ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝတ္ထုချစ်သူတွေအတွက် ရှင်မြတ်နိုးရဲ့ အတ္တရင်ခွင်နဲ့ မြသန္တာရဲ့ မျဉ်းဖြောင့်တစ်ကြောင်းရဲ့သစ္စာ

၁။ စာအုပ်အမည် - အတ္တရင်ခွင်
စာရေးဆရာမ - ရှင်မြတ်နိုး

စာမြည်း ။	။ မနက်ဖြန်ရယ် မြန်မြန်ကလေးသာ ရောက်လိုက်ပါတော့။ ကျွန်တော်သိပ်ချစ်ရတဲ့ ရူပါရုံဆိုတဲ့ ကောင်မလေးနဲ့ အရမ်းကို တွေ့ချင်လှပြီဗျ။ လမင်းကြီးကို ချက်ချင်းဆွဲပြီး ဝေးဝေးသို့ လွှင့်ပစ်လိုက်ချင်စိတ်သည် ပထမဦးဆုံးအကြိမ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ကလေးလေးတစ်ယောက် လိုချင်တာရအောင် မျက်နှာကလေးမော့လို့ သနားစဖွယ် တောင်းဆိုမှုကလေးနှင့် နေမင်းကြီးရယ် မြန်မြန်ထွက်ပါတော့ဗျာဟုသာ တောင်းဆိုလိုက်ချင်တော့သည်။
ရုံရယ် ...

အဲဒီလောက်အထိ ကျွန်တော်ဟာ ရူးသွပ်နေလိမ့်မယ်လို့ ရုံ နည်းနည်းလေးမှ တွေးမိမှာ မဟုတ်ဘူးနော်။ အခုအချိန်မှာ ရုံက ကျွန်တော့်လိုပဲ အိပ်မပျော်ဘဲ ကျွန်တော့်အကြောင်းတွေ တွေးနေမလား။

ဒါမှမဟုတ် ..
အိပ်ဆေးတချို့ကို ခပ်မြန်မြန်သောက်ချပြီး အိပ်ရာထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလိုက်မလား ဆိုတာ အရမ်းကို သိချင်လိုက်တာဗျာ။ 

ချစ်သူကလေးက ...
မထင်မှတ်စွာ ချိန်းဆိုသဖြင့် စိတ်ကူးယဉ်အတွေးတွေနဲ့ တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်ကာ နာရီလက်တွေ ဆီကိုပဲ မျက်လုံးတွေက ရောက်ရောက်နေတော့သည်။
…..
၂။ စာအုပ်အမည် - မျဉ်းဖြောင့်တစ်ကြောင်း၏ သစ္စာ
စာရေးဆရာမ - မြသန္တာ

စာမြည်း။	။ မျိုးမြင့်ထွန်းတို့ မောင်နှမမှာ ကျောက်ခဲတစ်လုံး ရေထဲ မြုပ်သွားသကဲ့သို့ အစအနပင် မမြင် မကြားရတော့ပေ။ ဘာသတင်းမျှ မကြားရတော့။ သူ့ဖုန်းကိုလည်း တမင် လိုင်းဖြတ်ခဲ့သည်လား မသိပေ။ ဖုန်းသံမမြည် ဆက်၍လည်း မရတော့။ သူလည်း ထပ်မံ၍ မစုံစမ်းတော့ပေ။
နောက်ဆုံး ကြားရသည့်သတင်းက မျိုးမြင့်ထွန်းက ညီမ မီနှင့်အတူ စင်္ကာပူသို့ လိုက်သွားပြီး အိမ်ကြီးကို သံရုံးသို့ ငှားထားခဲ့ကြောင်းသာ သိတော့သည်။ သူတို့ ဘယ်မှာနေလဲ၊ စင်္ကာပူမှာ အပြီး နေမှာလား ဆိုတာကို သူ လုံးဝ မစဉ်းစားမိတော့။ ရင်မှာ နာကျင်မှု များဖြင့် အရာရာကို မေ့ပျောက်ပစ်လိုက်ချင်သည်။

သို့ရာတွင် တစ်ခါတစ်ရံ ရင်ထဲသို့ တိုးခွေ့ဝင်လာသော မီ။ မီ၏ အပြစ်ကင်းသော မျက်နှာလေးကို မြင်ယောင်လာမိသည်။

ကလေးပီပီ မေ့မေ့ပျောက်ပျောက်နှင့် ပျော်ရွှင်စရာ အသစ်အဆန်းတွေတွေ့ပြီး မေ့သွားရင်တော့ ကောင်းပါတယ် မီလေးရယ်၊ မမေ့နိုင်ဘဲ မိမိလိုပဲ ခံစားနေရမှာလား။

မီရယ် ညီမ မရှိပေမယ့် မီ့ကို ချစ်မြတ်နိုးစွာနဲ့ ညီမလေးလို မထိရက်မကိုင်ရက်နဲ့ မြတ်နိုးယုယခဲ့တယ်နော်၊ မီ့ နှလုံးသား နာကျင်ရုံအပြင် မီ့မှာ ကိုယ်နဲ့ ပတ်သက်လို့ နစ်နာမှု ဘာမှမရှိခဲ့ပါဘူး။ မီ့အစ်ကိုက သူတစ်ပါးရဲ့ အသိုက်အမြုံရော သူတစ်ပါးရဲ့ အရှက်သိက္ခာကိုပါ ဖျက်ဆီးသွားခဲ့တယ် မီရယ်။

မျိုးမြင့်ထွန်းတို့ မောင်နှမမှာ ကျောက်ခဲတစ်လုံး ရေထဲ မြုပ်သွားသကဲ့သို့ အစအနပင် မမြင် မကြားရတော့ပေ။ ဘာသတင်းမျှ မကြားရတော့။

သူ့ဖုန်းကိုလည်း တမင် လိုင်းဖြတ်ခဲ့သည်လား မသိပေ။ ဖုန်းသံမမြည် ဆက်၍လည်း မရတော့။ သူလည်း ထပ်မံ၍ မစုံစမ်းတော့ပေ။
…….
-	ဝန်ဇင်းစာချစ်သူတို့လည်း ဒီဝတ္ထုတွေကို စိတ်ဝင်စားတယ်ဆိုရင် *၆၀၀* စီနဲ့ ဖတ်ရှုနိုင်ပြီမို့ ခုပဲ ဝန်ဇင်း app ထဲကနေ ဝယ်ယူလိုက်ရအောင်လားခင်ဗျ။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီနော်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts