ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ ...

ဒီနေ့မှာ ဝန်ဇင်းစာချစ်သူ ပရိသတ်ကြီးအတွက် ယနေ့ထွက် စာအုပ်များကဏ္ဍကနေ မိတ်ဆက် တင်ပြလိုတဲ့ စာအုပ်တွေကတော့ ကလောင်သစ်( ၇ ) ဦးတို့ရေးသားတဲ့ ဟာသဝတ္ထုတိုတွေကို စုစည်းထုတ်ဝေလိုက်ထားတဲ့ "ခုနစ်သံချီ" ဟာသဝတ္ထုတိုများ၊ ရဲဦး မြန်မာပြန်တဲ့ "ရောင်းချရေး၏ဉာဏ်ပညာ သို့မဟုတ် ကုန်ပစ္စည်းရောင်းချနည်း ၂၆ နည်း" နဲ့ ကလောင်ရှင် ငါးဦး ရေးသားထားတဲ့ "ပဉ္စလက်ရနံ့" ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) 
ပထမဆုံး မိတ်ဆက်မှာက "ခုနစ်သံချီ" ဟာသဝတ္ထုတိုများ စာအုပ်ပါပဲ။ သူ့အလိုလိုရယ်မောရခြင်း၊ ရှက်လွန်းပြီး သံယောင်လိုက်ရယ်မောမိတာ၊ နာကျင်လို့ ရယ်မိတာ စတဲ့ ရယ်မောခြင်း ( ၃ ) မျိုးနဲ့ မလွတ်ကင်းတဲ့ ရယ်မောခြင်းမျိုးကို အခုစာအုပ်ထဲမှာ ဖတ်ရှုခံစားရပါလိမ့်မယ်။ 

"အခုတော့ ဟာသစာပေအတွက် အားကိုးရမယ့် ကလောင်သစ်ကလေးများ စုစည်းပြီး စာအုပ်ထုတ်လာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ သူတို့ရဲ့စာအုပ်နာမည်ကိုလည်း ကျွန်တော်ကပဲ 'ခုနစ်သံချီ' လို့ အကြံပြုပေးခဲ့ပါတယ်။ ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ်။ ကလောင်ကြီးတွေ စာအုပ်ထုတ်ဖို့ ခက်ခဲနေချိန်မှာ စာပေလောကထဲ ရဲရဲတင်းတင်း ဝင်ရောက်လာတဲ့ အတွက်လည်း အတော်လေးကို အားတက်မိပါတယ်။ ပိုပြီးတော့ ကျေနပ်မိတာက ရေးသားရခက်ခဲတဲ့ ဟာသအနွယ်စာကလေးတွေ မြင်ရမိလို့ပါပဲ" ဆိုပြီး ဆရာအကြည်တော်က သူ့ရဲ့အမှာစာမှာ ဖော်ညွှန်းထားပါတယ်။ 

ဒီစာအုပ်ထဲမှာ ကျိတ်ပိုးငနဲနဲ့ စတိတ်ရှိုးအလွဲ၊ ကျနော့်လို လူစားများ၊ အစောဆုံးအချိန်၊ ခွေးပြေးဝက်ပြေး၊ ပီးဆေး၊ အကျင့်နဲ့အစွဲ၊ ကြိုးတစ်ချောင်း၏ ရာဇဝင်၊ သူကြီးဦးရွှေသီးနှင့် နာရီပျောက်ရှာပုံတော်၊ လေတဝုန်းဝုန်းကဖီး၊ ဆယ့်နှစ်ယောက်မြောက် မြန်မာ့လက်ရွေးစင်လူသား၊ ပင်စည်မဲ့သော သစ်ပင်၊ ဟိုဒင်းရောဂါ၊ ဂုဏ်ထူးကိုယ်စီနှင့် သူငယ်ချင်းများ၊ အလွဲများနှင့် ဦးသာစိန် စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။  

ဒါကြောင့် ဝန်ဇင်းစာဖတ်သူများ စိတ်လက်ပေါ့ပါးစွာနဲ့ ပြုံးပြီးရယ်၊ ကျိတ်ပြီးရယ်၊ အသံထွက်ဝါးလုံးကွဲအောင်ရယ်၊ ဒါမှမက မျက်ရည်ထွက်အောင်ရယ်ရင်း စိတ်ဖိစီးမှုတွေကနေ ခေတ္တခဏ ကင်းကွာသွားချင်တယ်ဆိုရင်တော့ အခုဟာသစာအုပ်ကလေးကို ဖတ်ရင်းရယ်၊ ရယ်ရင်းဖတ်ကြဖို့ တိုက်တွန်းလို်က်ပါတယ်။ 

( ၂ ) 
နောက် မိတ်ဆက်တင်ပြချင်တာက Sales Mind by Helen Kensett စာအုပ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတဲ့ ရဲဦး - မြန်မာပြန် "ရောင်းချရေးဉာဏ်ပညာ သို့မဟုတ် ကုန်ပစ္စည်းရောင်းချနည်း ၂၆ နည်း" ဆိုတဲ့စာအုပ်ပါပဲ။ 

အရောင်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ပြီး ဈေးကွက်ဦးဆောင်သူတစ်ယောက် ဖြစ်လာအောင် မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပုံသေနည်းတွေထုတ်ပြီး ရှင်းလင်းထားတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဈေးကွက်စိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ ရောင်းသူဝယ်သူကြားက ဆက်စပ်နေတဲ့ စိတ်ပညာ၊ နည်းပညာနဲ့အပြိုင် ကျွမ်းကျင်မှုကို ဘယ်လို မွေးမြူမလဲ၊ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းအသုံးချမှု ... စတဲ့ အရောင်းလုပ်ငန်းတစ်ခု တွင်ကျယ်အောင်မြင်ဖို့ ပြတ်သားတဲ့နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာပါ။ 

"အရောင်းလုပ်ငန်းတစ်ခုတွင်ကျယ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေ ထုတ်လုပ်နိုင်ဖို့ နည်းပါးလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ အရောင်းလုပ်ငန်းတစ်ခု ကျရှုံးတယ်ဆိုတာ အတွေ့အကြုံမရှိခြင်းကြောင့် မဟုတ်သကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးနေခြင်းကြောင့်လည်း မဟုတ်ပါဘူး။ လုံလောက်တဲ့ စိတ်အားထက်သန်မှု မရှိလို့ပါ။ ဒီစာအုပ်က သင့်ရဲ့အရောင်းစွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ ကိရိယာတွေကို နားလည် တတ်ကျွမ်းအောင် ပြုလုပ်ပေးပါလိမ့်မယ်" ( စာအုပ်မှ ... ) 

ကိုယ့်ရဲ့ ကုန်ပစ္စည်း ရောင်းချမှုနဲ့ပတ်သက်ပြီး စတင်လိုသူပဲ ဖြစ်ဖြစ်၊ လုပ်ငန်းလည်ပတ်နေဆဲ ဖြစ်ဖြစ် ... ဒီစာအုပ်လေးက အထောက်အကူပြုမှာ အသေအချာပါပဲ။ 

( ၃ ) 
နောက်ဆုံး ဖတ်ညွှန်း/ရောင်းညွှန်းပေးချင်တဲ့ စာအုပ်ကတော့ "ပဉ္စလက်ရနံ့" ဆိုတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ကဗျာဆရာငါးဦးဖြစ်တဲ့ ညီညွတ်ညိန်း၊ စာဂဘဝင်၊ ညိုလင်းမောင် (ရေဦး)၊ လမင်းမောင် - ကောလင်း ( ဇီးဖြူရိပ်)နဲ့ သူရိန်ခန့်ဘ(ကမ္ဘာသစ်) တို့ရဲ့ ကဗျာလက်ရာတွေကို စုစည်းထားတာပါ။ 
ကဗျာဆရာငါးဦးရဲ့ လက်ရာတွေပါဝင်တဲ့စာအုပ်ကို "ပဉ္စလက်ရနံ့" လို့ ရိုးရှင်းစွာ အမည်ပေးထားပုံကလည်း ဆန်းသစ်နေပါတယ်။ ခေတ်ရနံ့၊ ရာသီရနံ့နဲ့ မွှေးကြိုင်လန်းဆန်းလှပြီး ကဗျာတွေကလည်း လတ်ဆတ် ကြိုင်သင်းနေကာ ခေတ်ကိုထင်ဟပ်မယ့် ကဗျာအရေးအသားတွေပဲ ဖြစ်တယ်လို့ စာအုပ်အမှာစာက ပြောပြထားတယ်။ 

လောကကြီးကို လှမ်းကြည့်လိုက်ချိန် 
မုသားတွေ လောဘရမ္မက်တွေ 
အာဃာတတွေ မာန်မာနတွေ 
စစ်ပွဲတွေ ပြည့်လျှံနေပြီး
လောကအလှတရားကို
ဖျက်ဆီးနေကြတယ်။ 
မေတ္တာသစ္စာ စာနာ နားလည်မှုတွေ
ပျောက်ဆုံးနေတယ်။ 
ရိုးရာယဉ်ကျေးမှုတွေ ခေတ်ရေစီးမှာ
သစ်ရွက်တွေလို မျောပါနေပြီး
နွံအိုင်ကြီးထဲမှာ လူးလိမ့်နေတဲ့
တောကျွဲတွေလို ကာမတဏှာကြော
ပျော်မွေ့နေတယ်။ ( ဘဝမီးအိမ် ကဗျာမှ ... ) 

ထမင်းမဖြစ်တဲ့
ကဗျာတွေကို စားနေမှာတော့ 
ငါ့အိတ်ကပ်
နေမကောင်းဖြစ်နေတာ 
အရူးရောဂါကိုပဲ
စာဖွဲ့ရမလား ...
အိမ်ပေါ်ကပဲ 
ဆင်းပြေးရမလား ...။ ( ဒွိဟ ကဗျာမှ ... ) 

အခုလို ကဗျာစုစည်းမှုစာအုပ်ထဲက အနုလက်ရာတွေဟာ ကဗျာချစ်သူ၊ စာချစ်သူများအတွက် ကမ္ဘာလောကကြီးတစ်ခုကို ရှုထောင့်အသစ်နဲ့ ခေါ်ဆောင်သွားပါလိမ့်မယ်။

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးတွေကို ဝယ်ယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... 












Related Posts