ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်က မြန်မာ့နိုင်ငံရေးမှာ ထင်တိုင်းကြဲခဲ့သော နဝတ စစ်အစိုးရ၏ လုပ်ရပ်များနှင့် သမိုင်းတွင် နာမည်ဆိုးဖြင့် မှတ်တမ်းဝင်သော နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်အကြောင်း ]

…………

လာမယ့် သြဂုတ်လ ( ၈ ) ရက်နေ့မှာဆိုရင် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ( ၃၀ ) ပြည့်ပြီပဲ ဖြစ်ပါတယ်။ သမိုင်း အဖြစ်အပျက်တွေကတော့ ဖြစ်ပျက်ခဲ့ပြီးပြီ ဆိုပေမဲ့ သမိုင်းကို ဖန်တီးခဲ့သူ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကတော့ ပြည်သူတွေအတွက် ဘယ်တော့မှ မေ့ဖျောက်လို့ရမှာ မဟုတ်သလို အနာဂတ်နိုင်ငံရေးအတွက် သတိထား လေ့လာစရာ မှတ်တမ်းတွေအဖြစ် ကျန်ရစ်နေမှာပါ။ ဒီလို သမိုင်းမှတ်တမ်းမျိုးကို ပြုစု ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကတော့ ဝန်ဇင်းစာချစ်သူတို့ ရှေ့မှောက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 

အဲ့ဒီစာအုပ်ရဲ့ အမည်ကတော့ - ‘မြန်မာနိုင်ငံတွင် ပထမဦးဆုံး အာဏာအသိမ်းခံရသော ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဗိုလ်ချုပ်ကြီး စောမောင်’

စာရေးသူကတော့ -  ဆရာ သန်းဝင်းလှိုင်ပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ထဲမှာ ဘာတွေကို မြင်တွေ့ ဖတ်ရှုရမလဲ ?

-	နိုင်ငံတော် အာဏာကို သိမ်းပိုက်ဖို့ သုံးကြိမ်တိုင် ကြိုးပမ်းခဲ့သူ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ လုပ်ရပ်များနဲ့ နိုင်ငံတော် အာဏာ သိမ်းပိုက်လိုက်နိုင်ပြီးနောက် စစ်အစိုးရရဲ့ လှုပ်ရှားမှု ပုံရိပ်တွေ ။

-	ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်အင်အားဖြင့် ရက်စက်စွာ ဖြိုခွင်းပြီးနောက် နိုင်ငံတော်တစ်ဝန်းလုံး ဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီထိန်းသိမ်းသည်ဟု ဆိုကာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီမှာ ကြေညာခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ စီမံချက်နှင့် လုပ်ရပ်များ ။


-	မြန်မာနိုင်ငံကို ကျွန်တော် ကယ်တင်ခဲ့သည် ဆိုသော ဗိုလ်ချုပ်ကြီး စောမောင်၏ အင်တာဗျူးနှင့် ယင်းအပေါ် စာရေးသူ သန်းဝင်းလှိုင်၏ အမြင် သုံးသပ်ချက်များ ။ 

-	ယင်းအချိန်ကာလအတွင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးလှုပ်ရှားမှု ပုံရိပ်များ ။

-	သမိုင်းဝင်ဓါတ်ပုံများ ။ 

ဒါတွေအပြင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ( နဝတ ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပြည်သူတွေအပေါ် သဘောထားနဲ့အတူ ဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်၏ အင်တာဗျူးမှ ပြောကြားချက်တွေနှင့် ၄င်းတို့ န - ဝ - တ / န - အ - ဖ လက်ထက်က နိုင်ငံရေးလှုပ်ရှားခဲ့မှု ပုံရိပ်များ ….. စတဲ့ သမိုင်း အစုံအလင်ကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

“၁၉၈၈ အရေးအခင်း ကာလကြီးမှာ တန်ပြန်အဖျက်အမှောင့် လုပ်ငန်းများကို ဆောင်ရွက်ရန် ဆိုတဲ့ အမိန့်ကို ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအနေနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာကို ပြန်သတိရမိပါတယ်။ အစိုးရ အလိုတော်ရိများကတော့ ဒီအမိန့်ဟာ အတုကြီးဆိုပြီး ပြောကြတာ ရှိပါတယ်။ အတုလား၊ အစစ်လားတော့၊ ကျွန်တော်တို့ မပြောတတ်ပါဘူး။ အဲ့ဒီ အမိန့်အတိုင်း ဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ သမိုင်းက သက်သေခံနေပါတယ်” ( စာအုပ်မှ … ) 


[ တော်လှန်ရေးကောင်စီခေတ် ၁၂ နှစ်၊ လမ်းစဉ်ပါတီ အစိုးရခေတ် ၁၄ နှစ်၊ စုစုပေါင်း ၂၆ နှစ်တာကာလအတွင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ထိုစဉ်က ကမ္ဘာပေါ်တွင် ခေတ်စားနေသော “ဆိုရှယ်လစ်” ဆိုင်းဘုတ်ကို ကောက်ချိတ်ပြီး ရာဇပလ္လင်ပေါ် တက်ထိုင်ကာ အာဏာသုံးရပ်ကို အပြည့်အဝ ချုပ်ကိုင်၍ မစားရ ဝခမန်း စိတ်ကူးယဉ် အိပ်မက်များကို အကောင်အထည်ဖော်ကာ ဆိုဗီယက်ပုံစံ တစ်ပါတီ ဆိုရှယ်လစ် အာဏာရှင်စနစ် တည်ဆောက်ခဲ့သောကြောင့် သယံဇာတ ပေါကြွယ်လှသော မြန်မာနိုင်ငံသည် ၄၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့သော ၉၆ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ( ၄၂ / ၄၂၈ ) အရ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ( အဆင်းရဲဆုံးနိုင်ငံ ) စာရင်းသို့ သွတ်သွင်းခံလိုက်ရလေသည်။ ] ( စာအုပ်မှ … ) 

ကဲ … ဒီတော့ ဝန်ဇင်းပရိသတ်ကြီးထဲက စာချစ်သူတွေအနေနဲ့ အရေးပါပြီး ကြီးမားတဲ့ အချိုးအကွေ့တွေ ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးသမိုင်း တစ်ထောင့်တစ်နေရာကို ကြည့်ရှု သိမြင်လိုတယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဈေးနှုန်းသက်သာစွာ  ဝယ်ယူဖတ်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

…………

စာရေးဆရာ သန်းဝင်းလှိုင်ရဲ့ စာအုပ်တွေအပြင် အခြား သုတ/ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။





Related Posts