ယနေ့အတွက် ဖတ်စရာကဏ္ဍ


[ Dr – Panda ရဲ့ ပရိသတ်တွေ၊ ဂျိနင်ရဲ့ ပရိသတ်တွေအနေနဲ့ သိပ်ကြိုက်သွားမယ့် မန်ဟို - ကောင်းကင်တံခါးကို ငါပိတ်မယ် - စာစဉ် ( ၂ ) ကို ဝန်ဇင်းမှာသာ ဖတ်ရှုလိုက်ပါ ]
………….

စာချစ်သူများ မင်္ဂလာပါခင်ဗျ။ 

ဒီနေ့အတွက် ဝန်ဇင်းမှာ ဖတ်ရှုနိုင်မယ့် စာအုပ်သစ်ကတော့ ‘ကောင်းကင်တံခါးကို ငါပိတ်မယ်’ စာစဉ် ( ၂ ) ပဲ ဖြစ်ပါတယ်။ ခေတ်သစ် တရုတ်သိုင်းဝတ္ထုရှည်ကြီးတွေကို ဘာသာပြန်ရေးသားနေတဲ့ စာရေးဆရာ Dr – Panda ရဲ့ ပရိသတ်တွေ၊ အရင်ကထွက်ခဲ့တဲ့၊ ခုလည်း စာစဉ်ထွက်နေဆဲဖြစ်တဲ့ ဂျိနင်ကို သဘောကျသူတွေ အနေနဲ့ ဒီစာအုပ်ကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ 

ဖတ်ညွှန်း - စိတ်ကူးယဉ်စာပေအမျိုးအစားဝင် ဝတ္ထုရှည်ကြီးပါပဲ။ ဒါပေမဲ့ အပြတ်အသတ်မိုက်တယ်။ Dr – Panda ရဲ့ ဓားတန်ခိုးရှင်ဒဏ္ဍာရီ ဘာသာပြန်လက်ရာကို ဖတ်ဖူးသူတွေအဖို့ ဒီတစ်ခေါက် စီးရီးအသစ်ကိုလည်း သဘောကျပါလိမ့်မယ်။

တရုတ်ဝတ္ထုရေးဆရာ Er Gen ရဲ့ ‘I Shall Seal the Heaven’ ကို ဘာသာပြန်စာရေးဆရာ Dr – Panda က ဘာသာပြန်တယ်။ နဝမမြောက်မိစ္ဆာမျိုးဆက်ဖြစ်တဲ့ မန်ဟိုရဲ့ ‘ကောင်းကင်တံခါးကို ပိတ်ဖို့’ ဆန္ဒကို အခြေခံပြီး ဝတ္ထုရှည်ကြီးတစ်ပုဒ် ဖြစ်လာတယ်။ ဒီ ဝတ္ထုထဲက မန်ဟိုကတော့ ဓားတန်ခိုးရှင်ထဲက ဂျိနင်ထက် ပိုကြမ်းတယ်ဗျ။ စာသမား ပေသမားလည်းဖြစ်တယ်။ ပါးနပ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ ရည်ရွယ်ချက်လည်း ကြီးမှကြီး။ 

[ “ငါက တတိယအဆင့် ကီစုစည်းမှု အထွဋ်အထိပ်အဆင့်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ဆိုးတာက ငါ့အတွက် အသုံးတည့်တဲ့ ဆေးက င့ါမှာ မရှိသေးဘူး။ ပြီးတော့ မိစ္ဆာအမြူတေကိုလည်း အလွယ်တကူ မရနိုင်ဘူးလေ။ ပြီးတော့ တောင်နက်ကြီးဆီကိုလည်း သွားဖို့က အရမ်းကို အန္တရာယ်များတယ်” … သူလျှောက်လာနေရင်းနဲ့ အတွေးတစ်ခု ရသွားပါတယ်။
 
“အခု ငါ့ရဲ့ တာဝန်ကို ဝိဉာဉ်ကျောက်တုံးကို များနိုင်သမျှ များများစုထားဖို့ပါပဲ။ နောက် ငါ မိစ္ဆာအမြူတေ ရလာခဲ့တာနဲ့ ချက်ခြင်းကို ငါ့အဆင့်တွေ တက်လာလိမ့်မယ်။ ငါသာ ကီစုစည်းမှု ကျင့်စဉ်မှာ အဆင့်ငါးကို ရောက်လာခဲ့ရင် …..” 

သူ့မျက်လုံးတွေမှာ မျှော်လင့်ချက်တွေ တောက်ပလို့ နေပါတယ်။ ]

ရည်မှန်းချက်ကြီးတဲ့ မန်ဟို၊ သူရင်ဆိုင်ရတဲ့ အင်မော်တယ် ခရီးကြမ်းကလည်း ခပ်ကြမ်းကြမ်းပါပဲ။ အခြား တန်ခိုးရှင်တွေနဲ့ တိုက်ပွဲတွေကလည်း ရှုပ်ထွေးတယ်၊ ကြမ်းတယ်။ ဂျိနင်ပရိသတ်တွေ အကြိုက်ပါပဲ။ ဒီတော့၊ မန်ဟိုရဲ့ ခရီးစဉ်က ဘယ်လောက်ထိ ဖတ်လို့ကောင်းမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ ငွေကျပ် *၁,၀၀၀* ကျပ်တည်းဖြင့် ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts