ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


[ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးဖြစ်သည့် “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ်အမှတ် ( ၃ ) နှင့် အမှတ် ( ၄ ) ဆက်လက်ထွက်ရှိလာပါပြီ။ ]

ဝန်ဇင်းစာချစ်သူတို့ရေ မင်္ဂလာညချမ်းလေးပါခင်ဗျ ….
ဒီနေ့မှာ ဝန်ဇင်းစာချစ်သူတွေအပါအဝင် စာချစ်သူအားလုံးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ ဆက်လက်ထွက်ရှိလာတဲ့စာအုပ်ကတော့ “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ် အမှတ် ( ၃ ) နဲ့ အမှတ် ( ၄ ) တို့ပဲ ဖြစ်ပါတယ်။ 

ဝတ္ထုရှည်ကြီးဖြစ်တဲ့အပြင် စာအုပ်အထူကြီးဖတ်ရမှာ ငြီးငွေ့သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဝန်ဇင်းကနေ အပိုင်းခွဲ စီစဉ်ခဲ့ရာ မနေ့ကဆိုရင်တော့ဖြင့် “စစ်နှင့်ငြိမ်းချမ်းရေး” စာအုပ် အမှတ် ( ၁ ) နဲ့ ( ၂ ) တို့ကို စာချစ်သူများထံ မိတ်ဆက်ခဲ့ပြီးလည်း ဖြစ်ပါတယ်ခင်ဗျ။ ဒီနေ့မှာလည်း စာအုပ် အမှတ် ( ၃ ) နဲ့ ( ၄ ) တို့ ဆက်တိုက် ထွက်ရှိလာပြီဖြစ်တဲ့အတွက် စာချစ်သူတွေအတွက် အားရစရာပါပဲ။ 

ရုရှားနန်းတွင် အခင်းအကျင်းနဲ့ အပြောအဆိုတွေကို မြန်မာစာဖတ်ပရိသတ်ကြီးရဲ့ နားထဲ လျှောခနဲဖြစ်အောင် ချောချောမွေ့မွေ့ ဘာသာပြန်ဆိုပြသွားတဲ့ စာရေးဆရာကြီးမြသန်းတင့်ရဲ့ ဘာသာပြန်လက်ရာ၊ မူရင်းစာရေးဆရာကြီး တော်လ်စတွိုင်း သရုပ်ဖော်ထားတဲ့ အထက်တန်းလွှာ ရုရှားနန်းတွင်းအသိုင်းအဝိုင်း၊ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ စရိုက်တွေကို ရှေ့စာအုပ်တွေမှာ စာချစ်သူတွေ ဖတ်ရှုခဲ့ရမှာပါ။ အခု စာအုပ်အမှတ် ( ၃ ) နဲ့ ( ၄ ) မှာဆိုရင်လည်း ယခင်ကထက် ဇာတ်ကောင်တွေ ပိုမိုပါဝင်လာပြီး များပြားလာတဲ့ ဇာတ်ကောင်တွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားတဲ့ တော်လ်စတွိုင်းရဲ့လက်ရာကို ဆက်လက်ပြီး စိတ်ဝင်စာဖွယ် ဖတ်ရှုခံစားရဦးမှာပါခင်ဗျ။ 

ဒါနဲ့စပ်လျဉ်းပြီး ကမ္ဘာဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ “စစ်နှင့်ငြိမ်းချမ်းရေး” အပေါ် အင်္ဂလိပ်စာရေးဆရာကြီး ဆမ်းမားဆက်မွမ်ရဲ့ သုံးသပ်ချက်ကိုလည်း ဝန်ဇင်းစာချစ်သူများအတွက် အခုလို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“စစ်နှင့်ငြိမ်းချမ်းရေးတွင်ကား တော်လ်စတွိုင်းသည် အခက်ခဲဆုံး အတတ်ပညာကို လိမ္မာပိရိစွာပင် ရေးပြသည်။ ဖတ်ရသူအဖို့ ဇာတ်လမ်းတစ်ခုတည်းကိုပင် အာရုံမပြတ်ဘဲ ဆက်တိုက်ဖတ်ရှုရသည်ဟု စိတ်တွင် ထင်မြင်ယူဆလာရလောက်အောင်ပင် ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ ဤကား တော်လ်စတွိုင်း၏ အရည်အသွေးတစ်ခုပင်တည်း။” ( ဆရာကျော်အောင်ဘာသာပြန်သော “တော်လ်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး ဖွင့်ဟဝန်ခံချက်” စာအုပ်မှ … ) 

ကဲ … ဒီတော့ဗျာ … လူအမျိုးမျိုး၊ စရိုက်အထွေထွေနဲ့ လောကတရားတွေကို ဖတ်ရှုခံစားနိုင်ဖို့ ဝန်ဇင်းက စီစဉ်လိုက်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် ( ၃ ) နဲ့ ( ၄ ) ကို ခုပဲ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။
ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။ 

Related Posts