင်းမောင်ရီကို ကျော်ဝေတစ်ယောက် မေတ္တာသက်ဝင်သွားတဲ့အခါ … “အချစ်တို့အလွမ်းတို့ဆိုတာ အလုပ်မရှိသူတွေအတွက် ဇိမ်ခံပစ္စည်းလို အပိုပစ္စည်းပဲလို့ ငါတော့ ယူဆတယ်” ( စာအုပ်မှ ) ဆရာမမြပုလဲခင်ရဲ့ ( ၂၅ ) အုပ်မြောက် အထူးဖြစ်တဲ့ “ချစ်သရဖူ” ဝတ္ထုထဲမှာ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုးကို ဖတ်ရှုခံစားရမလဲဆိုတာသိရဖို့ အခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဝန်ဇင်းစာချစ်သူတွေ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုဖို့ မမေ့ပါနဲ့ဦးဗျ။ 

( ၂ ) နောက်ထပ် မိတ်ဆက်ပေးမှာကတော့ မောင်မောင်ကျော် ( ၈၈ ) ရေးသားတဲ့ “ယန်ကီးမြေပေါ်က ကျွန်တော့်ရဲ့ အချို့သော ဘဝအတွေ့အကြုံကလေးတွေ” ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ စာရေးသူ ဖြတ်သန်းခဲ့တဲ့ အမေရိကန်အလုပ်သမားဘဝ ( ၁၉ ) နှစ်တာ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထင်ဟပ်ပြထားပါတယ်။ ဒီထဲမှာ အလုပ်သမားသမဂ္ဂတွေနဲ့ ဆယ်နှစ်ကျော်ကြာ ဆက်နွယ်ပတ်သက်ခဲ့မှုကတစ်ဆင့် ရရှိခဲ့တဲ့ အသိတွေ၊ အလုပ်သမားသမဂ္ဂတွေရဲ့ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှု သဘောသဘာဝတွေကို အရင်းရှင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်းမှာ ရုန်းကန် ရှင်သန်နေရတဲ့ အလုပ်သမားတစ်ဦးရဲ့ ဖြစ်ပျက်ကြုံတွေ့ခဲ့မှုအတွင်းမှ ဖော်ထုတ်တင်ပြထားပါတယ်။

“ကျွန်တော့်ရဲ့ ဆန္ဒကတော့ မြန်မာနိုင်ငံတော်မှာ ပါလီမန်ဒီမိုကရေစီ အောင်မြင်စေချင်တယ်။ အလုပ်သမားသမဂ္ဂတွေ ထွန်းကားအောင်မြင်စေချင်ပါတယ်။ အမေရိကန်ပြည်မှာ ကျွန်တော်တို့ တွေ့ကြုံကြရတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေဆိုတာ နိုင်ငံရေး အရမ်းအားကောင်းတဲ့သူတွေ၊ တစ်နည်းအားဖြင့် ပါတီနိုင်ငံရေးမလုပ်တဲ့ နိုင်ငံရေးသမားတွေပါ။ ကျွန်တော်တို့ အလုပ်သမားသမဂ္ဂနဲ့ အလုပ်ရှင်တို့ရဲ့အကြားက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ် အားပြိုင်ခဲ့ကြတာတွေ ကျွန်တော် အလွန်သဘောကျမိခဲ့တယ်။ မြန်မာပြည်က ဒီမိုကရေစီ နိုင်ငံရေးအခင်းအကျင်းမှာလည်း အဲဒီလို နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားစေချင်မိတယ်” လို့ စာရေးသူက သူ့ရဲ့ ဆန္ဒကို ပြောပြထားတယ်။

ဒီစာအုပ်ဟာ နိုင်ငံရေးဆန်တာပဲ ငါနဲ့မဆိုင်ဘူးဆိုပြီး လစ်လျူရှုထားရမယ့် စာအုပ် မဟုတ်ပါဘူး။ အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ ပုဂ္ဂလိကဝန်ထမ်းပဲဖြစ်ဖြစ် … အလုပ်သမားတစ်ယောက်အဖြစ် ရပ်တည် ရုန်းကန်နေတဲ့သူတိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်ဖြစ်တာမို့ ဖတ်ရှုလေ့လာထားသင့်ပါတယ်။

ကဲ … ခုလို မိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts