ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ ခပ်မြူးမြူး ဝတ္ထုလေးတစ်အုပ်လောက် ဖတ်ချင်တယ်၊ မိန်းကလေးတစ်ယောက်ရဲ့ လေးနက်တဲ့ ချစ်ခြင်းအကြောင်း တစ်ပုဒ်လောက် ဖတ်ချင်တယ်ဆိုသူများအတွက် ……. ] 

…………

သင်ဖတ်ဖို့ ၁။ 

စာရေးဆရာမ >>> လမင်းမိုမို
ဝတ္ထုအမည် >>> အားငယ်တတ်တယ်

ဖတ်ညွှန်းတို - ခပ်မြူးမြူး အချစ်ဝတ္ထုလေး ဖတ်ချစ်တယ်ဆိုသူများအတွက် အံကိုက်ပါပဲ။ စလာကတည်းက ပေါ့ပေါ့ပါးပါး အဖြစ်အပျက်လေးတွေနဲ့ စထားတဲ့ ဒီဇာတ်လမ်းဟာ စာဖတ်သူရဲ့ စိတ်ကိုလည်း ပေါ့ပါးသွားစေပါလိမ့်မယ်။ နောင်ထွန်းမှိုင်း၊ ရိုးနွယ်မြဖြူ၊ မိုးလုံးမှိုင်း၊ တိမ်ညိုမှိုင်း၊ မြူမင်းလွင်ထန်၊ စစ်ပန်မှိုင်း၊ ကြာညွတ်မယ် … ဆိုတဲ့ မောင်နှမ ခုနစ်ဦးထဲက ပြောင်ပြောင်ရွှတ်ရွှတ် အုပ်စုဖြစ်တဲ့ မိန်းကလေးချည်း သုံးယောက်။ 

[ “မြူနော် … နင် နောက်တစ်ခါ အဲ့ဒီ မိုးစက်ကို စိတ်ဝင်စားသလိုလို စကားတစ်ခွန်းပဲထပ်ပြော၊ ငါကိုယ်တိုင် သွားနားဖောက်ပေးမယ်”

“တိုင်းချူးပဲ၊ ငါကလေ သူ့အိတ်ထဲက မုန့်ကြီးထွက်လာတာရယ်၊ သူ့မျက်နှာ ဖြစ်သွားတာလေးရယ်၊ ခုထိ မျက်စိထဲက မထွက်အောင် စွဲလမ်းနေပြီ ကဲ … ကဲ”

“အေးနော်၊ ငါက လမ်းမတော်ကျောင်းမှာ ရအောင် သွားရှာပြီး တကယ်ပြောမှာ”

“ပြော”

မြူက ခပ်ပေါ့ပေါ့ဘဲ နောက်ရွှတ် ရယ်မောရင်း ခေါင်းညိတ်လိုက်သည်။ ခေါင်းညိတ်ရင်းက နန္ဒနှင့်အတူ အခန်းဝမှာ လာရပ်သော ဧည့်သည်ကို တစ်ချက်လှမ်းပြီး ကြည့်လိုက်မိလေသည်။ 

“ဟင်”

မြူမျက်နှာကလေး ဖြူဖွေးသွားရ၏။ ရှက်စိတ်မွှန်ကာ ခေါင်းကို ဆတ်ခနဲ ငုံ့ချလိုက်မိသည်။ သည်တော့မှ ရွှေရွှေတို့ကလည်း လှည့်ကြည့်ဖြစ်ကာ နှစ်ဦးသား မိုးစက်ကိုမြင်တော့ လျှာတွေ တစ်လစ်ထွက်သွားရသည်။ ]

ခပ်မြူးမြူးဇာတ်လမ်း ဆိုတာတော့ ဟုတ်ပါပြီရဲ့။ စိတ်လှုပ်ရှားစရာလေးများ မပါဘူးလား ဆိုရင်လည်း ပါ,ပါတယ်။ ဇာတ်ဆောင်ခပ်များများ ဒီဝတ္ထုထဲမှာ ပြဿနာလေးတွေလည်း ရှိတာပေါ့။ ဝတ္ထုရဲ့ အထွဋ်အထိပ်ကတော့ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ မြူနဲ့ မိုးစက်တို့ နှစ်ယောက်ကို ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။ 

ဒီတော့ … စာချစ်သူတို့လည်း ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 
………….

သင်ဖတ်ဖို့ ၂။ 

စာရေးဆရာ >>> ဗျူး
ဝတ္ထုအမည် >>> ညားကြလေသတည်း

ဖတ်ညွှန်းတို - [ ဘာလို့ င့ါကိုဆို အမြဲ စိမ်းကားနေရတာလဲ နက်နဲရယ်။ နင့်အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေတတ်တဲ့ ငါ့အပေါ်ကိုမှ လုပ်ရက်တယ်။ နင့်ကိုဆို ငါ့ဘက်ကတော့ အမြဲအရှုံးပေးထားတာ ဘေးလူတွေတောင် သိကုန်ကြပါပြီ။ ကာယကံရှင် နင်ကတော့ ဥပေက္ခာပြုရက်တယ်နော်။ ] ( သစ္စာ ) 

“ ဟုတ်တယ်၊ နင်တောင် သစ္စာကို လုပ်ရက်သေးတာပဲ၊ တကယ့်အရေးတကြီး ကိစ္စတစ်ခုကြောင့်ဆိုရင် ငါမပြောပါဘူး။ ခုတော့ဟာ ဘာမဟုတ်တဲ့ မိန်းမကိစ္စကြောင့် ဟိုးကလေးဘဝကတည်းက ခင်လာတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို ဒုက္ခပေးရက်တယ်၊ နင်အခုချက်ချင်း ထွက်သွားတော့ဟာ” ( ယုယ ) 

သစ္စာရှင် နဲ့ ယုယကြင် တို့ဟာ အမြွှာညီအစ်မနှစ်ယောက်။ အဒေါ်အပျိုကြီးနဲ့ အတူနေတဲ့ ဒီ ညီအစ်မနှစ်ယောက်မှာ ယုယရဲ့ ကန့်ကွက်မှုတွေက သစ္စာရဲ့ သူငယ်ချင်း ‘နက်နဲ’ ။ မာန၊ အတ္တတွေဟာ နက်နဲရှေ့ရောက်ရင် ရေငွေ့လို အငွေ့ပျံတက်သွားစမြဲ ဖြစ်နေတဲ့ သစ္စာကို အစ်မဖြစ်သူက အားမလို အားမရ။ နက်နဲကတော့ မလျှော့မပေးဘဲ အမြဲ အနိုင်ယူတတ်တဲ့ သစ္စာရဲ့ ချစ်ရပါသော သူငယ်ချင်း ကောင်လေးတစ်ယောက်။ 

‘ညားကြလေသတည်း’ မှာ တကယ်ပဲ ညားကြပါ့မလားဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts