ယနေ့အတွက် ဖတ်စရာကဏ္ဍ


‘လူငယ်စာရေးဆရာမ ဖြူစင်သန့်၏ ရသဝတ္ထုတိုများ စုစည်းမှုစာအုပ်’
…
စာအုပ်အမည် - သက်ဝင်ဆန္ဒနှင့် ဝတ္ထုတိုများ စုစည်းမှု 
စာရေးသူ - ဖြူစင်သန့်

ဖတ်ညွှန်း - ဒီစာအုပ်ထဲမှာ ‘သက်ဝင်ဆန္ဒ’ အပါအဝင် ဝတ္ထုတိုပေါင်း ( ၁၅ ) ပုဒ်ကို ဖတ်ရှုရမှာပါ။ တကယ့် ပြင်ပလောကကို အခြေခံထားတဲ့ ရသမြောက် ဝတ္ထုအဖွဲ့တွေကို မြင်တွေ့ရပါလိမ့်မယ်။ စာရေးဆရာမ ဖြူစင်သန့်ကို သိပ်မရင်းနှီးသူတွေအဖို့ အရှေ့တောင်အာရှစာပေဆုရ စာရေးဆရာမ ကြူကြူသင်းရဲ့ အမှာစာပါ ပြောကြားချက်ကို ဖော်ပြပါရစေ။ 

“ဖြူစင်သန့်သည် မေတ္တာဓာတ်ကောင်းကောင်းဖြင့် ပတ်ဝန်းကျင်ကို စိတ်ဝင်စားကာ စာဖွဲ့တတ်သူဖြစ်သည်။ ထို့ကြောင့် ငှက်ငယ်ကလေးများ သူ့သဘာဝအလျောက် တေးသီတတ်သကဲ့သို့ သူ၏စာ များသည်လည်း ချိုမြလှပစွာ ပေါ်ထွက်လာခြင်းဖြစ်ပေသည်။ ဉာဏ်သွက်သောမိန်းကလေးပီပီ မှတ်သားစရာ အကြောင်းချင်းရာများကို ရေးဖွဲ့တတ်သည်။ အံ့သြစရာ ကောင်းလောက်အောင် အရေးအသား ရှင်းလင်းပြတ်သားမှုဖြင့် သူသည် သူ့ဇာတ်ကောင်များ၏ သဘာဝကို ပုံဖော်ထားသည်။ သူ့ဝတ္ထုများသည် သူ့ ဘဝပတ်ဝန်းကျင်တွင် တွေ့ကြုံရသော အဖြစ်အပျက်များ၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။” ( ကြူကြူသင်း ) 

ဒါ့အပြင် စာရေးဆရာမ မစန္ဒာရဲ့ စိတ်ဝင်စားဖွယ် အမှာစာနဲ့ မှတ်ချက်ကိုလည်း ဖတ်ရှုရဦးမှာ ဖြစ်ပါတယ်။ စာရေးဆရာမ ဖြူစင်သန့်ရဲ့ ဝတ္ထုတွေက စာဖတ်သူရင်ထဲကို ဘယ်အတိုင်းအတာအထိ ရောက်ရှိသွားမလဲ ဆိုတာကတော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး စာအုပ် ဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေ။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 
	


Related Posts