ယနေ့အတွက် ဖတ်စရာကဏ္ဍ


“တစ်ချိန်က တန်ခိုးရှိန်ဝါ တောက်ပြောင်ဝင်းလက်ခဲ့သော ပုဂံရွှေပြည်ကြီး၏ နေဝင်ချိန်ကို ခြယ်မှုန်းထားသည့် ဆရာကြီး ဗန်းမော်တင်အောင်၏ - ပုဂံရွှေပြည်” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူများအတွက် ( လုံးဝ ) လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ ဝန်ဇင်းမှာ စာရေးဆရာကြီး ဗန်းမောင်တင်အောင်ရဲ့ စာအုပ်ကို ဖတ်ရှုလို့ ရပြီဆိုတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ “ပုဂံရွှေပြည်” ဆိုတဲ့ စာအုပ်ပါပဲ။ စာပေအနုပညာစံနဲ့ နိုင်ငံရေးခံယူချက်များ ယခုအချိန်ထိ ရိုက်ခတ်နေဆဲဖြစ်တဲ့ ပြည်သူ့ဘက်တော်သား သတင်းစာဆရာကြီး၊ အယ်ဒီတာနဲ့ သမိုင်းပညာရှင်လည်းဖြစ်သူ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ဟာ တစ်ချိန်တစ်ခါက တန်ခိုးရှိန်ဝါ တောက်ပြောင်ဝင်းလက်ခဲ့တဲ့ ပုဂံရွှေပြည်ကြီးရဲ့ နေဝင်ချိန်ကို အသေးစိတ် ခြယ်မှုန်းထားတာကို တွေ့ရမှာပါ။ “သမိုင်းဆိုသည်ကား လွန်လေပြီးသော တစ်ချိန်က လူတို့၏ မသိမိုက်မဲမှုများနှင့် ယင်းမသိမိုက်မဲမှုများပေါ်တွင် အခြေခံကာ လူတို့ကျူးလွန်ခဲ့ကြသော ရာဇဝတ်မှုခင်းကြီးများအပြင် ယင်းရာဇဝတ်မှုခင်းများကြောင့် လူ့အနွယ်ဝင်များ ဒုက္ခပင်လယ်ဝေခဲ့ကြရသော အကြောင်းအရာနှင့် အဖြစ်အပျက် အရပ်ရပ်၏ အပေါင်းအစုမျှသာဖြစ်သည်” ဆိုသော ပြင်သစ်စာရေးဆရာကြီး ဗော်တိုင်ယာ ( Voltaire ) ရဲ့ ဖွင့်ဆိုချက်ကို စံထိုးကြည့်ရှုနိုင်ဖို့ ‘ပုဂံရွှေပြည်’ ဝတ္ထုကို ရေးသားခဲ့တယ်လို့ ဆရာကြီး ဗန်းမော်တင်အောင်က ဆိုထားပါတယ်။ 

[ ပီကင်းနေပြည်တော်ရှိ စိန့်တိုင်းကြီးရှင် ကူဗလိုင်ခန်သည် နို့အရက်ချဉ်ကို တဖြည်းဖြည်း သောက်သုံးရင်း ဦးခေါင်းတညိတ်ညိတ်နှင့် မျက်မှောင်ကုတ်နေချိန်တွင် ဂျပန်၊ မာလာယု၊ တုံကင်နှင့် အာနန်စသော တိုင်းနိုင်ငံများမှ ထီးဆောင်းမင်းများသည် ဘာလုပ်နေကြသည် မသိရသော်လည်း ပုဂံရွှေပြည်၌ စိုးစံလျက်ရှိသော မြန်မာတို့၏ အကြီးအကဲဖြစ်သူ နရသီဟပတေ့ ဘုရင်မင်းတရားကြီးသည် ပူအိုက်သော နွေကာလဖြစ်သည့်အလျောက် ဧရာဝတီမြစ်ဆိပ်တွင် လူသူမမြင်သာအောင် တသီးတခြား တခမ်းတနား ဆောက်လုပ်ထားသော မင်းတဲမဏ္ဍပ်၌ ၄င်း၏ မိဖုရားမောင်းမများနှင့် တပျော်တပါးကြီး ရေကစားမြူးထူးလျက်ရှိလေ၏။ … ] ( ရေကစားမပျက်သော ပုဂံရွှေနန်းရှင် … မှ ) 

ဥရောပနှင့် အာရှတိုက်ကြီး နှစ်တိုက်စလုံးကို ချောက်ချောက်ချားချားဖြစ်ပြီး ပြားပြားဝပ်သွားရအောင် အရှိန်အဟုန်ပြင်းပြင်းဖြင့် အင်းအားကြီးမားသော မုန်တိုင်းကြီးသဖွယ် ဝင်ရောက်မွှေနှောက်ခဲ့သည့် မောင်းဂွတ်လူမျိုးများ၊ ကမ္ဘာ့သမိုင်း၏ ၁၃ ရာစုနှစ်များကာလပိုင်းကို မောင်းဂွတ်ရာစုဟု သမိုင်းပညာရှင်များက သတ်မှတ်ရအောင်ပင် မောင်းဂွတ်လူမျိုးစုများ၏ အာဏာစက် တလျှံလျှံ တောက်ပြောင်နေချိန်မှာ ခေါင်းဆောင်ဖြစ်သူ မွန်ဂိုအင်ပါယာကြီးရဲ့ ငါးဆက်မြောက်ခန်းမင်းကြီး ကူဗလိုင်ခန် ( Kublai Khan ) နဲ့ ပုဂံရွှေပြည်ကြီးတို့ ဆက်ဆံရေး ၊ ပုဂံရွှေပြည်၏ နန်းတွင်းရေး၊ ဆင်ဖြူတော်နှင့် သင်္ချိုင်းတော်၊ ရွှေနန်းတွင်း အာဏာနိုင်ငံရေး၊ ဘုရားလည်းပြီး ပြည်ကြီးလည်းပျက် …. စတဲ့ ပုဂံရွှေပြည်ကြီးရဲ့ နေဝင်ချိန် အဖုံဖုံ … ။ 

[ ငဆောင်ချမ်းစစ်မျက်နှာတွင် တိုက်ဆင် ၂၀၀၀၊ တိုက်မြင်း ၅၀၀၀ နှင့် အရပ်ရပ် လက်နက်ကိုင်တပ်သား ၆၀၀၀၀ ခန့်မျှပါရှိသော မြန်မာ့တပ်မတော်ကို ပုဂံရွှေပြည်၏ တပ်မင်းကြီးများ ဖြစ်ကြသော အနန္တပစ္စည်းနှင့် ရန္တပစ္စည်းညီနောင်နှစ်ဦးက ဦးစီးကွပ်ကဲလျက်ရှိကြ၏။ နန်းတင်လွင်ပြင်ဘက်တွင် နေရာယူတပ်စွဲထားကြသော စိန့်တိုင်းကြီးရှင် ကူဗလိုင်ခန်၏ လက်နက်ကိုင်တပ်ဖွဲ့များကိုမူကား မောင်းဂွတ်စစ်သူကြီး နာဆာအူဒင်က အုပ်ချုပ်၏။ စစ်သူကြီး နာဆာအူဒင်၏ အင်အားမှာ တိုက်မြင်း ၁၂၀၀ ခန့်ရှိ၏။ မြင်းတပ်ဟူ၍သာ ဆိုရသော်ငြားလည်း လေးမြားလောက်သာမဟုတ်ဘဲ ဓားနှင့်လှံတိုများပါ စနစ်တကျ တပ်ဆင်ထားသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြ၏။ … ] ( ငဆောင်ချမ်းတိုက်ပွဲ … မှ ) 

ဒီစာအုပ်ထဲမှာ ပျဉ်ပြားမင်းမှ စ နရသီဟပတေ့မင်းလက်ထက် ပုဂံပြည်အခင်းအကျင်းနှင့် မြန်မာ - တရုတ် နှစ်ပြည်ထောင် ဆက်ဆံရေးအပါအဝင်၊ နောက်ဆုံးမှာတော့ အမတ်စစ်သူကြီး ရာဇသင်္ကြန်၏ အကြံအစည်နှင့် အလုပ်အကိုင်များမှာ ဘာမျှအရာမရောက်ခဲ့ဘဲ မင်းဆိုးတစ်ယောက်ကို ဖယ်ရှားပြီး အခြားမင်းညစ်တစ်ဦး၏ လက်ဝယ်ကို ပုဂံပြည်သူ၊ ပုဂံရွှေပြည်နှင့် ပုဂံမင်းဆက်များ၏ ကြမ္မာကို ထိုးအပ်ပေးခဲ့မိလျက်သား ဖြစ်ခဲ့ရပုံတို့ကို စိတ်ဝင်တစားနဲ့ ဖတ်ရှုကြရမှာပါ။ 

ဒါကြောင့် … ပုဂံကို ချစ်တဲ့ မြန်မာနိုင်ငံသားတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ဆရာ့ရဲ့ စာအုပ်ကို ညွှန်းဆိုလိုက်ရပါတယ်။ တကယ်လို့ ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 
…….
ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စာအုပ်အပါအဝင် အခြား သုတ၊ ရသ၊ သမိုင်း၊ ဘာသာပြန် စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts