ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဆယ်ကျော်သက် လူငယ်တွေ ဖတ်သင့်ဖတ်ထိုက်သည့် စာအုပ် - နှစ်ဆယ့်တစ်ရာစု သားရွှေဥ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍကနေ အသစ်ထွက်ရှိလာတဲ့ စာအုပ်ကောင်း တစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ဆရာကျော်ဝင်း ဘာသာပြန်ဆိုထားတဲ့ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ မူရင်းစာရေးသူဟာ နာမည်ကျော် စီမံခန့်ခွဲမှုပညာရှင် ‘စတီဗင်ကိုဗေး’ ရဲ့သား ‘ရှောင်ကိုဗေး’ ( Sean Convey ) ပဲ ဖြစ်ပါတယ်။ သူရေးသားတဲ့ “The 7 Habits of Highly Effective TEENS” စာအုပ်ကို ၇၅ % မှီးပြီး ဘာသာပြန်ရေးသားထားတယ်လို့ ဆရာကျော်ဝင်းက ဆိုပါတယ်။ 

ဒီစာအုပ်ဟာ အရွယ်ရောက်ပြီးသူတွေအတွက် ရည်ရွယ်ရေးသားထားတယ် ဆိုပေမယ့် ယနေ့ခေတ်ကာလမှာတော့ အမူအကျင့်မှာရော စိတ်ဓာတ် ခံယူချက်တွေပါ အလျင်အမြန် ဖွံ့ဖြိုးပြောင်းလဲနေတဲ့ ဆယ်ကျော်သက် လူငယ်တွေဟာ မြန်မြန်ဆန်ဆန် အရွယ်ရောက်သူတွေ ဖြစ်လာတာရယ်၊ ‘ရှောင်’ ရဲ့ စာအုပ်ဟာလည်း ရွှင်မြူးသွက်လက်စွာ ရေးသားထားတာမို့ စာဖတ်သူအတွက် ခပ်သွက်သွက်ကလေး ဖတ်ရလွယ်တာကြောင့် ကျွန်တော်တို့ဝန်ဇင်းရဲ့ ဆယ်ကျော်သက်လူငယ်အားလုံး မဖြစ်မနေ ဖတ်ရှုသင့်ပါတယ်လို့ အကြံပေးပါရစေခင်ဗျ။

ဘာသာပြန်သူ ဆရာကျော်ဝင်းကလည်း ဒီစာအုပ်နဲ့ ပတ်သက်ပြီး အမှာစာမှာ ခုလို ဖော်ပြထားပါတယ်။ “ကျွန်တော်ထင်ထားသော ကျွန်တော်နားလည်နေသော ‘တက်ကျမ်း’ မျိုးမဟုတ်။ တစ်ဦးချင်း၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုနှင့် ဆိုင်သည်။ ‘ဂိမ်းသီအိုရီ’ လို ထိပ်တန်း အိုင်ဒီယာမျိုးကို ပေါ့ပေါ့ပါးပါး မိတ်ဆက်ထားတာ တွေပါသည်။ ဆယ်ကျော်သက် လူငယ်တွေ ဖတ်သင့်ဖတ်ထိုက်သော စာအုပ်ဟု သဘောရမိသည်။ သို့ဖြင့် သားသမီးတွေကို ဖတ်ပြရင်း စံပယ်ဖြူတွင် လစဉ် အခန်းဆက် ထည့်လိုက်သည်။ သည်တွင် ပို၍ ဝမ်းသာစရာ ကြုံလိုက်ရပြန်သည်။ ကျွန်တော်၏ ‘စာလေး’ ကြီးများကို ကောက်ကိုင်ကြည့်လိမ့်မည်ပင် မထင်သော ဆယ်ကျော်သက်လေးတွေက ဤဆောင်းပါးစဉ်ကို တစ်ခုတ်တရ စောင့်ဖတ်နေသည်ဟု သိရရာ ကျွန်တော့်မှာ ပီတိဖြာနေရတော့သည်။” 

ဒီစာအုပ်ဟာ ဘာသာပြန်သူ စာရေးဆရာ ကျော်ဝင်းရဲ့ စာအုပ်တွေအနက် အရောင်းအသွက်ဆုံး စာအုပ်ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ အရာရာပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေရဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့၊ လူမှုအသိုင်းအဝိုင်းမှာ ပေါင်းသင်းဆက်ဆံရတဲ့အခါ ပါးပါးနပ်နပ်နဲ့ ထက်ထက်မြက်မြက်ရှိဖို့၊ ကိုယ့်ကိုယ်ကို စိစစ်ဝေဖန်သုံးသပ်ရင်း ဘဝကို စနစ်တကျ ဖန်တီးနိုင်ဖို့နဲ့ အရာရာကို စမတ်ကျကျ ဝေဖန်သုံးသပ်နိုင်ဖို့ … စတာတွေကို ‘ကျမ်း’ မဆန်ဘဲ ဘေးကနေ ဆရာတစ်ဦးဦး၊ မိတ်ဆွေတစ်ဦးဦးက ရှင်းပြ ‘ဆွေးနွေးဟန်’ နဲ့ ရေးသားထားတဲ့အပြင် ဘာသာပြန်သူ ဆရာကျော်ဝင်းကလည်း ပေါ့ပေါ့ပါးပါးနှင့် လူငယ်ရင်ထဲရောက်အောင် ဘာသာပြန်ထားတာမို့ စာဖတ်သူတွေ ပျင်းရမှာမဟုတ်ပါဘူး။ 

[ အစကတော့ ငါတို့က ‘အကျင့်’ တွေကိုလုပ် … ၊
နောက်တော့ ‘အကျင့်တွေ’ က ငါတို့ကို ပြန်လုပ်။ ] ( အပိုင်း ( ၁ ) / နိဒါန်းမှ )

ဒီစာအုပ်ထဲမှာ လူငယ်တွေရဲ့ ဘဝနဲ့ ဆက်စပ်တဲ့ အရာရာအတွက် နည်းလမ်းကောင်းနဲ့ အမူအကျင့်ကောင်းတွေကို ဖော်ပြထားတဲ့အပြင် စာအုပ်နောက်ဆက်တွဲအဖြစ် “သူ့အတိုင်းအတာနှင့်သူ၊ ထိရောက်စွမ်းဆောင်၊ အောင်မြင်မှုတွေ ရနေကြသော၊ ကျွန်တော်တို့ အိမ်နီးချင်း အာရှနိုင်ငံများမှ လူငယ်လူရွယ်များ၏ တစေ့တစောင်း ရုပ်ပုံလွှာများ” ကိုလည်း ထည့်သွင်း ဖော်ပြပေးထားတာမို့ စာဖတ်သူတွေအတွက် ကျေနပ်စရာပါပဲ။ 
ကဲ … ဒါကြောင့်မို့ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုတဲ့စာအုပ်ထဲ ဘာတွေပါမလဲ၊ ဒီစာအုပ်ထဲက ဘာတွေရမလဲ … သိရအောင် ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။

ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ပို့စ်ကို ပြန်လည်မျှဝေ ( share ) ပေးဖို့ မမေ့နဲ့ဦးနော်။ 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 

Related Posts