ယနေ့အတွက် ဖတ်စရာကဏ္ဍ


“အပျင်းပြေဖတ်ဖို့ တာတေရဲ့ ရွှေဂူရှင်မနဲ့ အတည်ဖတ်ဖို့ ရသဝတ္ထုတိုများ စုစည်းမှု”

…..

[ သင်ဖတ်ဖို့ - ၁ ] 

ဒီနေ့မှာ ခပ်ပျင်းပျင်းဖြစ်နေလား၊ အလုပ်တွေ ရှုပ်နေလား၊ အပျော်ဖတ်ဖတ်ရင်း စိတ်ပြေလက်ပျောက်လည်းဖြစ်စေမယ့် စာအုပ်တစ်အုပ်ကို ပြေပြချင်တယ်။ အဲ့ဒါက စာရေးဆရာ ‘တာတေ’ ရဲ့ - ‘ရွှေဂူရှင်မ’ ။ ဒီတစ်ခေါက်တော့ တာတေရဲ့ မဖဲဝါကို ခဏအနားပေးထားတယ်ဗျ။ ခုစာအုပ်က ‘ရွှေဂူရှင်မ’ - သူမရဲ့ နာမည်က ‘နန်းကြာမုံ’ - ရွှေဂူရှင်မ နန်းကြာမုံပေါ့ ။ ဇာတ်လမ်းလေးက ဘယ်လိုများဖြစ်မလဲ ?

တာတေတစ်ယောက် သူ့ဘကြီးကို ကန့်တော့ဖို့ မြို့ကို တက်သွားတယ်။ အဲ့မှာ စတွေ့တာပါပဲ။ အစကတော့ ရိုးရိုးပဲ။ ဘကြီးနဲ့ တွေ့တယ်ပေါ့။ ဒါပေမဲ့ မြို့ပေါ် ဟိုသွားဒီသွားရင်း တစ်နေရာမှာ ‘ရသေ့အရူးကြီး’ တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက အခြားမဟုတ် - ဦးဘောဂ၊ တာတေနဲ့ တစ်ချိန်က ခင်မင်ရင်းနှီးခဲ့ဖူးတဲ့ ဦးဘောဂ ။ ခုတော့ ရသေ့အရူးကြီး ဦးဘောဂ။ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကြောင်းပြန် ဇာတ်လမ်းလေးပါပဲ။ ဒရမ်မာဇာတ်လမ်းချိုးလေးလည်း ပါတယ်။ ခပ်ဆန်းဆန်း အဖြစ်အပျက်တွေလည်း ပါတယ်။ ‘ရွှေဂူရှင်မ’ အပြင် ‘တောင်ပလဲကုန်း’ ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကိုလည်း ဖတ်ရဦးမယ်။

ဒါကြောင့် စာချစ်သူတို့လည်း အပျင်းပြေဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၂၀၀* တည်းနဲ့ ဝယ်ယူဖတ်ရှုနိုင်ပါပြီလို့ လက်တို့လိုက်ရပါတယ်နော်။

[ သင်ဖတ်ဖို့ - ၂ ] 

နောက်တစ်အုပ်ကတော့ ရသဝတ္ထုတိုစာရေးဆရာများ ကလောင်စုံ ပါဝင်ရေးသားထားတဲ့ - ‘ရိုးမအလင်္ကာ ဝတ္ထုတိုစုစည်းမှု’ ( ၂ ) ပဲ ဖြစ်တယ်။ မြန်မာစာပေလောကမှာ အရေးတကြီးဖြစ်နေတဲ့ ရသစာပေရေစီးကြောင်း ရှင်သန်စေရေး ထောက်ကူအားပြုလိုက်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာပေဆုများရှင် စာရေးဆရာကြီး ကျွန်းစဉ်မြေစောခက် ဦးစီးထုတ်ဝေတဲ့ ‘ရိုးမအလင်္ကာ ဝတ္ထုတိုများ’ စာအုပ်ဟာ ခုဆို အမှတ်စဉ် ( ၂ ) ရောက်ရှိလာပြီ။ အမှတ် ( ၁ ) မှာတုန်းကလည်း ရသဝတ္ထုတိုချစ်သူများကြား ‘ပေါက်’ ခဲ့သလို ခုစာအုပ်ကိုလည်း စာချစ်သူတို့ ကြိုက်နှစ်သက်ကြမှာပါ။

ပါဝင်ရေးသားထားတဲ့ စာရေးဆရာတွေကလည်း ဘာသာပြန်နှင့် ပင်ကိုရေး စာရေးဆရာကြီး မောင်ပေါ်ထွန်း၊ အမျိုးသားစာပေဆုရ စာရေးဆရာ ဖိုးကျော့၊ ပြီးတော့ အဏ္ဏဝါစိုးမိုး၊ ကပ္ပတိန်သာစိန်၊ ဗဂျီးကျော်၊ စာရေးဆရာမ မေလှိုင်းဖြူ၊ မွန် ( ကျောက်ဖြူ )၊ စာရေးဆရာ ဝေဟင်အောင်၊ အောင်ထက်ခိုင် ( စနဲ )၊ ခင်မောင်ဝင်း ( စစ်တွေ )၊ ညိုဘန်း ( လေးဝတီ )  …. စသူတွေ အပါအဝင် အခြား ရသဝတ္ထုတိုရေး ဆရာတွေ ပါဝင်ထားတာမို့ စာအုပ်အတွက် အထူးတလည် ညွှန်းစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ 

ဒီတော့ ၊ ဖတ်မယ်ဆိုရင် ဝန်ဇင်းမှာ ငွေကျပ် *၈၀၀* တည်းဖြင့် ဝယ်ဖတ်နိုင်ပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်။ 
………….
အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts