ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းစာချစ်သူများ လက်မလွှတ်သင့်တဲ့ စာပေဆိုင်ရာ စာတမ်းများနှင့် ဝတ္ထုကောင်းတစ်ပုဒ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

ဝန်ဇင်းစာချစ်သူများထဲမှာ စာပေဆိုင်ရာစာတမ်းတွေကို လေ့လာလိုသူများနဲ့ ဘဝအတွက် အသိအမြင်သစ်တွေ ရရှိနိုင်မယ့် ဝတ္ထုကောင်းကောင်း ဖတ်ရှုရတာကို နှစ်သက်သဘောကျသူများ ရှိတယ်ဆိုရင် အခုမိတ်ဆက်မယ့် စာအုပ်တွေကို ဖတ်ရှုကြည့်ကြဖို့ ဦးစွာ ပြောကြားလိုပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်တွေဖြစ်တဲ့ စာရေးဆရာ ကြည်နိုင်ရေးသားပြုစုသော “ဇာတိမာန်စာဆို၏ ကလောင်စွမ်းနှင့် အခြားစာတမ်းများ” နှင့် စာရေးဆရာမ လမင်းမိုမိုရဲ့ “ဘဝဆက်တိုင်း” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

၁။ “ဇာတိမာန်စာဆို၏ ကလောင်စွမ်းနှင့် အခြားစာတမ်းများ” – စာရေးဆရာကြည်နိုင်က ဒီစာအုပ်လေးထဲမှာ စာသမားအဖို့ သိမှတ် လေ့လာစရာ စာတမ်းများစွာကို စုစည်းထည့်သွင်းထားပါတယ်။ မြန်မာ့ဂန္ထဝင်စာပေရှင်အချို့နဲ့ သူတို့ရဲ့ ရသစာပေပုံရိပ်တွေကို စာတမ်းအဖြစ် တင်သွင်းဖတ်ရှုခဲ့သူ စာရေးဆရာကြည်နိုင်က ဒီစာအုပ်လေး ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး အမှာစာမှာ ခုလို ပြောပြထားပါတယ်။ 

[ ရန်အောင်စာပေ ( ၂ ) မှ ထုတ်ဝေသူ ကျွန်တော့်မိတ်ဆွေ ဦးတင်မောင်သန်း၊ ဒေါ်နီနီ ဇနီးမောင်နှံနှင့် Yangon Book Plaza တွင် ကျင်းပသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ်ပွဲတစ်ပွဲတွင် မှိုင်းကဗျာ၊ မှိုင်းစာပေအကြောင်း ကျွန်တော်၏ ဟောပြောချက်ကို သဘောကျကြောင်း စကားစပ်မိကြပါသည်။ ဆရာကြီးမှိုင်း ကလောင်စွမ်းအကြောင်း ကျွန်တော် စာတမ်းရေးဖူး၊ ဖတ်ဖူးကြောင်း ပြောမိရာ ဦးတင်မောင်သန်းက စာတမ်းများစုပေးပါ၊ သူ စာအုပ်ထုတ်ချင်ပါသည်ဟု ဆန္ဒပြုရာမှာ ယခုစာအုပ်လေး ပုံပေါ်လာရပါသည်။ ] ( ကြည်နိုင် )

ဒီစာအုပ်ထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေပုံရိပ်ကို ‘ဇာတိမာန်စာဆို၏ ကလောင်စွမ်း’ ၊ စာရေးဆရာကြီး ဒဂုန်တာရာ၏ ရုပ်ပုံလွှာအဖွဲ့အနွဲ့၊ စာရေးဆရာမကြီး လူထုဒေါ်အမာနှင့် သူမ၏ ရသစာပေအကြောင်း၊ စာတမ်းရှင် ထိတွေ့ခဲ့သော တက္ကသိုလ်နန္ဒမိတ်စာပေများ၊ စာရေးဆရာကြီး သော်တာဆွေနှင့် ပတ်သက်ပြီး ‘သော်တာတွေ တစေ့တစောင်းအထိအတွေ့’ ၊ ဆရာကြီး နိုင်ဝင်းဆွေနှင့် ရသစာပေအကြောင်း၊ သမိုင်း၏ အချက်ပေးသံများ … စတဲ့ စာပေဆိုင်ရာ စာတမ်း ( ၇ ) စောင်ကို ဖတ်ရှုကြရမှာပါ။ 

သိပ်ကို စိတ်ဝင်စားဖို့ကောင်းပြီး ဗဟုသုတရစရာ၊ လေ့လာသိမှတ်စရာ အများအပြားပါဝင်တဲ့ စာတမ်းများကို ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 

၂။ “ဘဝဆက်တိုင်း” - စာရေးဆရာမ လမင်းမိုမိုကတော့ ဒီဝတ္ထုလေးထဲမှာ ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ဇာတ်လမ်းဇာတ်အိမ်ကို ရေးဖွဲ့ပြထားပါတယ်။ စာဖတ်သူတို့ မြင်နေကြ လူငယ်အချစ်ဇာတ်လမ်းမျိုး မဟုတ်ဘဲ၊ ပြင်ပ လက်တွေ့ကမ္ဘာ ဖြစ်ပျက်လေ့ရှိတဲ့ အခြေအနေကို ထင်ဟပ် ဖော်ထုတ်ထားတာကို တွေ့ရမှာပါ။ 

[ အရက်ဟာ မကောင်းဆိုးဝါး။ အရက်ဟာ လူတစ်ယောက်ရဲ့ သိစိတ်ကို ဖျက်ဆီးသတ်ဖြတ်တဲ့ အန္တရာယ်။ အရက်ဟာ အသူတရာ နက်ရှိုင်းမဲမှောင်တဲ့ ချောက်နက်ကြီးတစ်ခု။ အရက်သေစာ သောက်စားခြင်းဟာ အဲဒီချောက်နက်ကြီးထဲ မိုက်မိုက်မဲမဲ ဦးစိုက်ကျွမ်းပြန် ခုန်ဆင်းခြင်းနဲ့ အတူတူပဲ။ အရက်ကြောင့် မမျှော်မှန်းနိုင်တဲ့ မှားယွင်းမိုက်မဲမှုတွေကို ကျူးလွန်မိတတ်ကြပြီး၊ အဖတ်ဆယ်မရတဲ့ နောင်တတွေကို မချိမဆံ့ လက်ခံရရှိတတ်တယ်။ စာရိတ္တ၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ နာမည်တစ်လုံး … ဒါတွေဟာ အရက်ကြောင့် မမျှော်မှန်းနိုင်လောက်အောင် ကျွမ်းထိုးမှောက်ခုံ စုတ်ပြတ်သွားနိုင်တယ်။ ] 	

ဘဝဇာတ်လမ်းထဲမှာ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တစ်ခုကို ကြုံလိုက်ရတဲ့ ဆရာဝန်တစ်ယောက်အကြောင်း ဝတ္ထုဇာတ်လမ်းလေးက ကောင်းလွန်းလို့ ဘယ်သူဘယ်ဝါ ပါဝင်ပြီး ဘယ်လိုဇာတ်ဆောင်မျိုးတွေဖြစ်တယ်ဆိုတာနဲ့ ဇာတ်လမ်းအမြည်းကို ဖော်ပြလိုက်ရင် ပေါ့သွားမှာစိုးလို့၊ ဆရာမ လမင်းမိုမိုရဲ့ လက်ရာကောင်းတစ်ပုဒ်ကို အပြည့်အစုံ ဖတ်ရှုခံစားနိုင်ဖို့ ဒီစာအုပ်လေးကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ခုလို ရသစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 



Related Posts