ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျ ... 

အခုဆို ဝန်ဇင်းပရိသတ်ကြီးအတွက် နာမည်ကြီးသိုင်းဝတ္ထု "နဂါးနိုင်ဓား" ကို စာစဉ်တွေခွဲပြီး တင်ဆက်လာတာ စာစဉ် အမှတ် ( ၄ ) အထိ ရှိပါပြီခင်ဗျ၊ ဒီအထိ တစိုက်မတ်မတ် ဖတ်ရှုအားပေးလာတဲ့ ဝန်ဇင်းစာချစ်သူတွေကိုလည်း အများကြီးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့အတွက် ဆက်လက် တင်ဆက်ပေးချင်တာကတော့ နဂါးနိုင်ဓား ဝတ္ထုကြီးရဲ့ စာစဉ် အမှတ် ( ၅ ) ပါပဲခင်ဗျ။ 

နောက်ဆုံးတင်ဆက်ခဲ့တဲ့ စာစဉ် ( ၄ ) မှာဆိုရင် အတော်ကို စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ စိပ်လာပါတယ်။ အလင်းမာန်ဂိုဏ်နဲ့ ဝါမေဂိုဏ်းချုပ် သီလရှင်ဆရာမကြီး မျက်ကြွယ် တို့ တိုက်ခိုက်ပွဲမှာ ကိုယ့်အသက်ကိုစွန့်ပြီး ကြားဝင်စေ့စပ်ဖို့ ကြိုးစားတဲ့ ကျန်းဟူကျင်း၊ သူနဲ့ မျက်ကြွယ်ဆရာမကြီးတို့ရဲ့ သိုင်းပညာပြိုင်ပွဲကလည်း စိတ်လှုပ်ရှားစရာကောင်းပြီး ဟူကျင်းရဲ့ နေလစကြာသိုင်းရဲ့ အတွင်းလမ်းအဆင့်ကို ရောက်ရှိတဲ့အကြောင်းတွေ...ဒီကြားထဲ ဝါမေဂိုဏ်းက ချူကျူးက ဟူကျင်းကို မေတ္တာမျှနေတဲ့ ကြည်နူးစရာအဖြစ်အပျက်တွေ နဲ့ မျက်ခုံးဖြူဂိုဏ်းက နာမည်ကြီး ချင်ရယ်ဝမ်နဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းတို့ကြား အဖုအထစ်တွေ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီနေ့တင်ဆက်တဲ့ စာစဉ် ( ၅ ) ထဲမှာတော့ သေရေးရှင်ရေး၊ အားပြောင်းအားလွှဲသိုင်းပညာ၊ ထွက်ပေါက်၊ မြွေဓားသိုင်းကွက်၊ ဖြန်ဖြေရေးသမား၊ သစ္စာမေတ္တာ၏ တန်ဖိုး၊ အပြန်အလှန်ဓားသိုင်း၊ တစ်ကိုယ်တော်သိုင်းသမား၊ ရင်နင့်သောဓားချက်၊ မြေအောက်လှိုဏ်ခေါင်း၊ သဲကန္ထာရအလောင်းမြေ၊ သူလိုမိန်းကလေး ... စတဲ့ အခန်းတွေကို ဆက်လက် ဖတ်ရှုကြရမှာပါ။ 

ဒီအခန်းတွေမှာ ရှောင်လင်ဘုန်းကြီး ရွှင့်ကျင်းနဲ့ အလင်းမာန်ဂိုဏ်း ထိပ်တိုက်တွေ့ပြီး ဟူကျင်းအကျဉ်းချခံရတဲ့ကိစ္စ၊ ပျောက်နေတဲ့ တိမ်လွှာဓားသတင်းနဲ့ နဂါးနိုင်ဓားနဲ့ပတ်သက်ပြီး ရှက်စွန်းအပေါ် အထင်လွဲမှုတွေရဲ့ အဖြေ၊ ရှက်စွန်းရဲ့ ရက်စက်မဲ့ အကြံအစည်တွေ အပါအဝင် ပြင်းထန်တဲ့ နဂါးလက်သည်းသိုင်းပညာရှင် ဘုန်းတော်ကြီးခုံးရှန့် နဲ့ ဟူကျင်းတို့ ရင်ဆိုင်ပွဲတွေကို စိန်ဝင်တစား ဖတ်ရှုရမှာပါ။ 

ကဲ .. ဒီတော့ ရုပ်သံဇာတ်လမ်းအဖြစ်ရော ဝတ္ထုအဖြစ်ပါ အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းဝတ္ထုကြီးရဲ့ အခန်းဆက် ဇာတ်လမ်းတွေကို လက်မလွတ်တမ်း ဖတ်ရှုရအောင် အခုပဲ ဝန်ဇင်းမှာ ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ... 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ ။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts