ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တိုက်ဖို့ ခေါ်ဆောင်သွားခြင်းခံရတဲ့ တိုင်းရင်းသားလူမျိုးများနှင့် ၄င်းတို့ ရင်ဆိုင်ဖြတ်သန်းမှုများ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

မနက်ဖြန် သန်ဘက်ခါဆိုရင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အားလပ်ချိန်တွေကို ရောက်ရှိပြီပေါ့ခင်ဗျ။ ဒီလိုအချိန်တွေကို စာအုပ်ကောင်းတွေ ဖတ်ရှုရင်း ဖြတ်သန်းချင်တယ်ဆိုရင်တော့ ခုမိတ်ဆက်တော့မယ့် စာအုပ်လေးကို ဖတ်ရှုကြည့်ကြဖို့ ပြောပါရစေ။ အဲ့ဒီစာအုပ်ကတော့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်ဖြစ်တဲ့ စာရေးဆရာဖိုးကျော့ရဲ့ “ကန္တာရစစ်နှင့် ကန္တာရအချစ်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

စာရေးသူဟာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ မုဆိုးတွေအကြောင်း၊ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ တော တောင် ရေမြေ ပင်လယ်သမုဒ္ဒရာတို့ရဲ့ သဘာဝများနဲ့ တောတွင်းတိရိစ္ဆာန်တို့ရဲ့ ထူးထူးခြားခြား အကြောင်းအရာများ ( ‘ဆတ်ရေချပွဲနှင့် အခြား မြန်မာမုဆိုး ဝတ္ထုတိုများ’ … ကဲ့သို့ ) အပြင် ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ သံယောဇဉ်ဘွဲ့ မေတ္တာဘွဲ့ကို ဖော်ထုတ်ရင်း လူ့စရိုက်သဘာဝကို မီးမောင်းထိုးပြထားသော ဝတ္ထုရှည်များ ( ‘နန်းရိပ်ထီးဖြူ လုယူမည်မြင်သည်’ … ကဲ့သို့ ) စတဲ့ ဝတ္ထုတို ဝတ္ထုရှည်တွေကို ရေးသားလေ့ရှိတဲ့ ပရိသတ်အခိုင်အမာရှိပြီး နာမည်ရ စာရေးဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကတော့ စာရေးသူရဲ့ စာအုပ်တွေအနက် ထူးထူးခြားခြား ဇာတ်လမ်းဇာတ်အိမ်နဲ့ ချပြထားတဲ့ ဝတ္ထုရှည်တစ်ပုဒ်လို့ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ပထမကမ္ဘာစစ်ကို နောက်ခံထားပြီး စစ်ပွဲမှာ စစ်တိုက်ဖို့ ခေါ်ဆောင်သွားခြင်းခံရသူတွေနဲ့ အတွေ့အကြုံတွေအကြောင်း ရေးဖွဲ့ထားတာပါပဲ။ ဒီဇာတ်လမ်းကို စာရေးသူက စိတ်ကူးကူးမြူးခြင်းသက်သက်နဲ့ ရေးဖွဲ့ထားတာမဟုတ်ပါဘူး။ လက်တွေ့မှာ တကယ် ပါဝင်သွားခဲ့ကြဖူးသူတွေရဲ့ မှတ်တမ်းမှတ်ရာတွေကို အခြေပြုရေးဖွဲ့ထားတာမို့ ဇာတ်လမ်းတစ်ခုလုံးက ရုပ်လုံးကြွ အသက်ဝင်နေပါတော့တယ်။

အချိန်က ၁၉၄၁ ခုနှစ်၊ နှစ်ဦးကာလ … နေမဝင်အင်ပါယာကို ပိုင်ဆိုင်ထားတဲ့ ဗြိတိသျှလူမျိုး အင်္ဂလိပ်တွေက မြန်မာပြည်မှ ဗမာလူမျိုးအပါအဝင် တိုင်းရင်သားမျိုးစုံကို ပထမကမ္ဘာစစ်ကြီးမှာ ပါဝင်စစ်တိုက်ခိုင်းဖို့ အိန္ဒိယကို သင်္ဘောကြီးနဲ့ ခေါ်သွားတဲ့ခရီးစဉ်မှာပေါ့ ….

[ “မင်းတို့ဗမာလား”
“မဟုတ်ပါဘူး”
ပါးစပ်ပြဲပြဲနှင့်လူက မေးသည်ကို ကြာယုံက မော့ကြည့်၍ ဖြေလိုက်၏။
“မင်းတို့ ဗမာစကားပြောနေကြတာပဲ၊ ဗမာမဟုတ်လို့ဘာလဲ”
“ကျုပ်တို့က ကရင်၊ ဒီကောင်က ချင်းတောင်ပေါ်သား”
“မြန်မာပြည်ကဆို တို့ဗမာ ညီအစ်ကိုတွေပေါ့ကွာ။ တွေ့ရတာဝမ်းသာလိုက်တာ။ ငါက အညာက ဖိုးလှခေါ်တယ်။ သူက ရှမ်းဗမာ စိုင်းထွန်းအောင်မှတ်ထားပါ”
ပြောရင်း ဖိုးလှသည် သူတို့အနား လာကပ်ထိုင်၏။ ဖိုးလှထိုင်သောအခါ စိုင်းထွန်းအောင်လည်း ထိုင်သည်။ ဟမ်းကောတွေကို ဒူးပေါ်တင်ပြီး တစ်ယောက်ကိုတစ်ယောက် စေ့စေ့ကြည့်၍ အကဲခတ်ကြသည်။ မြန်မာပြည်သားချင်း တိုင်းတစ်ပါးတွင် တွေ့ကြရသဖြင့် အလွန်အမင်းပင် ဝမ်းသာသွားကြသည်။ 
“တို့ကို စစ်တိုက်ဖို့တော့ ခေါ်တယ်။ အစားကျတော့ ဝဝလင်လင် မကျွေးချင်ဘူး။ မင်းတို့ မြင်သလိုပဲ ခွေးအန်ဖတ်သာသာပဲ စားနေရတယ်” ] ( စာမျက်နှာတစ်နေရာမှ … )

စာရေးသူ ဒီစာအုပ်ရေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး အမှာစာမှာ ခုလိုဖော်ပြထားပါတယ်။ 

[ မိမိကောင်းစွာ မမှတ်မိတော့။ မင်းတပ်မှာလား၊ ကန်ပက်လက်မှာလား။ ထိုခေတ်က ကောင်စီလူကြီးမှတစ်ဆင့် ကျွန်တော့်ကို စာမူတစ်ခု လူတစ်ယောက် လာပေးသွားသည်ဟု ပြောပြီးပေးသည်။ စာမူကို အကြမ်းဖတ်ကြည့်တော့ ပထမကမ္ဘာစစ်က အင်္ဂလိပ်စစ်တပ်နှင့် သူပါသွားခဲ့ရကြောင်း ရေးထားသည်။ စာမူလာပေးသူကိုလည်း ကိုယ်တိုင် မတွေ့လိုက်ရ၊ မှတ်တမ်းရေးခဲ့သူမှာ သူ့အဘိုးလား၊ သူ့အဖေလား ဆိုတာလည်းမသိ။ ထိုစဉ်က မိမိလည်း ထိုအကြောင်းကို ရေးရန်စိတ်ကူးမရှိ။ 
ယခု နှစ်ကြာတော့မှ မိမိအမျိုးသမီး၏ အဘိုးလည်း ပထမကမ္ဘာစစ်တွင် မက်ဆိုပိုတေးမီးယားကို သွားခဲ့ရကြောင်း ယောက္ခမဖြစ်သူက ပြောပြမှ စိတ်ဝင်စားလာပြီး ဤ “ကန္တာရစစ်နှင့် ကန္တာရအချစ်” ကို ရေးရခြင်းဖြစ်သည်။ ] 

ကဲ … ဒီတော့၊ တစ်ချိန်က တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြား အမြှောက်သံနဲ့ယမ်းနံ့တွေအကြား မြန်မာပြည်သား တိုင်းရင်းသားလူမျိုးများ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေက ဘာတွေဖြစ်မလဲ၊ ကန္တာရစစ်မှာ ကန္တာရအချစ်က ဘယ်လိုနေရာကနေ ပါဝင်လာမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၂,၀၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ခုပဲ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
…….
ရသစုံဝတ္ထုစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။




Related Posts