ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာအုပ်အမည် - ရင်မှာရှိသော လျှို့ဝှက်ချစ်သူ
စာရေးသူ - ရှင်မြတ်နိုး

စာအမြည်း -

သူမ ဦးမိုးတိမ်ခကို တွေ့ချင်သည်။
ဦးမိုးတိမ်ခဆိုတာ ဘယ်လိုလူတစ်ယောက်လဲ ဆိုတာ သီတကူ သိချင်သည်။ ဒါကြောင့် ဒီခြံကြီးထဲကို ဝင်နိုင်ဖို့ အခွင့်အရေးတွေ ချောင်းနေခဲ့တာပေါ့။ အခုတော့ သီတကူအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်သွားရသည်။

ဒီမိန်းမ
သူ့ကို ဒေါသတွေ မထွက်ထွက်အောင် တမင်လာပြီး နှိုးဆွနေတာလေ။
သွေးတိုးနဲ့ နှလုံးရောဂါ ဝေဒနာတွေ ခံစားနေရတဲ့ ဦးမိုးတိမ်ခကို မသေသေအောင် ပညာရှိနည်းနဲ့ လာနှိပ်စက်နေတာ။ ဒါမှ ရှိရှိသမျှ အမွေပစ္စည်းတွေ အားလုံး သင်း အပိုင်သိမ်းနိုင်မှာကိုး။ ထိုအချက်ကို ဦးမိုးတိမ်ခ ကောင်းကောင်းကြီး သိနေသည်။
သိပ်ယုတ်မာတဲ့ နေရီနုနု။
သိပ်ရွံစရာကောင်းတဲ့ မိန်းမ။
မုန်းတယ်။
သင်းကို သိပ်မုန်းတယ်။

- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၆၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

(၃)

စာအုပ်အမည် - ဝတ္ထုတိုငါးဆယ်
စာရေးသူ - မြေလတ်မောင်မြင့်သူ

ဝတ္ထုတိုတစ်ပုဒ်မှသည် ဝတ္ထုတိုငါးဆယ့်လေးပုဒ်ဆီသို့ ရေးသားခဲ့တဲ့ ဆရာမြေလတ်မောင်မြင့်သူရဲ့ ဝတ္ထုတိုတွေကို စုစည်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ် ။ ပတ်ဝန်းကျင် လက်တစ်ကမ်းမှာ ရှိတဲ့ ဘဝတွေကို ပေါ်လွင်အောင်ရေးဖွဲ့ထားပြီး မြန်မာ့ရနံ့သင်းတဲ့ ဝတ္ထုတိုတွေလို့ပြောရင်လည်း မမှားနိုင်ပါဘူး....။ ဘဝသရုပ်မှန်ဇာတ်လမ်းတွေကို ပေါ်လွင်အောင်ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေကို ဝန်ဇင်းမှာ (၄၅၀၀)ကျပ်ဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီဆိုတာ သတင်းကောင်းပါးပါရစေခင်ဗျာ....။

Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ  ????
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

- အောင်မြင်သူတိုင်း စာဖတ်ကြသည်။
- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts