ယနေ့အတွက် ဖတ်စရာကဏ္ဍ


ဒီနေ့အတွက် ဝန်ဇင်းစာချစ်သူများ ဖတ်ရှုစရာ သမိုင်းတစ်အုပ်နှင့် ဝတ္ထုတစ်ပုဒ်

………….

ပထမရွေးချယ်ရန် စာအုပ် >>> ၁၉၈၈၊ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( တရားဝင် ) ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ်ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်းများ ။ 

ဒီစာအုပ်ဟာ - 

သမိုင်းမှတ်တမ်း အချက်အလက်တွေကို ရေးသား ဖော်ပြထားတာမဟုတ်ဘဲ၊ အဲ့ဒီနေ့ ညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို စုစည်းတင်ပြထားတာမို့ သမိုင်းတန်ဖိုးရှိလှတဲ့ မှတ်တမ်းစာအုပ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၊ ဦးအောင်သန်းတင်၊ ဦးကိုယု၊ မောင်သော်က ( ဗိုလ်မှူးဘသော် )၊ ဦးအောင်လွင်၊ ( ဦး ) ကိုကိုကြီး၊ မိုးသီးဇွန်၊ ( ဦး ) ကိုကိုလတ် တို့ရဲ့ မိန့်ခွန်းများနှင့်အတူ ထိုအချိန်က ထုတ်ပြန်ခဲ့သော ရဟန်းပျိုသမဂ္ဂ ကြေညာချက်၊ နောက်ပြီးတော့ - ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ … စတာတွေကို ပြည့်ပြည့်စုံစုံ ဖတ်ရှုရမှာပါ။ 

အင်္ဂလိပ်နယ်ချဲ့လက်အောက်ကနေ မြန်မာတစ်နိုင်ငံလုံး လုံးဝလွတ်မြောက်ဖို့၊ ကိုလိုနီပညာရေးစနစ်ကို လုံးဝဖျက်သိမ်းပြီးတော့ အမျိုးသားပညာရေးစနစ် တည်ဆောက်ဖို့ … စတဲ့ ရည်ရွယ်ချက်များကစလို့ မြန်မာနိုင်ငံ လွတ်လပ်ရေးနောက်ပိုင်း၊ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအထိ ပြည်သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ကျောင်းသားသမဂ္ဂများရဲ့ လှုပ်ရှားမှု သမိုင်းပုံရိပ်ကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရပါလိမ့်မယ်။ 

ဒါကြောင့် … တစ်ချိန်တုန်းက ကျောင်းသားသမဂ္ဂတွေဟာ ဘယ်လိုတိုက်ပွဲမျိုးတွေကို ရင်ဆိုင်ခဲ့ရသလဲ၊ ဘယ်လိုမူဝါဒမျိုးနဲ့ ရပ်တည်ခဲ့သလဲ၊ သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှု အတိုင်းအတာက ဘယ်လောက်အထိ ကြီးမားခဲ့သလဲ ဆိုတဲ့ မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားသမဂ္ဂများရဲ့ အခန်းကဏ္ဍပါဝင်မှုကို လေ့လာလိုတယ်ဆိုရင်တော့ ဒီစာအုပ်ဟာ ရွေးချယ်ဖတ်ရှုဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ 

ဒုတိယရွေးချယ်ရန် စာအုပ် >>> စာရေးဆရာမ ပုဏ္ဏမီရဲ့ ‘အချစ်နှင့်တွေ့သောအခါ’ 

ဒီဝတ္ထုကတော့ အဖွင့်ကတည်းက မြင်တွေ့နေကြမဟုတ်တဲ့ ဇာတ်လမ်းတင်ပြပုံမျိုးနဲ့ စတင်ထားတယ်။ အချစ်ဝတ္ထုပါပဲ။ ဒါပေမဲ့ အပြင်မှာ တွေ့မြင်ရလေ့ရှိတဲ့ လူတွေရဲ့ စရိုက်သဘာဝကို ပါဝင်အောင် ထည့်သွင်း ရုပ်လုံးဖော်ထားတယ်။ ဇာတ်လမ်းတင်ပြပုံလေးက စာဖတ်သူအတွက် သစ်လွင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဝတ္ထုအစမှာ လူတစ်ယောက်က ကိုယ့်အကြောင်းကို ကိုယ်ပြန်တင်ပြနေပုံမျိုးနဲ့ စတင်ထားလို့ပါပဲ။ သူ့အကြောင်းသူ ပြောမယ်၊ သူနဲ့ ဆက်စပ်နေတဲ့ အဖြစ်အပျက် လူပုဂ္ဂိုလ်တွေပါလာတယ်။ 

လူပျိုကြီး ကိုခင်မောင်ကြည် - [ ကိုယ်ဟာ လေးဆယ်နီးပါးသော သက်တမ်းကာလလောက်ကို အရောက်မှာ အများက ဝိုင်းသတ်မှတ်ထားကြသလို ‘ဂျင်မောင်ကြည်’ ‘ဖျံမောင်ကြည်’ လောက် မဟုတ်ရင်တောင် … သူများ မျက်ခုံးမွှေးပေါ်မှာ စင်္ကြလျှောက်လိုက်ရမှ ကျေနပ် အိပ်ပျော်တတ်တဲ့ သူမျိုးတော့ ဖြစ်နေတာပေါ့။ ]

ဒိုးဒိုး - [ ပုစိပွစိ ကလေးမလေးတစ်ယောက်အပေါ် သနားကြင်နာမိရာကစခဲ့တဲ့ ခင်မင်ကျွမ်းဝင်မှုဟာ ဒီလောက်ထိ ခိုင်မြဲလိမ့်မယ်ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်တောင် သိပ်မယုံဘူး ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာတဲ့အထိ ကလေးမ ပိစိလေးတစ်ယောက်အပေါ် အမှတ်တရနဲ့ အမြဲ သတိရမိနေဆဲဆိုတာကို ကြားရသူအပေါင်းဟာ မယုံတဝက် ယုံတစ်ဝက်နဲ့ အနည်းဆုံး လူတိုင်းကတော့ ရယ်တော့ ရယ်ချင်နေကြမှာပဲ။ ] 

ဒီနှစ်ယောက်အကြောင်းကို အရင်ဆုံး မြင်တွေ့ရလိမ့်မယ်၊ တစ်ယောက်ချင်းစီမှာတော့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကိုယ်စီနဲ့။ အဲ့ … တစ်ကွေ့မှာတော့ သူတို့ရဲ့ ဇာတ်ကြောင်းက ထိပ်တိုက်တွေ့ဆုံပြီး ဝတ္ထုဇာတ်လမ်းသွားတစ်ခု ပေါ်ပေါက်လာတယ်။ အခြားဇာတ်ကောင်တွေ အစုံအလင် ပါဝင်လာတယ်။ ဒါကြောင့် ထူးခြားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လို့ ဝန်ဇင်းစာချစ်သူများအတွက် ညွှန်းဆိုလိုက်ရပါတယ်။ 

ဖတ်ရှုမယ်ဆိုရင်လည်း ဝန်ဇင်းမှ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလို့ ရပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေခင်ဗျာ။

…………

ခုလို စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

 

Related Posts