ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ချင်းမလှ ပျောက်ဆုံးပြီး ယနေ့တိုင် ပြန်ရှာမတွေ့တော့သူ စာရေးဆရာကြီး မင်းဆွေ - သူ့ရဲ့ နာမည်ကြီး လက်ရာတစ်ပုဒ်ကို ဝန်ဇင်းမှာ စတင် ဖတ်ရှုနိုင်ပါပြီ ]
…..
စာအုပ်အမည် - သွေး
စာရေးဆရာ - မင်းဆွေ 
ဖတ်ညွှန်းတို - စာရေးဆရာကြီး မင်းဆွေဟာ ဒုတိယကမ္ဘာစစ် မဖြစ်မီကတည်းက ထင်ရှားခဲ့တဲ့ စာရေးဆရာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုအတတ်ပညာနဲ့ စာဖတ်သူကို မချင့်မရဲ ဖြစ်စေပြီး ဆွဲဆောင်ခေါ်ငင်နိုင်စွမ်းရှိတဲ့ စာရေးဆရာတစ်ဦးလို့ ဆိုရမှာပါ။

ဆရာကြီးဟာ ယခုနှစ်ကနေ နောက်ပြန်တွက်လို့ နှစ်ပေါင်း ၇၀ အကြာ ၊ ၁၉၄၉ ခုနှစ် ၊ ဇူလိုင် ၂၆ ရက်မှာ နေအိမ်ကနေ ထွက်ခွာသွားပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်။ ယခုအချိန်ထိ ပြန်ရှာမတွေ့တော့ဘဲ ဒဏ္ဍာရီဆန်ဆန် ပျောက်ဆုံးသွားတဲ့ စာရေးဆရာကြီးမင်းဆွေရဲ့ ဝတ္ထုလက်ရာတွေကတော့ စာဖတ်သူတွေ ရင်ထဲမှာ တမေ့တမောနဲ့ ကျန်ရစ်နေဦးမှာ အသေအချာပါပဲ။ ဒါကြောင့် ဝန်ဇင်းစာချစ်သူတို့အနေနဲ့လည်း ဆရာကြီးမင်းဆွေရဲ့ ပင်ကိုရေးဝတ္ထုလက်ရာတွေကို ဖတ်ရှုခံစားနိုင်အောင်လို့ ဝန်ဇင်းမှ ယခုလို တင်ဆက်လိုက်ရခြင်းပဲ ဖြစ်ပါရဲ့။ 

ဆရာကြီးမင်းဆွေဟာ မြန်မာအမျိုးသား စိတ်ဓာတ်တက်ကြွရေး ၊ ရဲရင့်သတ္တိရှိရေးတို့အတွက် လှုံ့ဆော်ရေးသားရာမှာ ထိရောက်အောင်မြင်တဲ့ ကလောင်ရှင်တစ်ဦး ဖြစ်သလို တစ်ဖက်မှာလည်း အနုအရွ အလှအပ ရသတို့ကို ခံစားရတဲ့ အချစ်ဝတ္ထုတွေကို ဖန်တီးမွေးထုတ်ရာမှာလည်း ဂန္ထဝင်မြောက်တဲ့ စာရေးဆရာတစ်ဦးလို့ ဆိုပြန်ရင်လည်း မမှားပါဘူး။ အခု - သွေး - ဆိုတဲ့ ဝတ္ထုကတော့ ဆရာမင်းဆွေရဲ့ နာမည်ကြီး အောင်မြင်ခဲ့တဲ့ ဝတ္ထုလက်ရာတစ်ပုဒ်ပဲပေါ့။  

ဂီတအနုပညာဈာန်ဝင်စားမှု အားကောင်းတဲ့ မိန်းမပျိုတစ်ယောက် - သူမရဲ့နာမည်က ‘မြ’ - ခင်မြမြ ။ ဂီတမြတ်နိုးသူ ၊ မြန်မာ့သီချင်းကြီး သီချင်းခန့်တွေကို နှစ်ခြိုက်သဘောခွေ့သူ ၊ စန္ဒရားချစ်သူတွေအတွက်တော့ ဝတ္ထုစစဖွင့်ချင်းမှာတင် ‘မြ’ ရဲ့စန္ဒရားလက်သံတွေက ‘ကျ’ လောက်စရာပါပဲ။ အဲ့ဒီအခန်းမှာတင် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုနဲ့ ထိပ်တိုက်တိုးစရာကတော့ ‘မြ’ တို့ရဲ့ တစ်ဖက်တိုက်က စန္ဒားလက်သံရှင် ၊  ‘မြ’ ရဲ့ တီးကွက် အကျအပေါက်တွေကို တစ်ဖက်ကနေ စန္ဒရားတီးရင်း သင်ကြားပြသပေးနေသူ . …. …. …. ။ 

သူ့ရဲ့နာမည်က ‘ကိုမြင့်’ - ခင်မောင်မြင့် ။ 

စာမြည်း ။	။ 

‘ခင်မြမြကို တွေ့လိုက်လို့ လိုက်လာတာ … ကျုပ်တိုက်ကိုမကူးတာ ၅ရက်ရှိသွားပြီ။ ဘာကြောင့်လဲ’
‘ဘာကြောင့်ရယ် မဟုတ်ပါဘူး။ မြနေ့စဉ်သာ လာနေရင် ဆရာ့မှာ တာဝန်ကြီးနေမလားလို့’
‘မြ … မပလီနဲ့၊ မြ ကျုပ်ခင်မင်သလို မခင်ဘူး။ ဒီကနေ့မှ အပြင်ထွက်တာ တွေ့ရတယ်။ ကျုပ်မြင်လိုက်ရင် ခေါ်မှာစိုးလို့ အိမ်ထဲမှာပုန်းနေတယ် မဟုတ်လား’
‘မဟုတ်ပါဘူး’ဟု ပြောကာ ခင်မြမြသည် ရှက်ကိုးရှက်ကန်း ရယ်ခြင်းမျိုးနှင့် ဆွဲကြိုးကလေးကို ဆွဲကိုင်ကစား၍ နေလေ၏။
‘လာ .. အပေါ်တက်၊ မိုးရွာလိမ့်မယ်’
‘နေပါစေ ဆရာ … မိုးက မရွာသေးပါဘူး။ လမ်းလျှောက်ချင်လို့ ထွက်လာတာ။ သွားစရာရှိတာ သွားပါဦးလား’
‘ခင်မြမြနောက်ကို လိုက်လာတယ်လို့ ပြောပြီကော။ မိုးဆိုတာ အစိုးရတာမဟုတ်ဘူး … တက်ပါ၊ အိမ်လိုက်ရမယ်။ ကျုပ်ဟာ ခင်မြမြကို နှမကလေးတစ်ယောက် ကောက်ရသလို အင်မတန် ဝမ်းမြောက်နေတာ။ အပြန်အလှန် သဘော မရှိရင် ခင်မြမြရိုင်းတာပဲ’ လက်ကို လှမ်းပြီး နောက်ထိုင်တံခါးကို ဖွင့်ပေးသဖြင့် ‘ဆရာ … မြကို အထင်လွဲတာပဲ။ အဲဒါခက်တယ်’ဟု ညည်းညည်းညူညူ ခြေကလေး လှမ်းတက်ပြီး အိခနဲ ထိုင်ချကာ တံခါးကို ဂျိမ်းခနဲ ဆွဲပိတ်လိုက်ရလေ၏။
မော်တော်ကားမှာ တစ်ရှိန်ထိုး ကွေ့လျက် လေဝှေ့နေသော လဟာထုကို အလုအယက် ကျော်တက်လျက်ရှိ၏။ လမ်းဘေးနှစ်ဖက်နှစ်ချက်မှ သစ်ပင်ကြီးငယ်နှင့် စိမ်းလန်းနေသော မြက်ခင်းတို့မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့၏။
‘ခင်မြမြ … ကျုပ်ကို သေသေချာချာကြည့်စမ်း၊ ပိန်မသွားဘူးလား’
ရှေ့သို့ စူးစူးကြည့်ပြီး ခင်မောင်မြင့်သည် လမ်းကွေ့ရာ အလိုက်သင့်လှည့်၍နေရာ သူ့အမေးအတိုင်း သတိထားကြည့်မိရာ၌ စိတ်ကပင် ထင်၍လားမသိ၊ အကယ်ပင် ပိန်သွားသည်ဟု ခင်မြမြ အောက်မေ့မိလေ၏။
‘ဟုတ်တယ် … နည်းနည်းတော့ ပိန်သွားသလိုလိုပဲ’
‘ရိုးရိုးဖြစ်ဖြစ်၊ ဆန်းဆန်းဖြစ်ဖြစ် ကျုပ်ချစ်မိရင် မရဘူးလို့ ခင်မြမြကို ပြောဖူးတယ်နော်’
‘ဟုတ်ကဲ့ … မကြာခင်က ပြောတယ်မဟုတ်လား။ မှတ်မိပါတယ်’
‘အေး … မှတ်မိရင်ပြီးရော၊ ကျုပ်မှာ စိတ္တဇရောဂါရှိတယ်။ ဒီရောဂါဟာ အနာပုန်းလို ဖြစ်နေတယ်။ ဒါပေမဲ့ ခင်မြမြနဲ့ တစ်ယောက် တစ်ယောက် ရင်းနှီးတဲ့နေ့ကစပြီး လုံးလုံး ပျောက်သွားတယ်။ စိတ်လည်း ပျော်လာတယ်။ ဒါတောင် ၅ရက်လောက် တော်တော်ခံလိုက်ရသေးတယ်’
………….
ဝန်ဇင်းစာချစ်သူတို့လည်း ဆရာကြီးမင်းဆွေရဲ့ ‘သွေး’ ဝတ္ထုကို ဖတ်ပြီး ဘယ်လိုရသမျိုး မြင်တွေ့ခံစားရမလဲ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းနဲ့ ရယူဖတ်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts