ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအနေနဲ့ ရုံးပိတ်ရက်၊ အားလပ်တဲ့အခါ ဖတ်ရှုနိုင်အောင်လို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ ယနေ့ထွက်စာအုပ်များကဏ္ဍမှ ထွက်ရှိသော စာအုပ်တွေနဲ့ စာချစ်သူများကို မိတ်ဆက်ပေးပါရစေ။ အဲ့ဒီစာအုပ်တွေကတော့ စာရေးဆရာမ မြသန္တာရဲ့ “အချစ်မိုးခေါင်ရပ်ဝန်း” နဲ့ ဆရာမောင်ခေတ်ထွန်းရဲ့ “ဘောလုံးဂိုးဖမ်းသမားလေး ဆင် နှင့် ကလေးဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

( ၁ ) ဦးစွာမိတ်ဆက်ပေးမှာကတော့ စာရေးဆရာမ မြသန္တာရဲ့ “အချစ်မိုးခေါင်ရပ်ဝန်း” ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ မီးတွင်းထဲမှာပင်ဆုံးပြီး မိခင်ရောကလေးပါ ဆုံးရှုံးလိုက်ရတဲ့ ‘ဆက်ပိုင်’ ဟာ အရက်သောက်ပြီး ပေတေသူတစ်ယောက်၊ သူ့ရဲ့ ကွန်ပျူတာစာစီလုပ်ငန်းကို ဝန်ထမ်းအဖြစ်ရောက်လာတဲ့ ‘မေလင်းဝေ’ ကို တွေ့ဆုံပြီးနောက်မှာတော့ ….
[ “ဟို … သူက ဘတ်စ်နဲ့ လိုက်ပို့ပေးမယ်ပြောတော့ မေလင်းက မှောင်နေပြီ၊ ပြီးတော့ ဘတ်စ်ကားပေါ်မှာ အရက်မူးလာလို့မရဘူးလို့ ပြောရတယ်။ ဒီနေ့ သူ … သူ … လိုက်ပို့လိမ့်မယ်။”
အကြီးပြုံးသည် အားရစွာပြုံးလိုက်ပြီး …
“လက်ခံလိုက်ပါသမီးရယ်၊ သူ လိုက်ပို့ပါစေ။ အကြီးပြုံးတို့ သမီးကို လိုက်စောင့်ရှောက်ပါ့မယ်။ သားက စိတ်ထိခိုက်စရာရှိလို့ အရက်သောက်ပြီး ပေတေနေတာပါ။ စိတ်ရင်းကောင်းပါတယ်ကွယ်။ သူများကို ထိခိုက်နစ်နာအောင် မလုပ်တတ်ပါဘူး။”
မေလင်းဝေ အံ့အားသင့်သွား၏။ လုံးဝမမျှော်လင့်သော စကားပင်ဖြစ်သည်။ ချမ်းသာကြွယ်ဝသူ၏ တောင်းပန်တိုးလျှိုးသောစကားကို ပထမဆုံးအကြိမ် ကြားဖူးလိုက်ခြင်းဖြစ်သည်။ ]
 
အခြေအနေ၊ ဘဝနောက်ခံမတူကြသူ ဆက်ပိုင်နဲ့ မေလင်းဝေတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ပျော်ရွှင်ဖွယ် အဆုံးသတ်မလား၊ ကြေကွဲစရာအဖြစ် အဆုံးသတ်မလားဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုထဲမှာ ဝန်ဇင်းစာချစ်သူတွေ မြင်တွေ့ရမှာပါ။ ကဲ … ဒီတော့ ဒီစာအုပ်လေးကို စာချစ်သူတို့လည်း စိတ်ဝင်စားတယ်ဆိုရင် ပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

( ၂ ) နောက်ထပ် မိတ်ဆက်ပေးမှာကတော့ ဆရာမောင်ခေတ်ထွန်းရဲ့ “ဘောလုံးဂိုးဖမ်းသမားလေး ဆင် နှင့် ကလေးဝတ္ထုတိုများ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ နိုင်ငံရပ်ခြားက စာရေးဆရာတွေရဲ့ ဝတ္ထုတိုလေးတွေကို ဘာသာပြန် စုစည်းထားပါတယ်။ ကလေးဝတ္ထုတိုများ ဆိုပေမယ့် ဖတ်လို့အလွန်ကောင်းတဲ့ ဇာတ်လမ်းလေးတွေ ပါဝင်နေပါတယ်။  

ဘောလုံးဂိုးဖမ်းသမားလေး ဆင်၊ သတင်းစာပို့လုလင် တိုဘီ၊ အိမ်အိုကြီး၊ သတင်းစာဖြတ်ပိုင်းစကလေး စတဲ့ ဝတ္ထုလေးတွေကနေ စာချစ်သူတို့ဟာ နိုင်ငံရပ်ခြားရဲ့ ယဉ်ကျေးမှု၊ အလေ့အထ အမူအကျင့်တွေကို လေ့လာမြင်တွေ့ရမှာမို့ ဒီစာအုပ်လေးကို လက်လွှတ်မခံဘဲ ပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊  ငွေကျပ် *၆၀၀* ကျပ်တည်းဖြင့် ဝန်ဇင်းမှ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ 

ကဲ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကောင်းတွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြဖို့ မမေ့နဲ့နော်။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်တွေရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့က ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် … 

Related Posts