ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


“အကြမ်းမဖက်၊ ငြိမ်းချမ်းရေးပိသုကာရှင်ကြီး ဂန္ဒီ၏ ခေါင်းဆောင်မှုပညာကို အသေးစိတ်လေ့လာနိုင်မယ့် စာအုပ်”
မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့အတွက် ဝန်ဇင်းစာချစ်သူ၊ စာဂျပိုးများ စာအုပ်ကောင်းဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ အသစ်ထွက်ရှိလာသော စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ “ဂန္ဒီ၏ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုပညာ” ဆိုတဲ့ စာအုပ်ပါပဲ။ အိန္ဒိယသံအမတ်ကြီးဟောင်း ပီ၊ အေ၊ နာဇာရက်သ် ရေးသားတဲ့ စာအုပ်ကို စာရေးဆရာဟိန်းလတ်က မြန်မာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်ခင်ဗျ။

“ယုံကြည်မှု အပြည့်အဝနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ရှိနေတဲ့ စိတ်ဝိညာဉ်တွေရဲ့ တက်ကြွမှုဟာ သမိုင်းကြောင်းတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။” ( မဟတ္တမဂန္ဒီ ) 

ဒီစာအုပ်ထဲမှာ သမိုင်းတစ်ခေတ်ရဲ့ အကြမ်းတမ်းဆုံးကာလမှာ အကြမ်းမဖက်တဲ့နည်းနဲ့ အကြီးမားဆုံး အင်အားအရှိဆုံး အင်ပါယာကြီးကို ထိပ်တိုက်ရင်ဆိုင်ပြီး အိန္ဒိယလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ငြိမ်ချမ်းရေးသမားကြီး ဂန္ဒီရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို အသေးစိတ်လေ့လာ တင်ပြထားတာကို တွေ့မြင်ဖတ်ရှုရမှာပါ။

 “မဟတ္တမဂန္ဒီအကြောင်း စာအုပ်များစွာ ထွက်ခဲ့ပြီးပါပြီ။ သို့သော် မစ္စတာ ပါစကယ်အယ်လင် နာဇရက်သ် ရေးသားသော ဂန္ဒီ၏ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုပညာ စာအုပ်ကဲ့သို့ ဂန္ဒီ၏ ခေါင်းဆောင်မှုအရည်အသွေးကို အသေးစိတ် ခွဲခြားစိတ်ဖြာသုံးသပ်ထားသော စာအုပ်မျိုး တစ်ခါမျှ မထွက်ဘူးသေးပါ။ ယခုအချိန်ကဲ့သို့ အကြမ်းဖက်မှုမျိုးစုံ လွှမ်းမိုးနေသော ကမ္ဘာကြီးအတွက် ယခုစာအုပ်သည် အသင့်တော်၊ အလျော်ညီဆုံးစာအုပ်ဖြစ်သဖြင့် မြန်မာစာဖတ်ပရိသတ်အတွက် ဝမ်းမြောက်ဂုဏ်ယူစွာ မြန်မာပြန်ဆိုလိုက်ခြင်း ဖြစ်ပါသည်။” ( ဆရာဟိန်းလတ် ) 
…….
“ကျွန်တော်တို့မှာ သိပ္ပံပညာထူးချွန်သူ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့က အနုမြူရဲ့ ဆန်းကြယ်မှုကို ဆုပ်ကိုင်ကြပြီး တောင်ထိပ်ပေါ်က တရားဒေသနာကိုတော့ ပယ်ရှားခဲ့ကြတယ်။ ဂန္ဒီက အနုမြူရဲ့ ဆန်းကြယ်မှုကို ပယ်ရှားပြီး တောင်ထိပ်က ဒေသနာကို ဆုပ်ကိုင်ခဲ့တယ်။ သူက အနုမြူနဲ့ ပတ်သက်လို့ သူငယ်နှပ်စားကလေးပဲ။ စာရိတ္တပိုင်းဆိုင်ရာအနေနဲ့တော့ ဧရာမပုဂ္ဂိုလ်ကြီးပဲ။ သူက သတ်တာဖြတ်တာကို မသိဘူး။ နှစ်ဆယ်ရာစုထဲမှာ အသက်ရှင်နေထိုင်ခြင်းကိုတော့ သိတဲ့ပုဂ္ဂိုလ်ပဲ” ( ဗိုလ်ချုပ်ကြီးအိုမာဘရက်ဒလေ )

 “ထူးဆန်းသော်လည်း ဉာဏ်ပညာရှိ၏။ အခက်အခဲများစွာ ရှိခဲ့၏။ သူကိုယ်တိုင်လည်း အခက်အခဲဆုံးများ ရှိခဲ့၏။ သို့သော် သစ္စာတရားတွင် ထူးခြားစွာ တောက်ပနေ၏။ ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည် သည်းခံခဲ့၏။ လူသားတို့၏ ဒုက္ခဝေဒနာများကို ပြေပျောက်ရန် သူ့ဘဝကို လောင်စာအဖြစ် အပြီးထွန်းညှိပေးခဲ့၏။ တစ်ခါတရံ ခေါင်းမာကောင်း ခေါင်းမာရင်း သူ့ဘာသာသူ အပူဘေးအန္တာရာယ်တွေ ဖြတ်သန်းရ၏။ ဂန္ဒီသည် ထိုအရာအားလုံး ပေါင်းဆုံနေ၏။ သူကား အိန္ဒိယ၏ ထူးချွန်သော လှေထိုးသမားကောင်းကြီး၊ နှစ်ဆယ်ရာစုတလျှောက်လုံးတွင် ကမ္ဘာအနှံ့ ထွန်းလင်းတောက်ပစေခဲ့သော စိတ်ဓာတ်မီးပွားပိုင်ရှင်” ( ဂန္ဒီ၏မြေး ရပ်ခ်ျမိုဟန်ဂန္ဒီ )

“မစ္စတာပါစကယ် အယ်လင်နာ ဇာရက်သ်သည် ကြီးကျယ်လှစွာသော စာရိတ္တရတနာကြီးဖြစ်သည့် မဟတ္တမဂန္ဒီကို ခမ်းနားစွာ ဂုဏ်ပြုမှုကိုအားထုတ်ခဲ့ပါပြီ။ သူ၏ ယခုစာအုပ်တွင် ဂန္ဒီ၏ ခေါင်းဆောင်မှုကို ဆန်းစစ်သုံးသပ်ထား၏။ ဂန္ဒီ၏ အောင်မြင်မှုများကို တန်းစီရေးပြထားကာ သူ၏ ကျယ်ပြောလှသောအမြင်နှင့် အကျိုးသက်ရောက်မှုကို ခေတ်ပြိုင် ခေါင်းဆောင်များနှင့် လူတစ်ဦးချင်းတို့အား တင်ပြပြီး လက်ရှိအခြေအနေတွင် နောက်ထပ် မှတ်လောက်သားလောက် ပေးဆပ်မှုမျိုးများ ရှိစေရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။” ( တရားသူကြီးချုပ်ဟောင်း အမ်၊ အင်န် ဗင်ကာတာ ချာလီယာ )
…….
ဒီစာအုပ်ထဲမှာ ကမ္ဘာသိ မြန်မာခေါင်းဆောင်ကြီးဖြစ်တဲ့၊ အကြမ်းမဖက်သောနည်း ( အဟိ`ံသ ) တိုက်ပွဲ မဟာဗျူဟာရှင်ကြီး မဟတ္တမဂန္ဒီ၊ သူ့ရဲ့ ခေါင်းဆောင်မှုပညာ ထူးခြားချက်တွေနဲ့ နိုင်ငံအသီးသီးမှ ဂန္ဒီရဲ့နည်းကို လက်တွေ့အသုံးချခဲ့ပြီး အောင်မြင်ခဲ့ပုံတွေကို သာဓကများစွာဖြင့် တင်ပြထားပါတယ်။ 

မည်သူမဆို ဖတ်ရှုလေ့လာထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာမို့ ဝန်ဇင်းစာချစ်သူတို့လည်း ဖတ်ရှုမယ်ဆိုရင် ဒီပို့စ်လေးမှာပါတဲ့ *ဖတ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေခင်ဗျ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ငြိမ်းချမ်းရေးနှလုံးသားပိုင်ရှင်ကြီး မဟတ္တမဂန္ဒီရဲ့ ခေါင်းဆောင်မှုပညာအကြောင်း ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 



Related Posts