ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူများအတွက် ကမ္ဘာ့အဆင့်မီ အခြေခံလက်နှိပ်ပညာ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာတဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်ကောင်းတစ်အုပ် ရှိနေပါတယ်။ အဲ့ဒီစာအုပ်ကတော့ ဟိန်း ( ဘူမိ ) ရေးသားပြုစုတဲ့ “ကမ္ဘာ့အဆင့်မီ အခြေခံလက်နှိပ်ပညာ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ ဝန်ဇင်းစာချစ်သူတွေအနေနဲ့ ကျန်းမာရေးပြဿနာများကို ကိုယ်တိုင်သမားတော်အဖြစ် ကုသနိုင်အောင် လမ်းညွှန်ပေးမယ့် စာအုပ်ကောင်းပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ခုလို “ခေတ်မီလက်နှိပ်ပညာ” ကျမ်းကို ဂျော်ဂျီနာရီဂန် ( Georgina Regan ) နှင့် ဒက်ဘီရှာပီရို ( Debbie Shapiro ) တို့၏ “ကုသသူ၏လက်” ( The Healer’s Hand ) စာအုပ်၊ ဂျိမ်းစ်ဒဲလက်စ်ဂျာဒင်း ( James Dallas Jarding D.Ac Dhom. FBIH ) ၏ “ဘက်စုံပေါင်းစည်းကုထုံးနည်းများ” ( Alternative Therapies ) နှင့် ဟမ်းစ်ဟောက်စ် ( Hermes House ) စာအုပ်တိုင်အတွက် အယ်ဒီတာ ကတ်သရင်းစတူးဝပ် တည်းဖြတ်ထုတ်ဝေသော “ပုံပြလက်နှိပ်ပညာလမ်းညွှန်နှင့် မွှေးရနံ့ကုထုံးနည်း” ( The Illustrated Guide to Message and Aromatherapy ) စာအုပ်တို့မှ ရွေးချယ်ကောက်နုတ်ပြီး ပြုစုထားတာလို့လည်း သိရပါတယ်။ 

-	ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ကုသနည်းဖြစ်တဲ့ လက်နှိပ်ပညာသမိုင်း 
-	လက်နှိပ်ကုသနည်း၏ အကျိုးရှိပုံ 
-	ရုပ်ပိုင်းအကျိုးသက်ရောက်မှုများ
-	စိတ်နှင့်စိတ်ခံစားမှုများ 
-	နာမ်ဝိညာဉ်အား အာဟာရဖြည့်ပေးခြင်း 
-	ကျန်းမာရေးနှင့် ချက္ကရစနစ်
-	ဦးခေါင်းလက်နှိပ်ကုသခြင်း
-	ခြေဖဝါးလက်နှိပ်ကုသခြင်း
-	တုံ့ပြန်မှုသုံးလက်နှိပ်ပညာ
-	သတိပြုရမည့် ဆောင်ရန်ရှောင်ရန်အချက်တွေ 
-	ခန္ဓာကိုယ်နှိပ်နယ်ခြင်းဥပဒေသများ 
-	စိတ်ခံစားမှုနှင့် စိတ်တွင်းဖိအား
-	ပြေလျော့အနားယူခြင်းနှင့် အိပ်စက်ခြင်း 
-	- အသက်ရှူရှိုက်ခြင်းနှင့် သက်လုံ

စတဲ့ အကြောင်းအရာတွေကို အခြေခံလက်နှိပ်ပညာကစလို့ ကိုယ်တွင်း ချက္ကရစွမ်းအင်များကို ထိန်းညှိနိုင်တဲ့ အဆင့်မြင့်လက်နှိပ်ပညာအထိ အသေးစိတ် ဖော်ပြထားလို့ လက်နှိပ်ပညာနဲ့ ပတ်သက်ပြီး လေ့လာလိုသူတိုင်းအတွက် ကျမ်းကောင်းတစ်ခုလို့ ဆိုရမှာပါ။ 
…….
[ “လက်နှိပ်ပညာ” သည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ကုသနည်းတစ်ခုဖြစ်သည်။ ယင်းပညာ၏အစကို အတိအကျရှာဖွေရန်ကား မဖြစ်နိုင်ပါချေ။ လက်ဖြင့် ပွတ်သပ်ပေးခြင်း၊ နှိပ်ပေးခြင်း၊ ရိုက်ပုတ်ပေးခြင်းဖြင့် ရောဂါကုခြင်းကို ကမ္ဘာပေါ်တွင် လူ့ယဉ်ကျေးမှုအရပ်ရပ်၌ တွေ့ရခဲ့ပြီး ရှေးခေတ်ကာလကတည်းက ရှိခဲ့ပါသည်။ ယနေ့ခေတ်ကာလတိုင် “လက်နှိပ်ပညာဖြင့် ကုသနည်းမှာ” မတိမ်ကောဘဲ ဆက်လက်ကျင့်သုံးနေကြဆဲ ဖြစ်ပါသည်။ ] 

[ ခြေထောက်အနှိပ်ခံကုထုံးများ ( Foot message )၊ ခန္ဓာကိုယ်အား လက်နှိပ်ကုထုံးများ ( Body message ) စသည်တို့က ရုပ်ခန္ဓာတွင် တင်းမာသော ခံစားရမှုများကို လျော့ကျသွားစေနိုင်ပြီး ခန္ဓာကိုယ် အနားရစေကာ စိတ်ဖြေလျော့မှုကိုလည်း ခံစားရစေနိုင်ပါသည်။ ]
…….
ဝန်ဇင်းစာချစ်သူတို့လည်း လက်နှိပ်ပညာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ လေ့လာမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့လာဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”

“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 


Related Posts