ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်း စာချစ်ပရိသတ်တွေအတွက် ၊ ယနေ့ထွက် စာအုပ်များ ကဏ္ဍကနေ၊ မိတ်ဆက်ပေးချင်တဲ့ စာအုပ်တွေကတော့

(၁) သားသား ၊ မီးမီးတို့အတွက်  မောင်ခေတ်ထွန်းရေးသားတဲ့ 
"ပီတာပင်နှင့် တခြားပုံပြင်များ"

(၂) အလုပ်မှန်သမျှ သမ္မတအလုပ်ကနေ ဒရဝမ်အလုပ်အထိ ဥပဒေက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိသလို လုပ်ငန်းခွင်သဘာဝအလျောက် အလုပ်ခွင်ထဲကသူများကိုယ်တိုင် အစဉ်အဆက် သတ်မှတ်ခဲ့ကြတဲ့ ကျင့်ဝတ်များရှိပါတယ်။ စာနယ်ဇင်းကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်၊ ကျောင်းဆရာကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်(ဝိနည်း)၊ ရှင်ကျင့်ဝတ် စတာမျိုးတွေ ဖြစ်ကြပါတယ်။ 

ကျင့်ဝတ်ဆိုတာက ဥပဒေသတ်မှတ်ချက်မဟုတ်လို့ ဖောက်ဖျက်ကျူးလွန်မိရင် ဥပဒေကြောင်းအရ အရေးမယူ၊ အပြစ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်သဘာဝအလျောက် အပြစ်ပေးတာများတော့ ခံရလေ့ရှိပါတယ်။ ရှင်ကျင့်ဝတ်အပေါ် ဖျက်မိက ရေဒဏ်၊ သဲဒဏ်များ ခံရသလို၊ ရဟန်းကျင့်ဝတ်(ဝိနည်း) ဖောက်ဖျက်မိပါကလည်း အာပတ်သင့်ပြီး ကိစ္စကြီးငယ်အလျောက် ပြစ်ဒဏ်ခံယူရပါတယ်။ ရှေ့နေများ၊ ဆရာဝန်များ ဆိုလျှင်လည်း လိုင်စင်ရုပ်သိမ်းခံရတဲ့အထိ ပြင်းထန်တဲ့ပြစ်ဒဏ်များ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးတစ်ခုလုံး နယ်ပယ်အသီးသီးကို ကြည့်လိုက်တဲ့အခါမှာ ကျင့်ဝတ်သိက္ခာစောင့်စည်းမှုအပိုင်းက တော်တော်ကြီးကို ယိုယွင်းလာနေတာကို မြင်တွေ့ရပါတယ်။ သမ္မတရေဂင်တို့၊ သမ္မတနစ်ဆင်တို့က အီရန်ဂိတ်တို့ ဝါးတားဂိတ်တို့ဆိုတဲ့ ဥပဒေနဲ့ ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်သူတွေ ကျူးလွန်ခဲ့သလို သမ္မတဘီလ်ကလင်တန်ကလည်း သမ္မတတစ်ဦးအနေနဲ့ ကြားလို့မှ မလျော်တဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုကြီး ကျူးလွန်ခဲ့တာပါပဲ။ တောင်ကိုရီးယားက ဆေးပညာရှင်တစ်ယောက်က "ကလုံး" ခေါ် ပုံတူမျိုးပွားသုတေသနလုပ်ငန်းမှာ လိမ်ညာပြီးကြေညာမှုတွေ လုပ်တာပေါ်သွားလို့ အခုလတ်တလော စာနယ်ဇင်းတွေမှာ ရေးမဆုံးနိုင်အောင် ဖြစ်နေတာ တွေ့ရပါတယ်။ အဲ့ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်တဲ့ အယူအဆတွေ ၊ သုံးသပ်ချက်တွေကို ဆရာလူထုစိန်ဝင်း ရဲ့ ပါးစပ်သတင်းစာမှာ ဖတ်နိုင်ပါတယ် ။ 

ဒါဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေး ဝယ်ယူဖတ်ရှုလိုက်ရအောင်...

မနက်ဖြန် ည ၈း၀၀ မှာလည်း ဘယ်စာအုပ်လေးတွေကို အသစ် တင်ဆက်ပေးမယ်ဆိုတာကို သိရှိဖို့ တစ်ခေါက် လာလည်လှည့်ပါဦးနော်..

ဒီကဏ္ဍလေးကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် ည ၈း၀၀ တိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်..။

Related Posts