ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“မဖတ်မဖြစ် ဖတ်ထားရမည့် ဆရာမြသန်းတင့်၏ ဆောင်းပါးများ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူ၊ စာဂျပိုးတွေအတွက် စာအုပ်ကောင်းတွေ ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းမှ အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်ခင်ဗျ။ ဒီနေ့မှာဆိုရင်လည်း စာချစ်သူတွေအတွက် ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ာ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ ပင်ကိုရေးနဲ့ ဘာသာပြန်စာရေးဆရာကြီး ဆရာမြသန်းတင့်ရဲ့ “သမိုင်းစကား၊ ပန်းစကားနှင့် အခြားရသစာတမ်းများ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဒီစာအုပ်ထဲမှာ ဆရာမြသန်းတင့်ရဲ့ ‘မြသန်းတင့်’ ကလောင်ဖြင့် ကိုယ်တိုင်ရေးသော ဆောင်းပါးများအပြင် ‘ထက်အောင်’ ကလောင်အမည်ဖြင့် ရွေးချယ် ဘာသာပြန်ထားတဲ့ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းမှ ဆောင်းပါးများ စုစုပေါင်း ( ၂၁ ) ပုဒ်ကို ဖတ်ရှုကြရမှာပါ။ 

သမိုင်းရေးရာ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေအနုပညာ၊ စီးပွားရေး၊ လူမှုရေး … စတဲ့ နယ်ပယ်စုံကို တစ်ထိုင်တည်း လေ့လာဖတ်ရှုနိုင်မှာဖြစ်လို့ ထက်မြက်တဲ့ လူငယ်တိုင်း၊ စာဖတ်သူ စာဂျပိုးတိုင်း မကြာခဏ ဖတ်ရှုနေရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ပါတဲ့ ဆောင်းပါးအချို့မှ ကောက်နုတ်စာတို့ကို စာချစ်သူများအတွက် ခုလို စာမြည်းအဖြစ် ဖော်ပြလိုက်ပါရစေ။ 

“ပါမောက္ခ ကင်နဒီက ၁၅ ရာစုမှ သည်နေ့အထိသာ ရေးခြယ်ပြထားသည်မဟုတ်။ အနာဂတ် ၂၁ ရာစုတွင် ရှိနေမည့် နိုင်ငံကြီးများ၏ အနေအထားကိုလည်း ဟောကိန်းထုတ်ထားသည်။ ၂၁ ရာစုတွင် မည်သည့်လူမျိုးများက ရှေ့တန်းသို့ ရောက်လာပြီး မည်သည့်နိုင်ငံများက နောက်တန်းသို့ ကျဆင်းသွားမည်ဟု တွက်ပြထားသည်။” ( မဟာနိုင်ငံများ၏ နေထွက်ချိန်နှင့် နေဝင်ချိန် … မှ ) 

“ရှေ့ပြေးစစ်ပွဲကလေးများ ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် အထွေထွေစစ်ပွဲကြီး ဖြစ်လာကာ ခေတ်သစ်အနောက်တိုင်း ယဉ်ကျေးမှုစနစ်ကြီးသည် ပျက်သုဉ်းလိမ့်မည်ဟု ပါမောက္ခ တွိုင်ဘိက ဟောကိန်းထုတ်ခဲ့လေသည်။” ( စစ် - ငြိမ်း သံသရာ … မှ ) 
…..
ကဲ .. ဆရာမြရဲ့ ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ၊ ဒီစာအုပ်ပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ဆိုတာကိုနှိပ်ပြီး ခုပဲ ဝန်ဇင်းမှာ ငွေ *၈၀၀-ကျပ်* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။  အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က ဆရာမြသန်းတင့်ရဲ့ စာဖတ်ပရိသတ်ဖြစ်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts