ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့

(၁) သောင်းဝေဦး ရဲ့ ရွာဟေ့လူ တိုက်ပွဲ ၊ ဒီစာအုပ်ကတော့ ဆရာသောင်းဝေဦးရဲ့ အတော်လေးထူးခြားတဲ့ စာအုပ် ၊ တိုက်ပွဲနှင့် ပတ်သက်ပြီး KNU ဘက်မှ ရောဘတ်ဘဇန်က သူတို့၏ ခံစစ်ပြင်ဆင်မှုများကို ရေးခဲ့သည်။ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်ရေးသားထားသည်များ ပါရှိပါတယ် ၊ အတော်ပြည့်စုံတဲ့ စာအုပ်တစ်အုပ်ပါ ။

မြန်မာ့တပ်မတော်က ဗိုလ်မှူးကြီးကိုကိုကျော် (စစ်နွေ) မှ ရွာဟေ့လူသိမ်းပြီးနောက် သူရင်ဆိုင်ခဲ့ရတဲ့ Thai Army နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းခဲ့ရသည့် ပြဿနာများကို အကြောင်းစုံ အကုန်နီးပါးသိရအောင် ရေးသားခဲ့တဲ့ စာအုပ် ။

ဒါ့အပြင် ရွာဟေ့လူတိုက်ပွဲ စာတမ်းအားပြုစုခဲ့သူ ဗိုလ်မှူးကြီးသန့်ဇင်ဦး (စစ်ဦးစီးဗိုလ်မှူးကြီး) ကမ်းရိုးတန်းတိုင်းမှ ဒီတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူဖြစ်ပြီး သူ့စာတမ်းပါ အချက်အလက်များကို ကျွန်တော် ကိုးကားနိုင်ရန် ပေးအပ်ခဲ့တယ်လို့ ဆရာသောင်းဝေဦး ရဲ့ အမှာစာမှာပါရှိပါတယ် ။

(၂) “သင်းရနံ့လှိုင်” က ရိုးသားတဲ့ တောသူမလေး ၊ မင်းသန့်ထည် ဆိုတဲ့ ညီညီ နဲ့ မင်းခန့်ထည် ဆိုတဲ့ ကိုကို အကြားမှာ ဗျာများရရှာတဲ့ ကောင်မလေး ၊ အချစ်ဆိုတာ ကောင်းကင်ကြီးဖြစ်ခဲ့ရင် ကိုကိုနဲ့ရနံ့က ကြယ်ပွင့်လေးတွေ ဖြစ်ချင်သည်။ ဒါမှ ကောင်းကင်ဆိုတဲ့ အချစ်ဗိမာန်ကြီးပေါ်မှာ သူတို့ဘဝတွေ တည်တံ့ခိုင်မြဲနေမှာ ဆိုပေမဲ့ ကိုကိုကကော ရနံ့ ကို မေတ္တာတကယ်ရှိပါ့မလား ? 
မိုးစက်ပွင့် ရဲ့ ကိုကိုမုန်းမှာစိုး မှာ ခံစားကြည့်ကြပါ ။

(၃) နိုင်ငံ့ခေါင်းဆောင်များ၏ အထင်ကရမိန့်ခွန်များ - တင်နိုင်တိုး ၊ ဒီစာအုပ် က 
မြန်မာနိုင်ငံတွင် နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများနှင့် ပတ်သက်၍ စာအုပ်စာတမ်းအများအပြား ထွက်ခဲ့ဖူးပါတယ် ။ ယနေ့တိုင်လည်း ထွက်နေဆဲဖြစ်ပါတယ် ။ ဒီ စာအုပ်မှာ မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက်ထင်ရှားခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများရဲ့ မိန့်ခွန်းအချို့ကို ရှာဖွေစုဆောင်းကာ မှတ်တမ်းတင်ထားတယ်လို့ ဖော်ပြပါရှိပါတယ် ။ အဲ့ဒီအပြင် မိန့်ခွန်းတစ်ခုချင်း၏ ဟောကြားခဲ့ရာအချိန်၊ နေရာနှင့် နောက်ခံအခြေအနေကိုလည်း အတိုချုပ်အားဖြင့် ရှာဖွေတင်ပြထားတာတွေရ့ပါတယ် ။ အထူးသဖြင့် မိန့်ခွန်းအများစုထဲမှ ထူးခြားသည့်အထင်ကရမိန့်ခွန်းများကို စုစည်းထားတာဖြစ်တာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်အဖြသ် ညွှန်းဆိုပေးလိုက်ရပါတယ် ။

ဒါဆိုရင် မိမိကြိုက်နှစ်သက်တဲ့ စာအုပ်လေးတွေ ဝယ်ယူဖတ်ရှုလိုက်ရအောင်..

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts