ယနေ့အတွက် ဖတ်စရာကဏ္ဍ


ရုံးပိတ်ရက်မှာ ဝန်ဇင်းပရိသတ်ကြီးအတွက် ကောင်းကင်ဘုံစာကြည့်တိုက် စာစဉ် (၅) နှင့် (၆)

၁။ စာအုပ်အမည် - ကောင်းကင်ဘုံစာကြည့်တိုက် / စာစဉ် ၅
ဘာသာပြန်စာရေးဆရာ - ဒေါက်တာဇုံ

စာမြည်း ။	။ “သိုင်းသမားတွေ စွမ်းအင်လေ့ကျင့်တဲ့နေရာမှာ ကျန်းချီက အရေးကြီးဆုံး အချက်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်မှ အရေးပါတာ မဟုတ်ဘူး။ စကားထဲတောင် ထည့်မပြောသင့်ဘူး”

စွမ်းအင်လေ့ကျင့်သည့် အဆင့်များထဲတွင် သိုင်းအဆင့် ၄ ပိကူးအဆင့်ကဲ့သို့ ခန္ဓာကိုယ်၏ အရေပြားနှင့် အရိုးများကို သန်မာလာအောင် လုပ်ပေးသည့်အဆင့် ပါဝင်သော်လည်း တကယ်တမ်း အရေးကြီးသည်ကတော့ ကျန်းချီသာ ဖြစ်သည်။ စွမ်းအင်လေ့ကျင့်သူ၏ ကျန်းချီသည် သန့်စင်ပြီး နက်ရှိုင်းမှသာ အမှန်တကယ် အစွမ်းထက်ပြီး ခွန်အားကြီးသူဟု သတ်မှတ်၍ ရသည်။ စွမ်းအင်လေ့ကျင့်သူ အများစုက လူ့ခန္ဓာကိုယ်သည် ခွန်အား တိုးတက်စေသည့် နေရာတွင် သိပ်ပြီး အရေးပါလှသည်ကို မယူဆထားကြဘဲ ရိုးရိုး အပိုခွန်အားတစ်ခု အဖြစ်သာ သတ်မှတ်ထားကြသည်။ 
“ကျွန်တော် အဲဒီ စာအုပ်တွေကို ကြည့်လို့ရမလား”

ထောင်နှင့်ချီသော ခန္ဓာကိုယ်စွမ်းအား တိုးတက်စေသည့် လျှို့ဝှက်ကျင့်စဉ်များကို စုပုံထားသည်ကို တွေ့လိုက်သည့်အခါ ကျန်းရွှမ် စိတ်လှုပ်ရှားသွားသည်။ ထိုစာအုပ်များကို ဖတ်ရှုချင်လာသည့်အတွက် ကျန်းရွှမ်သည် ဆရာကြီးလုချန်းကို ခွင့်တောင်းလိုက်သည်။

၂။ စာအုပ်အမည် - ကောင်းကင်ဘုံစာကြည့်တိုက် / စာစဉ် ၆
ဘာသာပြန်စာရေးဆရာ - ဒေါက်တာဇုံ

စာမြည်း ။	။ “ဆရာချောင်ရှင်း၊ ခင်ဗျား ဘာအဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာလဲ။ လျှိုရန်က သူ့ဆုံးဖြတ်ချက်နဲ့သူ ကျုပ်ကို ဆရာအဖြစ် လိုလိုလားလား တင်ထားတာပဲ။ ကျုပ် … ကျုပ် ဘယ်တုန်းကမှ အတင်းအကျပ် မလုပ်ခဲ့ဘူး”

ကျန်းရွှမ် ပြန်ပြောလိုက်သည်မှာ ထိတ်လန့်နေသော လေသံမျိုး ဖြစ်နေလေရော မဟုတ်တာ လုပ်ထားသည်များ ပေါ်သွားမှာ စိုးရိမ်နေသည့် လေသံမျိုးဟု ကြားရသူများက ထင်မိကြပေလိမ့်မည်။ 

“အာ …”

လျှိုရန်သည် သူ မြင်လိုက်ရသော မြင်ကွင်းကို မယုံနိုင်ဘဲ ဖြစ်သွားသဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။ သင်ခန်းစာ နှစ်ကြိမ် သင်ယူခဲ့ပြီးပြီ ဖြစ်လေရာ လျှိုရန်သည် ကျန်းရွှမ်ကို လုံးဝလေးစားမိနေပြီ ဖြစ်သည့်အပြင် သူ့ဆရာသည် တန်ခိုးရှင်တစ်ယောက်လို အစွမ်းထက်သည်ဟုပင် ယုံကြည်နေပြီ ဖြစ်သည်။ ကျန်းရွှမ်၏ တပည့်အဖြစ်ကို ခံယူလိုက်ရခြင်းသည်လည်း ဆရာနှစ်ယောက်၏ မျှတသော ပြိုင်ပွဲရလဒ်ကြောင့်သာ ဖြစ်လေရာ ယခုကိစ္စသည် သူ ဝင်ပြီး ရှင်းပြလိုက်မည်ဆိုလျှင် လွယ်လွယ်ကူကူနှင့် ပြေလည်သွားလိမ့်မည်ဟု လျှိုရန် တွေးနေမိသည်။ ဘာကြောင့်များ ဆရာကျန်းရွှမ်က ကြောက်လန့်တကြား ဖြစ်နေရသနည်း။

-	ဒီစာအုပ်တွေကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး အလွယ်တကူ ဖတ်ရှုနိုင်ပါပြီခင်ဗျ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts