ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဘဝမှာ အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်သွားလိုသူတိုင်း ဖတ်ရှုသင့်သည့် စာအုပ်”
…………

ဝန်ဇင်းစာချစ်သူများ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်။

အဲ့ဒီ စာအုပ်ရဲ့ နာမည်ကတော့ - ‘တန်ဖိုးရှိသောနေ့’ ။

တစ်နေ့မှာ ၂၄ - နာရီ ရှိတယ်။ ဒီလို ၂၄ နာရီအချိန်လေးကို မိမိရဲ့ ‘တန်ဖိုးရှိသောနေ့’ ဖြစ်အောင် ဘယ်လို အသုံးချသွားကြမလဲ ? ဒီအတွက် နည်းလမ်းတွေကို ဝန်ဇင်းက ဒီနေ့မိတ်ဆက်လိုက်တဲ့ စာအုပ်ထဲမှာ မြင်တွေ့ရမှာပါ။ 

ဒီစာအုပ်ကို ရေးသားပြုစုကတော့ ဘဝတိုးတက်အောင်မြင်ရေး၊ ခေါင်းဆောင်မှုအရည်အသွေး၊ နှလုံးသားအရည်အသွေးတို့နဲ့ ပတ်သက်ပြီး ဆောင်းပါးများ၊ စာအုပ်များ ရေးသားမျှဝေလေ့ရှိသူ စာရေးဆရာ ( ဦး ) ကျော်ကျော်လှိုင်ပဲ ဖြစ်ပါတယ်။ 

‘တန်ဖိုးရှိသောနေ့’ စာအုပ်ထဲမှာ လောကီလောကုတ္တရာ နှစ်ဖြာသော ကျိုးကြောင်းဆက်နွယ်မှုတွေကို ဆရာဦးကျော်ကျော်လှိုင်က သူ့ဘဝတစ်လျှောက် ဖြတ်သန်းရင်ဆိုင် ဖြေရှင်းခဲ့ရသမျှ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ဖော်ပြထားတယ်။ အောင်မြင်ရေးနည်းလမ်းများနှင့် ပတ်သက်ပြီး လက်တွေ့ကျင့်သုံးရမယ့် ဆောင်ရန်ရှောင်ရန် အချက်အလက်တွေကို တိုတိုရှင်းရှင်းနဲ့ ထိထိမိမိ ပြောပြထားတာမို့ ဘဝမှာ အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်သွားလိုသူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းပဲ ဖြစ်တယ်ခင်ဗျ။ 

ပြီးတော့ ဒီစာအုပ်ကို ကမ္ဘာကျော် အမေရိကန်စာရေးဆရာကြီး ဂျွန်စီမက်ဝဲလ် ( John C. Maxwell ) ရဲ့ Today Matters စာအုပ်ကို မှီငြမ်းပြီး ရေးသားဖြစ်တယ်လို့ စာရေးသူက ဆိုထားပါတယ်။ မူရင်းစာအုပ်ရဲ့ ကျောရိုးကို ယူပြီး စာရေးသူရဲ့ ဘဝအတွေ့အကြုံတွေနဲ့ သင့်တော်ရာရာ ရောစပ်ထည့်သွင်းပြီး ရေးသားထားတာမို့ စာဖတ်သူတစ်ယောက်အနေနဲ့ ဖတ်ရတာ အားရစရာပါပဲ။ 

“လူတော်တော်များများက ဒီနေ့ကို တန်ဖိုးရှိရှိ အသုံးမချတတ်ကြပါဘူး။ အနာဂတ်ကိုပဲ မျှော်တွေးပြီး အသက်ရှင်နေကြပါတယ်။ မနက်ဖြန်ကျရင် အားလုံး အဆင်ပြေသွားမယ် ထင်နေကြပါတယ်။ ဒီလိုနဲ့ပဲ မနက်ဖြန်တွေက သူတို့ဘဝမှာ အတိတ်တွေ ဖြစ်ကုန်ပါတယ်” ( ပူလစ်ဇာဆုရ သတင်းစာဆရာကြီး ဝီလျံ ) 

“တန်ဖိုးရှိတဲ့ တစ်နေ့ဟာ မနက်ဖြန်အောင်မြင်မှုအတွက် အရေးကြီးပါတယ်။ ဒီနေ့ကို ဘယ်လို အသက်ရှင် နေထိုင်ရင် တန်ဖိုးရှိတဲ့နေ့ ဖြစ်လာမယ်ဆိုတာ လူနည်းစုပဲ သိကြပါတယ်။ ဘာဖြစ်လို့ မသိကြတာလဲလို့ မေးရင် လူအများစုက အောင်မြင်မှု ဆိုတာကို နားလည်မှုလွဲနေလို့ပါ”

“လုပ်ရမယ့် အလုပ်တစ်ခု၊ လုပ်သင့်တဲ့ အလုပ်တစ်ခုကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်မနေသင့်ဘူး။ အလုပ်တစ်ခုကို စလုပ်လိုက်ဖို့က အရေးကြီးပြီး စလုပ်ပြီးရင်လည်း ဆက်လုပ်ဖို့အတွက် မိမိကိုယ်မိမိ စည်းကမ်းလုပ်ရပါမယ်” 

“စိတ်ဆိုးတာ၊ စိတ်ဆင်းရဲတာ၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ စိတ်ချမ်းသာတာတွေက မိမိရဲ့ တာဝန်ပါ၊ မိမိရဲ့ ရွေးချယ်မှုပါ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုကိုပဲ ရွေးချယ်ပါ” 

ဒီစာအုပ်ထဲမှာ 

-	အောင်မြင်မှုနဲ့ ပတ်သက်ပြီး လူအများစု လွဲမှားစွာ လက်ခံထားတဲ့ အချက် ( ၉ ) ချက်
-	စိတ်အရည်အသွေး ပြည့်ဝရေးနည်းလမ်းတွေ
-	ငွေကြေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနည်း
-	စဉ်းစားနည်းပေါင်း ( ၁၀ ) နည်း 

စတာတွေအပြင် အောင်မြင်ရေးဆိုင်ရာ စိတ်ဝင်စားဖွယ် နည်းလမ်းနည်းနာတွေကို ဖတ်ရှုရမှာမို့ ဒီစာအုပ်ဟာ အောင်မြင်လိုသူ လူငယ်တိုင်းအနေနဲ့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်ဖြစ်လို့နေပါတယ်။ ဒါကြောင့် … ဖတ်မယ်ဆိုရင်လည်း  ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ဖတ်နိုင်ပြီလို့ လက်တို့လိုက်ရပါတယ်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts