ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …
 
ဝန်ဇင်းစာချစ်သူတွေအတွက် သင်္ကြန်တွင်း အားလပ်ရက်မှာ ဖတ်ရှုလို့ရအောင် ကျွန်တော်တို့ ဝန်ဇင်းရဲ့ယနေ့ထွက်စာအုပ်များကဏ္ဍကနေ တင်ဆက်ပေးချင်တဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့ “ပိပိရိရိ” ဆိုတဲ့ စာအုပ်ပါပဲ။

ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမကြီး Mary Higgins Clark ရေးသားတဲ့ A Stranger is Watching ဆိုတဲ့ စာအုပ်ကို ဘာသာပြန်စာရေးဆရာကြီး မောင်ပေါ်ထွန်းက “ပိပိရိရိ” အဖြစ် မြန်မာပြန် ရေးသားထားတာပါ။ 

ဇာတ်လမ်းအရ ရော်နယ်သွမ်မဆင် ( Ronald Thompson ) အနေနဲ့ သူဟာ နီနာပတ်တာဆင်ကို လုံးဝမသတ်ခဲ့ဘူးလို့ ယုံကြည်နေသူ။ သို့သော်လည်း သူဟာ တရားဥပဒေလုပ်ထုံးလုပ်စဉ်အရ အပြစ်ရှိတယ်လို့ သတ်မှတ်ကြပြီး နောက်နှစ်ရက်အတွင်းမှာပဲ ပြည်နယ်အုပ်ချုပ်ရေးမှုရဲ့ ဆုံးဖြတ်ချက်အောက်မှာ သေရမလား၊ ရှင်ရမလား ဆိုတဲ့ အခြေအနေ။ 

 “ကျွန်တော်တို့ဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ကြတဲ့ စိုးရိမ်ကြောင့်ကြစိတ်ကင်းမဲ့စွာနဲ့ သွားလာနေထိုင်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ရာမှာ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ခွင့် ရရှိနိုင်ဖို့အတွက်ဆိုရင် ပြစ်မှုကျူးလွန်သူတွေကို ရပ်တန်းကရပ်သွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို သူတို့ကို ရပ်တန်းက ရပ်တန့်သွားအောင် လုပ်ဖို့ဆိုတာကလဲ သူတို့ကြောင့် ဒုက္ခရောက်ကြရတဲ့ အပြစ်မဲ့သူတွေ ခံစားကြရသလို သူတို့ကိုလဲ အလားတူခံစားရအောင် ပြစ်ဒဏ်ခတ်ဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပထမဆုံးသေဒဏ်ပေးခဲ့ပြီးတဲ့ အချိန်ကစပြီး တစ်နိုင်ငံလုံးမှာ လူသတ်မှုတွေ သိသိသာသာကြီး လျော့နည်းသွားတာတွေ့ရပါတယ်။ ဒီအချက်ဟာ သေဒဏ်ပေးဖို့ လိုအပ်ကြောင်း ခိုင်လုံတဲ့ သက်သေသာဓကပဲ ဖြစ်တယ်” ( မစ္စတာပတ်တာဆင် ) 

နိုင်ငံတွင်းအခြေအနေက နေရာအနှံ့အပြားမှာ လူထုဆန္ဒပြပွဲတွေ၊ ထောင်တွင်းအုံကြွမှုတွေ၊ ကျောင်းသားထု တောင်းဆိုမှုတွေ ကြားမှာ ကြိုးမိန့်ကျတရားခံ ရိုနယ်သွမ်မဆင်ကို သေဒဏ်ပေးရေး မပေးရေးဆုံးဖြတ်ချက်ဟာ အရေးပါနေတယ်။ 
“ကျွန်တော်တစ်ခုမေးချင်တာက ကနေ့ကျူးလွန်နေကြတဲ့ လူသတ်မှုတွေအနက်က ( ၄၅ ) ရာခိုင်နှုန်းဟာ အသက် ( ၂၅ ) နှစ်အောက် လူငယ်တွေက ကျူးလွန်နေတယ်ဆိုတာနဲ့ အဲဒီလူငယ်တွေရဲ့ မိသားစုအခြေအနေဟာ သာယာချမ်းမြေ့မှုမရှိကြလို့ ဖြစ်ရတယ်ဆိုတာကိုရော မစ္စတာပတ်တာဆင်အနေနဲ့ သတိပြုမိပါရဲ့လား” ( မစ္စရှရွှန်မာတင် ) 

ဒီဝတ္ထုဟာ ရော်နယ်သွမ်မဆင်ရဲ့ လူသတ်မှုကို အခြေခံထားပြီး အချစ်၊ စွန့်စားခန်း၊ နိုင်ငံရေး လှည့်ကွက်တွေနဲ့ ခြယ်မှုန်းထားတယ်။ ဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့ ယခုစာအုပ်ဟာ လျှို့ဝှက်သည်းဖို စုံထောက်ဆန်ဆန် ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူတွေ၊ ဇာတ်လမ်းအရှုပ်အထွေးတွေကြား စဉ်းစားသုံးသပ်ရတဲ့ ဇာတ်လမ်းမျိုး သဘောကျသူတွေနဲ့ နိုင်ငံရေးစိတ်ဝင်စားသူတွေပါ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်လို့ ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားဗျာ။
ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦး ... ????
 
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......  

Related Posts