ယနေ့အတွက် ဖတ်စရာကဏ္ဍ


စာအုပ်အမည် 	-	ရေငတ်ပန်းပေမို့ … ပိုမွှေးလေရော့သလား
စာရေးသူ	-	အလင်းသစ်
စာအမြည်း	-	"အခု အဝင်းတို့ ပိုင်တယ်ဆိုတဲ့ ဒီအိမ်၊ ဒီခြံ၊ ပြီးတော့ မောင်ထက်လုပ်နေတဲ့ ကုမ္ပဏီ၊ အဲဒါတွေက စံပယ်ပိုင်တဲ့ ပစ္စည်းတွေပဲပေါ့၊ ဒါပေမဲ့ သူတို့က စံပယ်ကို သူတို့ ဝယ်ထားတာ၊ သူတို့ပိုင်လို့ပဲ ပြောပြီး အခုလို ဘဝမျိုး ထားခဲ့တာ၊ ပုံစံကတော့ စံပယ်ကတောင် သူတို့ကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ ကျေးဇူးရှင် အဖြစ်နဲ့ အမြဲတမ်း ကျေးဇူးတင်နေရမှာမျိုးလေ"
"အဲဒီအကြောင်းတွေကို စံပယ်က မသိဘူးလား ဒေါ်မွေး"
"မသိအောင် ဖုံးကွယ်ထားကြတာလေကွယ်၊ ဒေါ်မွှေး လည်း မပြောပြရဲဘူး"
"ဟင် ... ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ မောင်သန့်ရှင်းရယ်၊ ဒေါ်မွှေးကို ဒီ အကြောင်း သူများကိုဖြစ်ဖြစ်၊ စံပယ်ကိုဖြစ်ဖြစ် ပြောပြလို့ကတော့ သတ်ပစ်မယ်တဲ့၊ အလုပ်ထွက်မယ် ဆိုတော့လည်း ဒီအကြောင်းတွေ ပေါက်ကြားမှာ စိုးလို့ အလုပ်ထွက်မခံဘူးလေ၊ လစာပဲ တိုးပေးနေတာ"
ဪ ... လက်စသတ်တော့ ဒီလိုကိုး၊ ဒေါ်မွှေး ခြွင်းချန်ထားတဲ့ အကြောင်းတွေကိုတော့ ခန့်ညား မသိပေ။ သိရသလောက်နဲ့တင်တောင် စံပယ်ကို သနားလိုက်တာ၊ ပြီးတော့ ဆုံးဖြတ်ချက်က ပို၍ ခိုင်မာသွားခဲ့ပြီ။ စံပယ်ကို ဒီဘဝထဲကနေ ဆွဲထုတ်ဖို့လေ။ ဒေါ်မွှေးကလည်း သူ့ကိုကျမှ လျှို့ဝှက်ချက်တွေ ပြောပြနေတာ ယုံကြည်လို့ပဲပေါ့။
-----------------
"ကိုကို တစ်ခုခုရောင်းလာတာလားဟင်"
"အဲဒါတွေ ဘာဖြစ်လို့ လျှောက်မေးနေတာလဲ စံပယ်ရဲ့။ မရှိဝမ်းစာ ရှိတန်ဆာပဲလေ။ ကိုကို့ကို ချစ်မိတဲ့ အတွက် ကိုကိုက စံပယ်ကို နောင်တ မရစေချင်ဘူး။ စံပယ်က ကိုယ့်ရုပ်လေး ဒီလောက်လှနေတာတောင် သွားခေါတဲ့ ကိုကို့ကို ယုံကြည်အားကိုးပြီး ချစ်ခဲ့တာ။ စံပယ့်အချစ်ကို ကိုကို အရမ်းလေးစားတယ် သိလား။ အဲဒါကြောင့်လည်း ကိုကို စံပယ့်ကို ပိုပြီးချစ်တာ။ ရအောင်လည်း ယူခဲ့တယ်လေ"
- စာချစ်သူလည်း ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ *၆၀၀* ကျပ်တည်းနဲ့ ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။
Wun Zinn app နောက်ဆုံး ဗားရှင်းလေးကို http://bit.ly/wz_play လင့်ခ်ကိုနှိပ်၊ အခမဲ့ Download ပြုလုပ်ပြီး စာအုပ်ကောင်းတွေနဲ့အတူ ကဏ္ဍမျိုးစုံကို လေ့လာနိုင်ပြီလို့လည်း သတင်းကောင်း ပါးလိုက်ပါရစေ  
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
- အောင်မြင်သူတိုင်း စာဖတ်ကြသည်။
- သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts