ယနေ့အတွက် ဖတ်စရာကဏ္ဍ


“ကံကောင်းချင်လား - ဝန်ဇင်းမှာ ရှိတယ်၊ အချစ်ဝတ္ထုကောင်းကောင်း ဖတ်ချင်လား - ဝန်ဇင်းမှာ ရှိတယ်”
………

သင်ဖတ်ဖို့စာအုပ် ( ၁ )

စာအုပ်အမည် - ကမ္ဘာတစ်လွှားမှ ကံကောင်းစေမည့် အဆောင်များနှင့် အစီအရင်များ
စာရေးဆရာ - ဟိန်းလတ်

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ် 

ဖတ်ညွှန်းတို - ဒီစာအုပ်ထဲမှာ ကံကောင်းခြင်းဆိုင်ရာ အကျိုးတရား အကြောင်းအချက်တွေကို ကျကျနန ဖော်ပြထားပြီး ကံပွင့်ကံမြင့်စေမယ့် နည်းနာစနစ်တွေကို ဖော်ပြထားတယ်။ စီးပွားရေးကျမ်း၊ တက်ကျမ်းတွေကို ကျမ်းဆန်ဆန်နဲ့ လေးလေးပင်ပင် ဖတ်ရမှာမဟုတ်ဘဲ ပုံပြင်ပြောပြနေသလို ပေါ့ပေါ့ပါးပါး ရေးသား ရှင်းပြထားလို့ စာဖတ်သူအနေနဲ့ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ ရှိနေတဲ့ အဆောင်တွေ အစီအရင်တွေ သာမကဘဲ ဘာသာ ယဉ်ကျေးမှု မတူညီတဲ့ ကမ္ဘာတစ်လွှားက လူမျိုးခြားတွေ အသုံးပြုတဲ့ ကံကောင်းခြင်း နည်းနာတွေကိုပါ ဖော်ပြထားတော့ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေတာပေါ့။ 

အဆောင်တွေ အစီအရင်တွေကလည်း စီးပွားရေးနယ်ပယ် တစ်ခုတည်းသာမဟုတ်၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ မေတ္တာရေးနယ်ပယ် … စတဲ့ နယ်ပယ်ပေါင်းစုံမှာ လက်တွေ့အသုံးချပြီး အတိုင်းအတာတစ်ခုအထိ ကံကောင်းခြင်းများကို လက်ဝယ်ပိုင်ဆိုင်နိုင်မှာမို့ ဝန်ဇင်းစာချစ်သူတိုင်း လေ့လာ ဖတ်ကြည့်သင့်ပါတယ်။ 

ရိုးရိုးရှင်းရှင်းနဲ့ ထိထိရောက်ရောက်ဖြစ်မယ့် လောကီပညာရပ်ဆိုင်ရာ ကံကောင်းခြင်းနည်းလမ်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီစာအုပ်ကို ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ခုပဲ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ 
---
သင်ဖတ်ဖို့စာအုပ် ( ၂ )
စာအုပ်အမည် - အရောင်မဲ့စိမ်းလန်းခြင်း
စာရေးဆရာ - ဗျူး

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း - မြန်မာငွေ *၆၀၀* ကျပ် 

ဖတ်ညွှန်းတို - ဒီဝတ္ထုကတော့ ‘မမ နဲ့ မောင်လေး’ ဇာတ်လမ်း။ ခပ်သွက်သွက် ခပ်မြူးမြူး ဖတ်ရလိမ့်မယ်။ နည်းနည်းပါးပါးလည်း ရင်ထဲမှာ ကြေကွဲကောင်း ကြေကွဲမိလိမ့်မယ်။ ဒါပေမဲ့ စာချစ်သူတို့ ကြိုက်မှာ သေချာပါတယ်။ ဝတ္ထုထဲမှာ ငယ်ငယ်ကတည်းက စီးပွားရေးတောင့်တင်း ချမ်းသာကြွယ်ဝတဲ့ မိသားစု အသိုင်းအဝိုင်းက မွေးဖွားလာသူ ‘ရာဇမာန်’ ၊ မာမီဖြစ်တဲ့ ဒေါ်ထပ်ခေါင်တင်ရဲ့ လက်အောက်မှာ ကြီးပျင်းလာရင်းနဲ့ ပြင်ပကမ္ဘာကို စိတ်ဝင်စားပြီး အချုပ်အချယ်တွေကို ခပ်ဆတ်ဆတ်ကလေး ရုန်းကန်တတ်လာတဲ့ အသက် ( ၂၁ ) နှစ်အရွယ် ရာဇမာန်မှာ သူငယ်ချင်းဆိုလို့ လက်ချိုးရေလို့ရတယ်။ 

ဖြစ်ချင်တော့ သူ့ရဲ့ ( ၂၁ ) နှစ်ပြည့် မွေးနေ့ပွဲမှာ မာမီမသိအောင် သူငယ်ချင်းရဲ့ restaurant တစ်ခုမှာ သူငယ်ချင်းတွေနဲ့ မွေးနေ့သွားလုပ်ရင်း ‘ညှို့မျက်ဝန်း’ ဆိုတဲ့ မမတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ သူမက အဲ့ဒီဆိုင်ရဲ့ လက်ရွေးစင် စင်တင်အဆိုတော်တစ်ယောက်။ စီးရီးမထုတ်နိုင်ပေမဲ့ ဝါသနာရှင်အဆင့်ထက် ကျော်လွန်နေတဲ့ ပါရမီမျိုးနဲ့ သူမဟာ တကယ်တော့ ဘဝနာခဲ့သူ။ 

ရွှေမင်းသားလေးနဲ့ မမလေးတစ်ယောက်တို့ရဲ့ အချစ်ပုံပြင်ကို ဖတ်ရင်းဖတ်ရင်းနဲ့ စာဖတ်သူကြီးလည်း မျောသွားပါလိမ့်မယ်။ အချစ်ဝတ္ထုကောင်းကောင်းလေး ဖတ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးက ဒီနေ့အတွက် ရွေးချယ်ဖို့ အသင့်ဆုံးပါပဲ။ ဒါကြောင့် ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၆၀၀* ကျပ်တည်းနဲ့ ဝယ်ဖတ်နိုင်ပြီနော်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts