ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“ဝန်ဇင်းပရိသတ်ကြီး စိတ်ပြေလက်ပျောက် အပျင်းပြေဖတ်ဖို့ ဟောဒီမှာ တာတေရဲ့ စာအုပ်”
…….

စာအုပ်အမည် - နတ်နဂါးအင်း

စာရေးသူ - တာတေ

ဖတ်ညွှန်းတို - အတည်အခန့် ဝတ္ထုကြီးတွေ ၊ ဘာသာပြန်စာအုပ်ကြီးတွေ ဖတ်နေရင်းနဲ့မှ တစ်ဖက်မှာ အပျင်းပြေပဲဖြစ်ဖြစ် စိတ်ပြေလက်ပျောက် ဖတ်စရာ ရှာနေတယ်ဆိုရင်တော့ ခုမိတ်ဆက်မယ့် စာအုပ်လေးကို ရွေးချယ်ဖတ်ရှုလိုက်ပါလို့ ပြောပါရစေ။ 

“နတ်နဲ့နဂါးကို မလှည့်စားရင်၊ ကိုယ့်ကို အကူအညီပေးတဲ့ မြွေတွေအပေါ်မှာ မနှိပ်စက်ရင်၊ မညှဉ်းပမ်းရင်၊ သူတို့ကို အမြဲမေတ္တာထားရင် အလမ္ပာယ်ဆရာကို ဘယ်မြွေကမှ မကိုက်ပါဘူးကွာ” ( မြွေအလမ္ပာယ်ဆရာကြီး ဘိုးရာစီ ) 

“ရခိုင်ပြည်မှာကွယ့်၊ သဘာဝအင်းကြီးတစ်ခုပဲ မောင်တာတေရဲ့၊ ရခိုင်တောင်ကြီးတွေကြားမှာ ရှိတာ၊ အင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်အမြင့်ကြီးတွေ ကာထားသလို ဖြစ်နေတာ။ ဒါပေမဲ့ ဒီအင်းကြီးက အောက်မှာ အနက်ကြီးဆိုပဲ၊ ဒီအင်းကြီးရဲ့ အောက်ခြေက ပင်လယ်အထိ ပေါက်သတဲ့၊ ဒါကြောင့်လည်း ဒီအင်းထဲမှာ နဂါးနေတာပေါ့ကွယ်” ( ဘိုးလူပေ ) 

“သူလှည့်ကြည့်တော့ တစ္ဆေက သူ့ကို သွားအကျဲသားနဲ့ ရယ်ပြတယ်တဲ့ဗျို့။ တစ္ဆေက ပုဆိုးတိုတိုနဲ့ဆိုပဲ၊ တစ်ကိုယ်လုံး မဲနက်နေတာတဲ့၊ အဲဒီမှာ ကိုကျော်သိန်းက ဒေါသဖြစ်သွားပြီး ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ဆိုပြီး တစ္ဆေကို တံတောင်နဲ့ တွတ်ချသတဲ့ဗျို့” [ ‘ဂဝံမျက်နှာဖုံး’ … မှ ]

“စုန်းတွေ ကဝေတွေဆိုတာ ဘိုးစံဖြူကို ကြောက်ကြတာ ပြားပြားကို ဝပ်နေတာဆိုပဲ။ ( ၃၇ ) မင်းနတ်ကိုတောင် ခေါ်ပြီးခိုင်းနိုင်တာတဲ့ဟေ့။ နတ်ဆိုးတွေ နတ်မိစ္ဆာတွေဆိုရင် ဘိုးစံဖြူကို ကြောက်လို့ ပုန်းနေကြရတာဆိုပဲ။ အဘိုးကြီးက မေတ္တာသမားလူနု မဟုတ်ဘူးတဲ့ဟေ့၊ တော်တော်ကြမ်းတာဆိုပဲ၊ ပြောမရရင် သရဲ၊ တစ္ဆေ၊ စုန်း ကဝေမပြောနဲ့၊ နတ်မိစ္ဆာတွေကိုတောင် သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်တာဆိုပဲ” [ ‘ဝိညာဉ်စုတ်တဲ့နတ်’ … မှ ]

“နင်နဲ့ငါနဲ့ လူ့ဘဝတုန်းက အကြောင်းရှိတာကို ရှင်မ သိတယ် တာတေ၊ ဒါကြောင့် နင့်ဆီကို ဒီပစ္စည်းပို့ဖို့ ငါ့ကို လွှတ်လိုက်တာ၊ နင်နဲ့ ငါနဲ့ကိုလည်း တွေ့ခွင့်ပေးတာပေါ့ဟယ်။ ဒါပေမဲ့ ဒီအတိုင်း လွှတ်လိုက်တာတော့ မဟုတ်ဘူး၊ မဖဲဝါက ငါတို့ကို တစ်နေရာကနေ စောင့်ကြည့်နေမှာ၊ သူ့ကို ရှင်မက တာဝန်ပေးထားတာ” [ ‘ကဝေပျိုအလွမ်း’ … မှ ]

ကဲ … တာတေရဲ့ ‘နတ်နဂါးအင်း’ မှာ ဘယ်လိုမျိုး ဇာတ်လမ်း အသစ်အဆန်းတွေ ဖတ်ရှုရမလဲ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၂၀၀* တည်းဖြင့် ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူဖတ်ရှုလိုက်ပါ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……	
စာဖတ်ပရိသတ်ကြီးအတွက် အမြဲတမ်းရှိနေမယ့် ဝန်ဇင်း ....

Related Posts