ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ဖတ်ရှုကြည့်ပြီး မိတ်ဆွေသူငယ်ချင်းအချင်းချင်း လက်တို့မျှဝေရမယ့် စာအုပ်ကောင်းများ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ …

ဝန်ဇင်းစာချစ်သူများအတွက် ဒီနေ့မှာ မိတ်ဆက်ပေးမယ့် စာအုပ်တွေကတော့ ဖတ်ကြည့်ပြီးသွားရင် ကိုယ့်မိတ်ဆွေ သူငယ်ချင်းအချင်းချင်း ပြန်လည်မျှဝေသင့်တဲ့ စာအုပ်ကောင်းများပဲ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာ ဒေါက်တာထွန်းဝင်းရဲ့ ““လိင်မှုဆိုင်ရာစိတ်ပညာနှင့် အခြားဆောင်းပါးများ” စာအုပ်နှင့် စာရေးသူ အောင်ထိုက်မင်းရဲ့ “မြန်မာနိုင်ငံတက္ကသိုလ်မိတ်ဆက်” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ 

၁။ “လိင်မှုဆိုင်ရာစိတ်ပညာနှင့် အခြားဆောင်းပါးများ” – စာရေးသူ ဒေါက်တာထွန်းဝင်းဟာ ဆောင်းပါးပေါင်း ( ၁,၆၀၀ ) ခန့်နှင့် လုံးချင်းစာအုပ်ပေါင်း ( ၅၀ ) ဝန်းကျင်ကို ထုတ်ဝေပြီးဖြစ်တဲ့ ဆရာဝန်စာရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ Sexual Psychology လို့ခေါ်တဲ့ ဒီစာအုပ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိင်စိတ်ပညာအခြေအနေကို ဖွံ့ဖြိုးပြီးနိုင်ငံတို့က အမီလိုက်ရမှာ အထောက်အကူပြုဖြစ်စေဖို့ ရည်ရွယ်တယ်လို့ စာရေးသူက ဆိုထားပါတယ်။ “လိင်မှုကိစ္စဆိုတာက ခန္ဓာကိုယ်နှင့် ဆေးပညာတို့နှင့်သာ သက်ဆိုင်တာမဟုတ်ဘဲ စိတ်နဲ့လည်းဆိုင်ပါတယ်။ လူငယ်တစ်ယောက် လိင်ဖြစ်စဉ်ကို Sexual Psycho Process ကို သိခြင်းဟာ Normal ခေါ် ပုံမှန်လိင်ကိစ္စကို သိတာပါ။ ပုံမှန် Normal သိမှသာ ပုံမှန်မဟုတ်ခြင်း Abnormal ကို သိမှာပါ။ ပုံမှန်မဟုတ်သော လိင်မှုပြဿနာတွေကို ဖြေရှင်းရန် ပုံမှန်လိင်မှုကိစ္စဆိုတာ ဘာလဲသိသင့်ပါတယ်” ( Sexual Psychology ဆောင်းပါးမှ … ) 

ဒီစာအုပ်ထဲမှာ ဆယ်ကျော်သက်လိင်ပြဿနာများကစလို့ စိတ်ပညာရှင်များအကြံပြုသော မုဒိန်းမှုကျဆင်းရေးဗျူဟာ၊ ကုလေးသူငယ်မုဒိန်းမှုတွင် စိတ်ပညာသုတေသနတွေ့ရှိချက်များ ၊ လိင်ပြဿနာ ( ၈ ) မျိုးနှင့် ပြဿနာရှင်တို့ သိကောင်းစရာများ … စတာတွေအပြင် လိင်စိတ်ပညာကို ကဏ္ဍခွဲများစွာဖြင့် ဖတ်ရနားလွယ်အောင် လွယ်ကူရိုးရှင်းစွာ ရေးသားတင်ပြထားတဲ့ ဆောင်းပါးများစွာ ပါဝင်တာမို့ လေ့လာလိုသူများအနေဖြင့် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

၂။ “မြန်မာနိုင်ငံတက္ကသိုလ်မိတ်ဆက်” – ဒီစာအုပ်ကတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရောက်မည့် လူငယ်များ၊ ပြည်တွင်းမှာ ရှိနေတဲ့ အစိုးရတက္ကသိုလ်များနှင့် ပတ်သက်ပြီး တီးခေါက်လေ့လာလိုသူတိုင်း ဖတ်ရှုကြည့်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်များကို စနစ်တကျ အုပ်စုခွဲ ပြုစုထားပြီး ယင်းတက္ကသိုလ်များမှ ပေးအပ်သည့်ဘွဲ့အကြောင်းနှင့် မည်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျိုး ဆောင်ရွက်နိုင်မည်ဆိုသည့် အချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြထားတာမို့ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစ လူငယ်များအတွက် မိမိတက်ရောက်မည့် တက္ကသိုလ်ရွေးချယ်ရေးနှင့် ပတ်သက်ပြီး အထောက်အကူပေးသွားမှာပဲ ဖြစ်ပါတယ်။ 
“မြန်မာ့ကျောင်းသား၊ ကျောင်းသူအများစု တက်ရောက်ကြသော ပြည်တွင်းအစိုးရ တက္ကသိုလ်များကိုသာ မိတ်ဆက်ပေးထားပြီး ငွေကြေးအတော်အသင့် တတ်နိုင်သူများ တက်ရောက်ကြသည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော ပြည်တွင်း ပုဂ္ဂလိကကျောင်းများ၊ စင်တာများကို ချန်လှပ်ခဲ့ပါသည်။” ( စာရေးသူ ) 

ကဲ … ကိုယ့်ပတ်ဝန်းကျင် မိတ်ဆွေအသိုင်းအဝိုင်းမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ညီတွေ ညီမတွေ ရှိမယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ရှုကြည့်ဖို့ တစ်ဆင့်စကားပါး တိုက်တွန်းပြောကြားလိုက်ပါဦးခင်ဗျ။ ဖတ်ရှုမယ်ဆိုရင်လည်း ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ တစ်ဆက်တည်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ 
…….
ခုလို စာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts