ယနေ့အတွက် ဖတ်စရာကဏ္ဍ


‘ဝန်ဇင်းရဲ့ ရသဝတ္ထုချစ် ပရိသတ်ကြီးအတွက် ဘဝသရုပ်ဖော် ရသဝတ္ထုတိုများနှင့် ဝတ္ထုရှည်တစ်ပုဒ်’

………….

ပထမရွေးချယ်ရန်စာအုပ် >>> အဖြူရောင်များ

စာရေးဆရာမ >>> ပုဏ္ဏမီ

ဖတ်ညွှန်းတို - ( ….. ) - စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က အဆင်မပြေသော မိသားစုတစ်ခုအတွင်းမှာ လူကြီးသုံးယောက်ရဲ့ စိတ်ထွက်ပေါက်အဖြစ် ထစ်ခနဲရှိ အရိုက်ခံရပြီး အမြဲလိုလို အပြစ်ရှာ ဆူပူကြိမ်းမောင်းခံနေရတဲ့ ဘဝမှာ ကြီးပြင်းလာခဲ့ရတဲ့ သူမရဲ့ အသက် ၁၀ နှစ်အရွယ်မှာတော့ မိခင်က ဆုံးပါးသွားခဲ့တယ်။ လှလှပပ အပျိုပေါက်ဖြစ်လာပြီး နောက်ပိုင်းမှာလည်း ဘဝရဲ့ ရိုက်နှက်ချက်တွေက မဆုံးသေး။ ဒါပေမဲ့ တစ်ကွေ့ကွေ့မှာတော့ ….. ။ 

စောအော်ဂေါ်ထူး - ဆယ့်ရှစ်နှစ်သွားအရွယ် ဒုတိယနှစ်ကျောင်းသားဘဝမှာ အမိုးနဲ့အပါးတို့က ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ပြီး မိဘမဲ့ဖြစ်သွားတဲ့နောက် ဘဝရဲ့ ဒုက္ခ၊ လောကဓံရဲ့ ခါးသက်သက် အရသာတွေကို စတင်ခံစားနေရချိန် ….. ။

[  “စောအော်ဂေါ်ထူးကို ကျွန်မတာဝန်ယူပါတယ်၊ သူ့အမေ အန်တီခီးဟာ ကျွန်မရဲ့ ကျေးဇူးရှင်ပဲ”

“အေးလေ၊ နင်တာဝန်ယူမယ်ဆိုလည်း ကောင်းတာပဲ၊ သူ့ခမျာ ပညာရေးလည်း တစ်ပိုင်းတစ်စကြီးနဲ့ ၊ နေဖို့စားဖို့လည်း ခုလောလောဆယ် ခက်တောင်နေသေးတာ ဒါပေမဲ့ နင့်ကလည်း ခလေးမလေးပဲ၊ နင့်မှာရော အုပ်ထိန်းသူ မရှိဘူးလား”

နတ်ဖန်ဆင်းလေသလား ထင်ရအောင် ဘွားခနဲပေါ်ပေါက်လာသော ကယ်တင်ရှင်မမက ထူးခြားလှပသော သွားတက်လေးတွေနဲ့ ပါးချိုင့်လေးတွေပေါ်အောင် ပြုံးရင်း ….. ] 

ဒီဝတ္ထုလေးထဲမှာ လူအမျိုးမျိုး စရိုက်အဖုံဖုံရဲ့ သရုပ်သကန်၊ လှည့်စားချက် များပြားတဲ့ လောကမာယာကြီးအတွင်း ရှင်သန်လှုပ်ရှားနေသူများ၊ ဒ့ါအပြင် ဇာတ်ကောင်များစွာ ပါဝင်တဲ့ ဒီဝတ္ထုဟာ ‘အဖြူရောင်များ’ ဖြစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်တို့ရဲ့ ဘဝဖြတ်သန်းမှုတို့ကို ပီပီပြင်ပြင် သရုပ်ဖော် ရေးဖွဲ့ထားတဲ့အပြင် ဇာတ်လမ်းကလည်း စာဖတ်သူ နှစ်သက် သဘောကျမိမှာ သေချာနေပါတယ်။ 

ဒါကြောင့် ဖတ်ရှုမယ်ဆိုရင်လည်း ဝန်ဇင်းမှာသာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ 
………….

ဒုတိယ ရွေးချယ်ရန်စာအုပ် >>> ပစ္စက္ခအလွမ်းနှင့် ဘဝ ရသ ဝတ္ထုတိုများ 

စာရေးဆရာ >>> ကျွန်းစဉ်မြေ - စောခက်

ဖတ်ညွှန်းတို - ရသဝတ္ထုတိုစာရေးဆရာ ကျွန်းစဉ်မြေ - စောခက်ရဲ့ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတေကို ဖတ်ရင်း စာဖတ်သူရဲ့ ရင်ထဲမှာ ဆို့နင်နင်လည်း ဖြစ်လာလိမ့်မယ်၊ ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ မျက်ရည်ကျရင်လည်း ကျလာလိမ့်မယ်၊ ဖတ်နေရင်းနဲ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားတဲ့အထိ ဝတ္ထုရဲ့ ရသရေအလျဉ်ဟာ စာဖတ်သူရဲ့ နှလုံးသားထဲကို စီးဝင်သွားလိမ့်မယ်။ ဒီစာအုပ်ဟာ - - -

[ ပစ္စက္ခအလွမ်းပါ ဝတ္ထုတော်တော်များများသည် ကျွန်တော်၏ ဘဝအိမ်ထဲမှ အပိုင်းအစတချို့ လွင့်စင် ထွက်လာကြခြင်းပင် ဖြစ်ပါသည်။ ဤဝတ္ထုတိုများကို ရေးဖွဲ့ခဲ့ရာ၌ သဘာဝနှင့် ဆီလျော်စေရန် အနုပညာ ဖန်တီးချက် အနည်းငယ် စိုက်ထည့်ထားသည်မှအပ စိတ်ကူးယဉ် တည်ဆောက်ထားခြင်းမျိုး လုံးဝ မပါရှိခဲ့ပါ။ 

စာဖတ်သူများအနေဖြင့် ဝတ္ထုများ၏ ဇာတ်လမ်း အချိတ်အဆက်အချို့ကို သတိထားမိပါက လုံးဝမဖြစ်နိုင်ဟု ထင်မြင်ယူဆနိုင်သော ပြောင်းလဲမှု ဖြစ်စဉ်တရားတစ်ခုကို ရှာဖွေတွေ့ရှိကြလိမ့်မည် ဖြစ်ပါသည်။ သို့သော် အမှန်တကယ်က ဤပြောင်းလဲမှု ဖြစ်စဉ်တရားသည် ကျွန်တော့်ဘဝထဲတွင် တကယ်ရှိနေပါသည်။ အမှန်ပင် ရှိနေပါသည်။ ] ( စာရေးသူ၏ အမှာစာမှ )

ကဲ … ဝန်ဇင်းပရိသတ်ကြီးထဲမှာ ဆရာကြီး ကျွန်းစဉ်မြေ - စောခက်ရဲ့ စာဖတ်ပရိသတ်တွေက ရှိနေနှင့်ပြီးသားလို့ ယုံကြည်ပါတယ်။ ဆရာ့ရဲ့ ရသဝတ္ထုတိုလက်ရာတွေကို မခံစားဖူးသေးဘူး ဆိုရင်လည်း ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူဖတ်ရှုရင်း ဝတ္ထုတို ရသခံစားမှုများကို အပြည့်အဝ ရယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts