ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“လူတွေရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုပုံရိပ်တွေကို ထင်ဟပ်တဲ့ ဝတ္ထုတိုတွေကိုမှ ဖတ်ရှုချင်သူတွေအတွက်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများထဲမှာရှိတဲ့ ဝတ္ထုတိုပရိသတ်တွေအတွက် စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ပဲ ဖြစ်ပါတယ်။ စာရေးဆရာ မင်းဝေဟင်ရဲ့ “မောင်တို့မျိုးကား တန်ခိုးကြီးမား အားလည်းဖွံ့ချေ” ဆိုတဲ့ စာအုပ်ပါပဲ။ မဂ္ဂဇင်းအသီးသီးမှာ ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းထားတာပဲဖြစ်ပြီး လူတွေရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုပုံရိပ်တွေကို ထင်ဟပ်တဲ့ ဝတ္ထုတိုတွေကိုမှ ဖတ်ရှုချင်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

[ ဒီမြို့လေးမှာ ဆရာဝန်ကြီးရဲ့ ကျောကုန်း ဓားခုတ်ခံရတယ်ဆိုတဲ့သတင်း၊ ပြီးတော့ ဆရာဝန်ကြီးက ဒီမြို့လေးက မပြောင်းခင် ခွဲစိတ်ခန်းဆောက်ဖို့ မ,တည်ငွေတွေ ထည့်သွားတဲ့သတင်း … စတဲ့ သတင်း၊ သတင်းတွေကလွဲလို့ ဆရာဝန်ကြီးကို ဓားနဲ့ခုတ်ခဲ့တဲ့ မုဆိုးဖိုလှဆောင်ရဲ့ နာမည်ကိုတောင် ဒီမြို့လေးက ပြောမနေကြတော့ဘူး။ ‘ခွဲစိတ်ခန်းကြေး’ အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ အမှုဟာလည်း နောက်ပိုင်းမှာ တဖြည်းဖြည်း မှုန်ဝါးလာတယ်။ ခွဲစိတ်ခန်းအသစ်မှာတော့ ဆရာဝန်ကြီးရဲ့နာမည်က တင့်တယ်ခမ်းနားစွာ နေရာယူလို့ … ] ( မုန်တိုင်းထဲကမြို့ … မှ ) 

[ အသွေးအသားကိစ္စ ဖြေရှင်းဖို့များ အသွေးအသားဈေးသည်တွေက ပေါမှပေါ။ တည်းခိုးခန်းတွေ ဆိုတာလည်း မှိုလိုပေါက်နေတာတဲ့။ “ဟေ့ကောင် … မင်း အကာအကွယ်ရောသုံးခဲ့ရဲ့လား” … ကျွန်တော့်မေးခွန်းက တုတ်ပုအတွက် ဟာသတစ်ပုဒ်ဖြစ်ခဲ့တယ်။ “ဖလမ်းဖလမ်းထနေတဲ့ အလန်းလေးတွေဆိုရင် ဘာအကာအကွယ်မှ မလိုဘူးလေကွာ” တဲ့။ မေးမိတဲ့ ကျွန်တော် ငတုံးကြီးပေါ့။ ရွာမှာတုန်းကတော့ မေးပြီး မေ့မေ့ပျောက်ပျောက်။ လွန်ခဲ့တဲ့ ခြောက်လလောက်မှ သိတာက ချိုချိုအောင် HIV ပိုးရှိနေပြီဆိုတဲ့သတင်း … ] ( သဟဇာတ … မှ )

[ အခု ကျုပ်လည်း သေဖို့နီးပြီ နှလုံးပိုက်လို့ အရာအားလုံးကိုစွန့်ခွာ၊ ရှိတဲ့ပစ္စည်းတချို့ကို သားသမီးတွေ ပေးမယ်စဉ်းစား။ တချို့ကို လူအိုရုံမှာ လှူလို့ ကျုပ်လည်း တစ်ခါတည်း လူအိုရုံမှာပဲ အရိုးထုတ်တော့မယ်လို့ စိတ်ကူးကာမှ ပြဿနာက ပေါ်လာရပြန်တယ်လေ။ အသက်ငါးဆယ်ပြည့်ပြီးသွားတဲ့ ကျုပ်သမီးအကြီးမရဲ့ စကားကိုကြည့်။ “အဖေက သားသမီးတွေရှိလျက်နဲ့ လူအိုရုံကို သွားမယ်ဆိုတော့ ပတ်ဝန်းကျင်က ဘယ်လိုပြောမလဲအဖေ၊ သားသမီးတွေက မစောင့်ရှောက်နိုင်လို့ဆိုတဲ့ ပုံစံကြီး ဖြစ်မနေဘူးလား” တဲ့။ အံမယ်။ အသက်သာ ငါးဆယ်ကျော်တယ်။ ငါ့သမီးက ပတ်ဝန်းကျင်ရဲ့ အပြောကြောင့် ဂုဏ်ငယ်သွားမှာကို ကြောက်နေသေးတဲ့ပုံပဲ … ] ( အဖြူရောင်ကြက်ခြေခတ်များ … မှ ) 

ခေတ်ရေစီးကြောင်းထဲ မရှုမလှ နစ်မွန်းနေဆဲဖြစ်တဲ့ လူသားတွေ၊ 
နေ့စဉ် လူမှုဘဝ လှုပ်ရှားမှု ယန္တရားကြီးထဲက အပိုင်းအစတွေ၊
မိသားစုကြားက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်အဖွဲ့တွေ၊
……. စတာ စတာတွေကို ကျေးလက်ရနံ့ မြို့ပြရနံ့သင်းသင်းနဲ့ ရေးဖွဲ့ထားတဲ့ ရသစုံဝတ္ထုတိုတွေက ဝန်ဇင်းစာချစ်သူတို့ကို ဘယ်လိုခံစားမှု ရသမျိုး ပေးခဲ့မလဲ၊ ဘယ်လို အတွေးစမျိုး ချန်ထားခဲ့မလဲဆိုတာကတော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်လေးကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
…….
ဝတ္ထုတိုများစွာပါဝင်တဲ့ ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts