ဒီနေ့အတွက် ဖတ်စရာကဏ္ဍ


ကဲ … ဂျိနင်ကတော့ နိုင်သွားပြီ! ဒါဆို အင်မော်တယ် ကံကြမ္မာပြိုင်ပွဲရဲ့ အဖြေက ဘာဖြစ်ဦးမလဲ ? - ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ စာစဉ် (၁၇) မှာ အဖြေရှာလိုက်ပါ … ။

စာအုပ်အမည် - အင်မော်တယ် ကံကြမ္မာပြိုင်ပွဲရဲ့ အဖြေ
စာစဉ်အမှတ် - စာစဉ် (၁၇) / ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
ဘာသာပြန်စာရေးဆရာ - Dr – Panda

စာမြည်း ။	။ တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ပြီးဆုံးလာခဲ့ပါပြီ။ အင်ပါရီယာနန်းတော် ပွဲကြည့်စင်ထက်က ပရိသတ်တွေလည်း အသက်တောင် မရှူနိုင်ခဲ့ကြပါဘူး။ မိုးကောင်းကင်အလင်းရောင် နန်းတော်ကြီးရဲ့ ပင်မဧည့်ခန်းမှာ ရှိနေတဲ့ ကောင်းကင်အင်မော်တယ်တွေနဲ့ သန့်စင်သော ယန်အင်မော်တယ်တွေလည်း တိုက်ပွဲကို အာရုံစိုက် ကြည့်လို့နေပါတယ်။ သန့်စင်သော ယန်အစစ်အမှန် အင်မော်တယ်တွေက ကြည့်နေကြရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းကလည်း တာအိုဖခင်ကြီး သွေးနီက ပြိုင်ပွဲဝင်တွေထဲက တစ်ဦးကို တပည့်အဖြစ် လက်ခံပေးမှာ ဖြစ်နေလို့ပါ။ 

“၈ ခုမြောက် တိုက်ပွဲကတော့ မီးလျှံငယ်ကျန်းနဲ့ ရှင်တျန်းရှောင်တို့ပါ”

ဒါက လူတွေအားလုံး ဂရုတစိုက် ကြည့်နေကြတဲ့ တိုက်ပွဲတစ်ခုပါ။ အခု ပြိုင်ပွဲဝင် ၂၄ ဦးထဲမှာမှ လေးယောက်ကသာ တော်ဝင်အင်ပါရီယာကလန်ရဲ့ ရှမင်ဇီရှန်၊ ချန်းဝူကလန်ရဲ့ ချန်းဝူကျူး၊ မီးလျှံငယ်ကလန်ရဲ့ မီးလျှံငယ်ကျန်း၊ ရှင်တျန်းကလန်ရဲ့ ရှင်တျန်းရှောင်တို့ပါ။ သူတို့ လေးယောက်တည်းသာပါ။ ဒါကြောင့် အရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို ရှာဖွေရာ တွေ့လာရတာကတော့ ကမ္ဘာတစ်ခွင်လုံးမှာရှိနေတဲ့ ပါရမီရှင်တွေက ကလန်ကြီးလေးခုရဲ့ ပါရမီရှင်တွေထက် အဆပေါင်းများစွာ များလို့နေတာကို တွေ့ရမှာပါ။ 

-	ကဲ၊ ဂျိနင်ပရိသတ်တွေ … စာစဉ်အသစ်ထွက်ပြီနော်။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုလို့ရပါပြီနော်။ ဒါဆို အချိန်မဆွဲဘဲ ခုပဲ ဝယ်လိုက်တော့ဗျို့ … ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09969998500 မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Related Posts