ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်​ဇင်းစာချစ်​ပရိ​သတ်​ကြီး မင်္ဂလာပါခင်​ဗျ ...

ဒီ​နေ့မှာ ဝန်​ဇင်းစာချစ်​ပရိ​သတ်​ကြီးအတွက်​ ဆက်​လက်​ မိတ်​ဆက်​​ပေးလိုတာက​တော့ တက္ကသိုလ်​​နေလင်း​အောင်​ မြန်​မာပြန်​ "နဂါးနိုင်​ဓား" သိုင်းဝတ္ထုရဲ့ စာစဉ်​ ( ၂ ) ပဲ ဖြစ်​ပါတယ်​ခင်​ဗျ၊ ကျွန်​​တော်​တို့ ဝန်​ဇင်းပရိ​သတ်​ကြီးအတွက်​ ဒီသိုင်းဝတ္ထုရဲ့ အခန်း ( ၁၂ ) ခန်းပါဝင်​တဲ့ စာစဉ်​ ( ၁ ) ကို မ​နေ့က တင်​ဆက်​ခဲ့ပြီးဖြစ်​ပါတယ်​။ ဒီ​နေ့မှာ​တော့ အဲ့ဒီစာစဉ်​ရဲ့ အဆက်​ဖြစ်​တဲ့ ( ၂ ) ကို တင်​ပြသွားမှာပါ။

စာစဉ်​ ( ၁ ) မှာတုန်းက နဂါးနိုင်​ဓားနဲ့ ပတ်​သက်​ပြီး ဇာတ်​​ကောင်​အသစ်​​တွေ ​ပေါ်လာတယ်​၊ ဂိုဏ်း​အများအပြားလည်း ပါဝင်​ပြီး ပြဿနာ​တွေက ပိုရှုပ်​​ထွေးလာပါပြီ၊ ​နောက်​ဆုံးခန်းဖြစ်​တဲ့ ဓားပြပွဲ အခန်းမှာ​တော့ နာမည်​ကြီး ဟူတန်းဂိုဏ်းက ခွန်းလွန်​ဂိုဏ်းနဲ့ ​ရင်​ဆိုင်​ပွဲ၊ ဒီအခန်းမှာ နဂါးနိုင်​ဓား ​ပေါ်ထွက်​လာပြီး မျက်​ခုံးဖြူဂိုဏ်း၊ ​ဝေလငါးဂိုဏ်း၊ ဟိုင်းဆားဂိုဏ်းနဲ့ လက်​သီးဘုရင်​ဂိုဏ်းတို့က နဂါးနိုင်​ဓားကို ရယူဖို့ ပြင်းထန်​တဲ့ တိုက်​ပွဲ​တွေ ဖြစ်​ခဲ့ပါတယ်​။

ဒီတိုက်​ပွဲ​တွေရဲ့ ​နောက်​ဆက်​တွဲ အကျိုးဆက်​​တွေကို အခု စာစဉ်​ ( ၂ ) မှာ ဆက်​လက်​ဖတ်​ရှုရ​အောင်​ပါ။ စာစဉ်​ ( ၂ ) ထဲမှာ ​ရွှေခြ​င်္သေ့မင်း၊ ​ရေခဲမီး​တောင်​၊ ပင်​လယ်​မုန်​တိုင်း၊ ​မြောက်​ဝင်​ရိုးစွန်း၊ မီး​တောင်​​မြောက်​ကြီး၊ ​မြေပြင်​သို့အပြန်​၊ အတိတ်​၏ ​ဝေဒနာအရိပ်​များ၊ ​ကျောက်​​ကောင်းကို ​သွေးပြီ၊ သစ္စာနှင့်​ရန်​​ကြွေး၊ နှစ်​တစ်​ရာ​မွေး​နေ့၊ ဟူတန်း​တောင်​​ပေါ်၊ ဟူတန်းခုနှစ်​​ဖော်​ပြန်​ဆုံပြီ၊ ဟူတန်း​တောင်​ထိပ်​​ပေါ်ဝယ်​၊ ​မွေး​နေ့ဧည့်​သည်​များ၊ စိန်​​ခေါ်ပွဲကြီး၊ ​ရေခဲလက်​ဝါး ... စတဲ့ အခန်း​ပေါင်း ( ၁၆ ) ခန်းကို အပိုင်းခွဲ တင်​ပြထားပါတယ်​။

ဒီအခန်း​တွေမှာ နဂါးနိုင်​ဓားနဲ့ ပတ်​သက်​ပြီး ဘာ​တွေ ဆက်​ဖြစ်​ကြမလဲ ? ပြီးခဲ့တဲ့ ဓားပြပွဲမှာ​တော့ ချန်​ကျင်းဖန်​၊ မိုက်​ကျင်းနဲ့ ​ကော့သန်းတို့ သုံးဦးလုံး ​သေသွားခဲ့ပြီ။ တိုက်​ပွဲ​တွေ ပြင်းထန်​ပြီး ​ရွှေခြ​င်္သေ့မင်းဖြစ်​တဲ့ သိုင်းပညာရှင်​ ရှက်​စွန်းက လတ်​တ​လောမှာ နဂါးနိုင်​ဓားကို ရယူထားတယ်​၊ သူဟာ ဟူတန်းဂိုဏ်း​ခေါင်း​ဆောင်​ ကျန်​ဆန်းဖုန်းရဲ့ တပည့်​ ကျန်း​ချွေးဆန်းကို စိန်​​ခေါ်ထားတဲ့ အခန်း​တွေကို ဆက်​လက်​မြင်​​တွေ့မှာပါ။ ဒါ့အပြင်​ ဟာ နဂါးနိုင်​ဓား ရထားတဲ့ ရှက်​စွန်းကို ယှဉ်​မယ့်​သူ ဘယ်​သူရှိမလဲ ...

" ငါက နဂါးနိုင်​ဓားကို ရပြီဆို​တော့ လူသူမရှိတဲ့​နေရာမှာသွားပြီး ဒီဓားရဲ့ လျှို့ဝှက်​ချက်​ကို ​ဖော်​ထုတ်​နိုင်​ဖို့ စိတ်​ကူးထားတယ်​၊ ဒါ​ပေမဲ့ ငါကလည်း ငါ့အစွမ်းအစ ဘယ်​​လောက်​ရှိလဲဆိုတာကို သိပါတယ်​၊ တို့ သိုင်း​လောကမှာဆိုရင်​ ​ရှောင်​လင်​ဂိုဏ်းရဲ့ ​ကျောင်းထိုင်​ဆရာ​တော်​ကြီး ခုံးဝန်​၊ ဟူတန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်​ကြီး ကျန်းဆန်းဖုန်း၊ ​နောက်​ပြီး ဝါ​မေဂိုဏ်းနဲ့ ခွန်းလွန်​ဂိုဏ်းက ဝါကြီး သိုင်းဆရာ​တွေ အားလုံးကလည်း တကယ့်​ သိုင်းပညာရှင်​ကြီး​တွေပဲ​လေ၊ ​နောက်​ပြီး​တော့ မျက်​ခုံးဖြူဂိုဏ်းရဲ့ ဂိုဏ်းချုပ်​ကြီးကလည်း သိုင်းပညာမှာ စံထား​လောက်​​အောင်​ ​တော်​တဲ့ ပုဂ္ဂိုလ်​တစ်​​ယောက်​ပါ " ( ရှက်​စွန်း )

ဒီလို ဒိတ်​ဒိတ်​ကြဲ သိုင်းပညာရှင်​​တွေကြားမှာ ရှက်​စွန်းတစ်​​ယောက်​ နဂါးနိုင်​ဓားကို ဘယ်​လို ပါးပါးနပ်​နပ်​ အသုံးချသွားမှာလဲဆိုတာကို စိတ်​ဝင်​စားဖွယ်​ ဆက်​လက်​ဖတ်​ရှုရမှာပါ။ ဒီကိစ္စအပါ် ကျန်​တဲ့ နာမည်​ကြီးဂိုဏ်း​တွေရဲ့ ခန့်​မှန်းရခက်​တဲ့ အကြံအစည်​နဲ့ လှည့်​ကွက်​​တွေ နဲ့ အတိတ်​၏​ဝေဒနာအရိပ်​များ အခန်းမှာ​တော့ ဘုန်း​တော်​ကြီးခုံးကျက်​ ​သေဆုံးမှုရဲ့ တရားခံအ​ကြောင်းအပြင်​ ထိမ်​ချန်​ထားတဲ့ ပြဿနာအချို့ရဲ့ အ​ဖြေကို မြင်​​တွေ့ကြမယ်​။ ဆက်​ပြီး​တော့ ကျန်​ဆန်းဖုန်းရဲ့ ဟူတန်းဂိုဏ်းကြီးအတွင်း မထင်​မှတ်​ထားတဲ့ အဖြစ်​အပျက်​ အ​ပြောင်းအလဲ​တွေကို စိတ်​ဝင်​စားစရာ​ကောင်း​အောင်​ ​တွေ့မြင်​ရပါမယ်​။

ကဲ .. ဒီလိုဆိုရင်​ ရုပ်​သံဇာတ်​လမ်းအြ​ဖစ်​​ရော ဝတ္ထုအဖြစ်​ပါ ​အောင်​မြင်​ခဲ့တဲ့ တရုတ်​သိုင်းဝတ္ထုကြီးကို ဖတ်​ရှုရ​အောင်​ အခုပဲ ဝန်​ဇင်းမှာ ဝယ်ယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့ပါနဲ့ဦးဗျ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်​ဗျာ ။

ဝန်​ဇင်းပရိသတ်​ကြီးကို ချစ်​ခင်​စွာဖြင့်​ ......

Related Posts