ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ တာတေရဲ့ ဇာတ်လမ်းအသစ် - တောင်တော်ဘုရင်မ / နှင့် / ဆရာမမြသန္တာရဲ့ ဝတ္ထုချစ်သူများအတွက် - သစ္စာပန္နက်ဦး၏ ဝေဒနာဆူး ]

( ၁ )
စာအုပ်အမည် - တောင်တော်ဘုရင်မ 
စာရေးဆရာ - တာတေ
စာမြည်း 

“ကျုပ်ဖတ်ဖူးတဲ့ ဝတ္ထုထဲမှာက ပန်ထွာဘုရင်မက စစ်ရှုံးသွားလို့ ဒွတ္တဘောင်ဘုရင်ရဲ့ မိဖုရားဖြစ်သွားတယ် ဆရာကြီးရဲ့”
“ဟား ဟား ဟား ဒါက ဝတ္ထုဇာတ်လမ်းရေးကြတာပါကွယ်၊ ဘုရင်မက ဘယ်သူ့မိဖုရားမှ မဖြစ်ခဲ့ပါဘူး၊ ဘုရင်ဖမ်းပြီးခေါ်သွားတာက ပန်ထွာမိဖုရားရဲ့ နန်းတွင်းမှာခစားတဲ့ ပဉ္စလက်အတတ်ကို တစ်ဖက်ကမ်းခပ်အောင်တတ်တဲ့ ရှင်ထွေးဖြူပါကွယ်၊ ရှင်ထွေးဖြူက သူတတ်ထားတဲ့ ပဉ္စလက်အတတ်နဲ့ သူ့ကိုယ်သူ ပန်ထွာဘုရင်မရဲ့ ချွတ်စွပ်တူအောင်ဖန်ဆင်းပြီး အဖမ်းခံလိုက်တာပါ။ ဘုရင်ကလည်း ရှင်ထွေးဖြူ ကို ပန်ထွာဘုရင်မပဲထင်ပြီး မိဖုရားမြှောက်ခဲ့တာပါ။ ဘုရင်မကို ပထမံပုဂ္ဂိုလ်ကြီးတွေ ခေါ်သွားပြီး အလယ်ရိုးမ ပေါ်က တောင်ကြီးတစ်လုံးမှာ ထားလိုက်ကြတာကွဲ့၊ အဲဒီတောင်ကိုလည်း ဘုရင်မတောင်လို့ အမည်ပေး လိုက်ကြတာ၊ ဘုရင်မက အသက်ငါးရာပြည့်တိုင်း ထုံတစ်ခါကူးပြီးနေလာခဲ့တာ မောင်တာတေရဲ့၊ ပန်ထွာ ဘုရင်မက မသေပါဘူး”
“ထုံကူးတယ်ဆိုတာ ဘာတုံး ဆရာကြီးရဲ့”
“မောင်တာတေ နားလည်အောင် ပြောရရင် အသက်ဆက်တာပေါ့ကွယ်၊ အသက်ဆက်ပြီး ဘဝအသစ်နဲ့ ဆက်နေတာပေါ့ လူကလေးရယ်”
“ဒါဆိုရင် ပန်ထွာဘုရင်မက နတ်သမီးဖြစ်သွားတာလား ဆရာကြီး”
“ဟာ … မဟုတ်ပါဘူးကွဲ့၊ လူပါပဲ၊ ဒါပေမဲ့ လူ့ဘုံထဲမှာတော့ မရှိတော့ဘူးကွဲ့၊ ဘုံနဲ့ပြောရင် နတ်ဘုံ ထဲမှာပဲ ထည့်ပြောရတယ်”
“ဒါဆိုရင် ဆရာကြီး ဘုရင်မကို ပန်ထွာလို့ပဲ ခေါ်တာပဲလားဗျ”
“ဟာ …. အဲဒီလို မခေါ်ကြတော့ဘူးကွဲ့၊ အထက်ပုဂ္ဂိုလ်ကြီးတွေ ခေါ်တာကတော့ တောင်တော်ဘုရင်မ လို့ခေါ်ကြတယ်၊ ကျုပ်လည်း အစကတော့ သူတို့ပြောပြောနေတဲ့ တောင်တော်ဘုရင်မဆိုတာ ဘယ်သူမှန်းသိတာ မဟုတ်ဘူးကွဲ့၊ အခု ဒီကိစ္စပေါ်လာမှ တောင်တော်ဘုရင်မဆိုတာ ပန်ထွာဘုရင်မကို ခေါ်တာမှန်း သိတာ”
“ပန်ထွာဘုရင်မအကြောင်းကို ဆရာကြီးသိတာ ကြာပြီလား”
ကျုပ်ကလည်း မနေနိုင်ဘူးဗျို့၊ လွှတ်စပ်စုတဲ့ကောင်လေဗျာ။
“အထက်ပုဂ္ဂိုလ်ကြီးတွေက အခုကိစ္စကို တာဝန်ပေးတော့မှ ကျုပ်ကို အကျိုးအကြောင်းတွေ ပြောပြ ကြတာပေါ့ကွယ်”
“ဒီအကြောင်းတွေကြားတော့ ကျုပ်ဖြင့် ယုံတောင်မယုံနိုင်အောင် ဖြစ်သွားတာ ဆရာကြီးရဲ့၊ ကျုပ်ကတော့ ဝတ္ထုထဲကအတိုင်း ပန်ထွာဘုရင်မဟာ သရေခေတ္တရာဘုရင်ရဲ့ မိဖုရားဖြစ်သွားတယ်ပဲ ထင်တာဗျ”
ဘိုးလူပေက ခေါင်းခါပြပြီး ပြုံးတယ်။
“ပန်ထွာဘုရင်မက သာမန်မိန်းမ မဟုတ်ဘူးကွဲ့၊ ဆုကြီးပန်ထဲကပဲ မောင်တာတေရဲ့”
“ဆုကြီးပန်ဆိုတာ ဘာတုံးဆရာကြီးရဲ့”
“ဆုကြီးပန်ဆိုတာ နောင်ပွင့်တော်မူမဲ့ အရိမေတ္တယျဘုရားရှင်လက်ထက်မှာ တစ်ခုခုဖြစ်ဖို့ ဆုတောင်းထားတဲ့သူပေါ့ကွယ်”
“နေပါဦး ဆရာကြီးရဲ့၊ ဝတ္ထုစာအုပ်ထဲမှာ ကျုပ်ဖတ်ဖူးတာက ပန်ထွာဘုရင်မက သူ့မျက်နှာကိုမြင်တဲ့ ယောက်ျားတိုင်း မူးမေ့သွားအောင်ကို လှတာဆို”
“ဒါကတော့ ဝတ္ထုရေးဆရာက ရေးဖွဲ့တာပေါ့ကွယ်၊ ဒါပေမဲ့ ကျုပ်လည်း မမြင်ဖူးတော့ အတိအကျတော့ မပြောတတ်ဘူးကွဲ့၊ ကျုပ်မှန်းကြည့်တာတော့ နတ်မိမယ်တွေနီးနီးတော့ လှလိမ့်မယ် ထင်တာပဲကွဲ့၊ ဘာဖြစ်လို့ တုံးဆိုတော့ ဆုကြီးပန်လေကွယ်၊ ဆုကြီးပန် မိန်းမတွေဟာ နတ်မိမယ်တွေလို ချောကြတယ်လို့ ကျုပ်မှတ်သား ဖူးတယ် မောင်တာတေရဲ့”
“ဘုရင်မက ဘာဖြစ်လို့ အသက် ဒီလောက်ရှည်အောင် နေနိုင်တာတုံး ဆရာကြီးရဲ့”
“ပျူဘုရင်မဘဝမှာ ပန်ထွာမင်းသမီးဟာ လောကီပညာကို အထွတ်အထိပ်အထိ တတ်မြောက် သွားခဲ့တယ် မောင်တာတေ”
“ဒါဆိုရင် ပန်ထွာဘုရင်မက အသက်ဘယ်လောက်အထိ ရှည်မှာတုံး ဆရာကြီးရဲ့”
“အတိအကျတော့ ကျုပ်လည်းမသိဘူး မောင်တာတေရဲ့၊ ဒါပေမဲ့ သူတို့တွေက နောက်ဘုရားပွင့်တဲ့ အထိတောင် ရှိချင်ရှိကြမှာကွဲ့”

။	။ တာတေရဲ့ မဖဲဝါကို ရိုးအီနေပြီ ဆိုသူများအတွက် သမိုင်းနောက်ခံပြုထားတဲ့ ဇာတ်လမ်းအသစ်အဆန်းနဲ့ ထွက်လာတဲ့ စာအုပ်ပါပဲ။ အစအဆုံး တစ်ထိုင်တည်း ဖတ်မိသွားစေမယ့် တောင်တောင်ဘုရင်မအကြောင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ မြန်မာငွေ *၂၀၀* ကျပ်ထဲနဲ့ ဖတ်ရှုလိုက်ပါဦးခင်ဗျ။
( ၂ ) 
စာအုပ်အမည် - သစ္စာပန္နက်ဦး၏ ဝေဒနာဆူး 
စာရေးဆရာ - မြသန္တာ 
စာမြည်း 

ယုယုနွယ်တွင် မိဘမရှိပေ။ အဒေါ်နှင့်နေတာ အဒေါ်၏မိသားစုဝမ်းကွဲ မောင်နှမများကိုသာ ဆွေရင်းမျိုးရင်းလုပ်နေရှာ၏။ 
ယခုပဲခူးတွင်ရှိသော အဒေါ်၏အိမ်နှင့် ဝမ်းကွဲအစ်မစောစောဦးအိမ်သို့ ရောက်မလာဘဲ နောင်ချိုသို့ရောက်လာသည်မှာ ထူးဆန်းလွန်းလှသည်။ 
“သူနဲ့အတူတူပါလာတဲ့ ယောက်ျားလေးတွေလဲ မမြင်ဖူးပါဘူး၊ ဘယ်သူတွေလဲ မိကောင်း ဖခင်သားသမီးတွေရော ဟုတ်ရဲ့လား”
အစ်မနှစ်ယောက်က သေသူယောက်ျားနှစ်ဦး၏ ရုပ်ရည်ကို အကဲခတ်လျက်ရှိသည်။ 
“ယုလေးကို အနိုင်ကျင့်ပြီး ခေါ်သွားတာလား”
“ဟုတ်လိမ့်မယ်၊ မင်းက ကားတစ်စီးနဲ့ မိန်းမကို တစ်ယောက်တည်း ပဲခူးကိုလွှတ်တာ လွန် လွန်းတယ် လမ်းမှာဓားပြတိုက်ပြီး လူရောကားရော ခေါ်သွားရင် ဘယ်လိုလုပ်မလဲ ယောက်ျားလေး က နှစ်ယောက်တောင်”
“ဟယ် ဟုတ်လိမ့်မယ်၊ ဟုတ်လိမ့်မယ်”
“ရှင်တို့စကားကို အလွတ်မပြောကြပါနဲ့၊ ဒါကျွန်မသားနဲ့ကျွန်မတူလေးပါ၊ သူတို့က ဟော့ ဟော့ရမ်းရမ်းမဟုတ်ပါဘူး၊ ဒီကလေးမကိုလဲ ကျွန်မတစ်ခါမှ မမြင်ဖူးဘူး၊ ရှင်တို့လူဆုံးသလို ကျွန်မ လဲ ဆုံးရတာပဲ၊ ဘာမှအကြောင်းရင်းမသိဘဲပြောရင် မှုခင်းဘက်နဲ့ ဆက်နွယ်သွားလိမ့်မယ်၊ ရိုးရိုး အက်ဆီးဒင့်ကို အပိုချဲ့မနေပါနဲ့တော့ နောက်မှ ကျွန်မတို့ချင်း ညှိယူကြတာပေါ့”
တစ်ဖက်၏ မိသားစုစကားကြောင့် ယုယုနွယ်အဒေါ်နှင့် ယောက်မနှစ်ဦးမှာ ပါးစပ်ပိတ်သွား ကြ၏။ 
“မိန်းကလေးရှင်ဘက်ကတော့ အစွမ်းကုန်တွေးရမှာပဲလေ၊ မသိကျွမ်းတဲ့သူစိမ်းနှစ်ယောက် က သူ့ကားပေါ် ဘာလို့ပါလာရတာလဲဆိုတာ စဉ်းစားစရာပေါ့”
ဦးအေးလွင်က မကျေမနပ်နှင့် ဝင်ပြောလိုက်သောအခါ တစ်ဖက်မိဘများမှာ ပျာယာခတ် လှုပ်ရှားသွားကြ၏။ 
“မလုပ်ပါနဲ့၊ ကျွန်မသားနဲ့တူကို အမှုပွေအောင် မလုပ်ကြပါနဲ့၊ သေတဲ့လူက သေသွားပြီပဲ ဘယ်လိုမှပြန်ရှင်လာစရာမရှိတော့ပါဘူး၊ ကျွန်မတောင်းပန်ပါတယ်ရှင်၊ ကျွန်မသားမှာ မိန်းမရှိပါ တယ်၊ သူ့မိန်းမက စာရင်းစစ်ထွက်နေလို့ပါ၊ ကျွန်မတူလေးမှာလဲ လက်ထပ်မယ့်ချစ်သူရှိပါတယ်၊ သူတို့ဒီလိုဟော့ဟော့ရမ်းရမ်းမလုပ်တတ်ပါဘူး၊ မိကောင်းဖခင်သားသမီးတွေပါရှင်”
“ကဲပါ မမတို့ရယ် ဟုတ်ပါတယ် နောက်မှအေးအေးဆေးဆေးပြောကြာတာပေါ့၊ တောင်တောင်အီအီလျှောက်တွေးမနေပါနဲ့တော့”
သူက စိတ်ရှုပ်ထွေးစွာဖြင့် ဝင်ပြောလိုက်သည်။ သူ့ဘဝတွင် ဤကဲ့သို့ ရှုပ်ထွေးမှုစိတ်ဆင်းရဲမှု ဖြစ်လာလိမ့်မည်ဟု ဘယ်လိုမှ မထင်မှတ်ခဲ့ပေ။
တစ်ဖက်ကလည်း ပြည့်ပြည့်စုံစုံမဟုတ်ပေ။ ကားတစ်စီးကို အော်ဒါငှားပြီး မိဘနှစ်ပါးမှာ ကပျာကယာ လိုက်လာခဲ့ရရှာသည်။ 
ဇော်မြင့်နှင့် ဝင့်လွင်ထူးဟူသော လူနှစ်ဦးမှာ ဟော့ဟော့ရမ်းရမ်းရှိပုံမပေးပေ။ 
“သူတို့မှာလည်း ခရီးဆောင်အိတ်တွေပါလာတယ်ဆိုတော့ သူတို့သုံးဦးဟာ ခရီးထွက်ဖို့ ကြံစည်တာပဲဖြစ်ရမယ်”
“နောင်ချိုမှာ ဇော်မြင့်ယောက္ခမများရှိတယ်လေ၊ ပြီးတော့ လိမ္မော်ခြံဝယ်ထားသေးတာပဲ၊ အဲဒီကို သွားတာနေမှာပေါ့”
သူတို့အချင်းချင်း ပြောနေသဖြင့် ခရီးထွက်ချင်လွန်းသော ရှမ်းပြည်ဘက်သို့ရောက်ချင်နေ သော ယုယုနွယ်သည် မည်ကဲ့သို့ဆက်နွယ်၍ ပါသွားသည်ကို စဉ်းစားမရဖြစ်နေ၏။

။	။ စာရေးဆရာမ မြသန္တာရဲ့ စာဖတ်ပရိသတ်အနေနဲ့ ဒီဝတ္ထုကို ဖတ်ရှုမယ်ဆိုရင်တော့ ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။
…………	
“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်သူဖြစ်ဖို့ ဝန်ဇင်းမှာ စာဖတ်ပါ။ 



Related Posts