ဒီနေ့အတွက် ဖတ်စရာကဏ္ဍ
“လက်တွေ့လောကထဲက ခေတ်သစ်ရှားလော့ဟုမ်းအကြောင်း အံ့အားသင့်ဖွယ် ဖတ်ရှုရမယ့်စာအုပ်”
ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 
ဝန်ဇင်းစာချစ်သူတွေ ဖတ်ရှုနိုင်ဖို့ ဆရာမ နိုင်းနိုင်းစနေရဲ့ စာအုပ်သစ်ကို မိတ်ဆက်ပေးပါရစေခင်ဗျ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိလာတဲ့ “ဒေါက်တာလီ ဖော်ထုတ်ခဲ့သော ဖြစ်ရပ်မှန်မှုခင်းများ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ စာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်းရဲ့ ရှားလော့ဟုမ်း၊ ရှားလော့ဟုမ်းကို မြန်မာမှုပြုထားတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့စုံထောက်ဦးစံရှားနဲ့ ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ စုံထောက်ဦးထင်ကျော် … စတဲ့ဇာတ်ကောင်တွေလိုမျိုး စုံစမ်းထောက်လှမ်းနိုင်မှု စွမ်းရည်တွေကို လက်တွေ့ဘဝမှာ ပိုင်ဆိုင်ထားသူကတော့ ဒေါက်တာလီပါပဲ။ 
အသေးစိတ်အချက်အလက်ကလေးတွေကို လေ့လာပြီး ခိုင်မာတိကျတဲ့ ကောက်ချက်ဆွဲထုတ်မှု၊ လေးနက်စွာ တွေးခေါ်စဉ်းစားမှု၊ ထိုးထွင်းဖန်တီးမှု၊ မမျှော်လင့်တဲ့ရှုထောင့်မှကြည့်ပြီး အမှုကို ဖြေရှင်းတတ်မှု စတဲ့ ရှားလော့ဟုမ်းလို အရည်အချင်းတွေရှိတဲ့ ပြင်ပကမ္ဘာထဲက ဒေါက်တာလီဟာ ကမ္ဘာကျော် စုံထောက်တစ်ဦးပဲ ဖြစ်ပါတယ်။ 
၁၉၉၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ၇ လောင်းပြိုင်လူသတ်မှု … ဖြစ်ပွားပြီး တစ်နှစ်လောက်ကြာမှ စစ်ဆေးဖို့ သူ့ဆီရောက်လာတဲ့အချိန်မှာ သဲလွန်စဆိုလို့ အမှိုက်ထုပ်လေးတစ်ခုပဲ ကျန်တယ်။ ဒါနဲ့ပဲ ကြက်ကြော်နဲ့ အာလူးချောင်းကြော်တချို့လွဲပြီး ဘာမှမပါတဲ့၊ ရေခဲသေတ္တာထဲမှာ တစ်နှစ်လောက်ကြာအောင် သိမ်းထားတဲ့ အမှိုက်ထုပ်ကို စစ်ဆေးပြီး ဒေါက်တာလီတစ်ယောက် အဆင့်ဆင့် တွေးခေါ် ဆက်စပ် စဉ်းစားပြီး ကောက်ချက်ချအဖြေထုတ်သွားတာ၊ နောက်ဆုံးတော့ ဒေါ်လာ ၂,၀၀၀ လောက်ကို လုယူပြီး လူခုနစ်ယောက်ကို သတ်ခဲ့တဲ့ တရားခံကို ဖော်ထုတ်နိုင်သွားတယ်။ ဖတ်နေရင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိတယ်။ တကယ့်ရှားလော့ဟုမ်းလိုပါပဲ။ 
သူ့နာမည်အပြည့်အစုံက Dr. Henry C.Lee, ခုဆို သူ့အသက် ၇၉ နှစ်ရှိပြီပေါ့။ အသက် ၃၀ လောက်မှာစပြီး မှုခင်းဆေးသိပ္ပံပညာရှင်လမ်းကြောင်းပေါ် လျှောက်ခဲ့တယ်။ သူ အမှုလိုက်စစ်ဆေးခဲ့တဲ့ နိုင်ငံပေါင်း ၅၀ ကျော်၊ အမှုပေါင်း ၈,၀၀၀ ကျော်ကို ဖော်ထုတ်ခဲ့တယ်။ နှစ်တိုင်းမှာ သူ့ဆီကို အကူအညီတောင်းတဲ့အမှုပေါင်း နှစ်သောင်းကျော်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီအထဲက သုံးလေးရာလောက်ကိုပဲ သူလက်ခံခဲ့တယ်။ များသောအားဖြင့် သူဟာ ငွေကြေးမယူတဲ့ပရဟိတအမှုလိုက်ခြင်းနဲ့ ကူညီခဲ့တာများတယ်။ 
ထင်ပေါ်ကျော်ကြားမှုကို မမက်ဘူး၊ ငွေကြေးနောက်မလိုက်ဘူးး။ အငြိမ်းစားယူခဲ့ပေမယ့် ဌာနက မကြာခဏပြန်လာခေါ်လို့ သူ့တစ်သက်မှာ အငြိမ်းစား သုံးကြိမ်ယူခဲ့ရတယ်။ အငြိမ်းစားယူပြီးလည်း ငြိမ်ငြိမ်မနေဘူး။ သူ့အတွေ့အကြုံနဲ့ သင်တန်းတွေကို ကမ္ဘာလှည့်ပြီး ဟောပြောတာမျိုးတွေ လုပ်နေခဲ့တယ်လို့ ဆရာမ နိုင်းနိုင်းစနေက အမှာစာထဲမှာ ပြောပြထားပါတယ်။ 
ဒီတော့ 
ဒေါက်တာလီဆိုတာ ဘယ်သူလဲ။ 
ဘာကြောင့် သူ့ကို ခေတ်သစ်ရှားလော့ဟုမ်းလို့ တင်စားတာလဲ။ 
ဘာကြောင့် သူက ဒီလောက် တော်နေရတာလဲ။ 
သူ့ဖော်ထုတ်ခဲ့တဲ့ နာမည်ကြီး ဖြစ်ရပ်မှန် အမှုအခင်းတွေ … ဒါတွေ ဖတ်ရှုနိုင်ဖို့ စာအုပ်က သင့်လက်ထဲမှာပါ။ 
အကြောင်းကိစ္စတစ်ခုအပေါ် စနစ်တကျ သုံးသပ်စဉ်းစား ဆင်ခြင်နိုင်စွမ်း၊ မှန်ကန်တဲ့ ကောက်ချက်ချမှု၊ ဆက်စပ်တွေးတောနည်း၊ ဖောက်ထွက်စဉ်းစားနည်း … စတဲ့ ဝန်ဇင်းစာချစ်သူတွေရဲ့ တွေးခေါ်နိုင်စွမ်းရည်တွေဟာ ဒီစာအုပ်ဖတ်ပြီးတဲ့အခါမှာ သိသိသာသာ မြင့်မားသွားပါလိမ့်မယ်။ 
ဖြစ်ရပ်မှန်အမှုအခင်းတွေဖြစ်တဲ့အတွက် ဗဟုသုတလည်း ရစေမှာဖြစ်သလို နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မှုခင်းထိန်းသိမ်းကာကွယ်နည်းတွေ၊ စုံထောက်နဲ့ရဲတွေရဲ့ ကြိုးစားအားထုတ်မှု၊ နည်းပညာ၊ မှုခင်းသဘောသဘာဝတွေကိုလည်း စုံစုံလင်လင် လေ့လာခွင့်ရမှာမို့ …
ကဲ … စာချစ်သူတို့အတွက် မဖတ်မဖတ် ဖတ်ရှုသင့်တဲ့စာအုပ်ပဲဖြစ်တယ်လို့ ယတိပြတ် ပြောလိုက်ပါရစေ။ 
ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေ *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ခုလို စာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က ဖြစ်ရပ်မှန် လျှို့ဝှက်သည်းဖို၊ စုံထောက်ဇာတ်လမ်း၊ စဉ်းစားတွေးတောရတာ ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 
Related Posts